Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-01 07:50:33
မတ်လ ၂ ရက်၊ ၂၀၂၂၊ ဗုဒ္ဓဟူးနေ့၊
သာမန်ကာလ(၈) ကြိမ်မြောက်သီတင်းပတ် 
Ash Wednesday (ပြာခံပွဲ) 
(ယောလ 2:12-18, Judson)Rev. Fr.Bosco Saw Lar Htoo
Posted by Sr.B.Myat Hnin Nwe(I.S.R.)

“12. သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။
13. အဝတ်ကို မဆုတ်ဘဲနှလုံးကို ဆုတ်လျက်၊သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘောရှိတော်မူ၏။14.သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအားဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရား သခင်သည် တဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်မမူမည်ကို အဘယ်သူသိနိုင်သနည်း။15. ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသောအချိန်ကိုခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသောအချိန်ကိုကြော်ငြာကြလော့။16.လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။အသက်ကြီးသော သူတို့ကို၎င်း၊ငယ်သောသူနှင့်နို့စို့သောသူတို့ကို၎င်း စုဝေးစေကြလော့။မင်္ဂလာဆောင်လုလင်သည်မိမိအခန်းထဲက၎င်း၊မင်္ဂလာဆောင်သတို့သမီးသည် မိမိကွယ်၍နေသောကုလားကာတွင်းက၎င်းထွက်စေ။17.ထာဝရဘုရား၏ အမှုတော်စောင့်၊ယဇ်ပုရောဟိတ်တို့သည်အိမ်တော်ဦးနှင့်ယဇ်ပလ္လင်စပ်ကြားမှာငိုကြွေးလျက်၊အိုထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။တပါးအမျိုးသားတို့သည်အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့်။သူတို့ ဘုရားသခင်ကား၊အဘယ်မှာရှိသနည်းဟုတပါးအမျိုးသားတို့သည် အဘယ်ကြောင့်ဆိုရကြပါသနည်းဟုလျှောက်ကြစေ။18.သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည်။” 
(၂ ကော 5:20 - 6:2)
“20.ထို့ကြောင့်ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၍ဘုရားသခင်သည်ငါတို့မှတစ်ဆင့် တို့ကိုမေတ္တာရပ်ခံ တော်မူ၏။ သင်တို့သည် ဘုရားသခင်နှင့် ပြန်လည်ကျေအေးသင့်မြတ်ကြ မည့်အကြောင်း ခရစ်တော်၏ကိုယ်စား ငါတို့တောင်း ပန်ပါ၏။21. ကိုယ်တော်သည် အပြစ်မရှိသောခရစ်တော်ကို ငါတို့အတွက်ကြောင့် အပြစ်ကိုခံထမ်းသူဖြစ်စေတော်မူခဲ့၏။ သို့မှသာ ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၌ဖြောင့်မတ်သူများဖြစ်လာကြပေလိမ့်မည်။1.ငါတို့သည် ကိုယ်တော်နှင့်အတူပါဝင်ဆောင်ရွက်သူများဖြစ်ကြသောကြောင့် သင်တို့သည်ဘုရားသခင်၏ ကျေးဇူးတော်ကိုအကျိုးမဲ့မခံယူကြရန် သင်တို့ကိုတောင်းပန်ပါ၏။2.အကြောင်းမူကားကိုယ်တော်ကငါသည် လက်သင့်ခံနိုင်သောအချိန်၌ သင်တို့ကိုနားညောင်း၍ကယ်တင်ခြင်း၏နေ့ရက်၌ သင်တို့ကိုကူညီခဲ့လေပြီဟု မိန့်တော်မူ၏ယခုအချိန်သည်ကား လက်သင့်ခံနိုင်သောအချိန်ဖြစ်၏။ဤယနေ့သည်ကား ကယ် တင်ခြင်း၏နေ့ရက်ဖြစ်၏။-” 
(မာတေဦး 6:1-6,16-18)
(အလှူပေးခြင်း)
“1.သင်တို့၏ကုသိုလ်ကောင်းမှုကို လူအများမြင်စေ ခြင်းငှာ၎င်းကိုသူတို့၏ရှေ့မျက်မှောက်တွင် မပြုလုပ်ရန်သတိပြုကြလော့။သို့မဟုတ်လျှင်သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့၏အဖထံတော်မှဆုကျေးဇူးမခံစားရဘဲရှိလိမ့်မည်။2.ထို့ကြောင့်သင်တို့သည် လှှူဒါန်းကြသောအခါလူတို့၏ချီးမွမ်းခြင်းခံရစေရန် တရားဇရပ်များနှင့်လမ်းများပေါ်တွင်လှူဒါန်း ကြသောသူတော်ကောင်းယောင်ဆောင် သူတို့ပြုလုပ်သကဲ့သို့ သင်တို့၏ရှေ့၌ တံပိုးခရာမမှုတ်စေ နှင့်။ သင်တို့အား ငါအမှန်ဆို သည် ကား ထိုသူတို့သည် မိမိတို့၏အကျိုးကိုရရှိကြလေပြီ။- 3. သင်တို့မူကား လှူဒါန်း ပေးကမ်းသောအခါ သင်တို့၏လက်ယာလက်ပြုသောအမှုကို လက်ဝဲလက်မသိစေနှင့်။4.ဤသို့ဖြင့် သင်တို့၏အလှူသည်မထင်မရှားရှိ၍ မထင်မရှားပြုမူသည့်အမှုတို့ ကို မြင်တော်မူသော သင်တို့၏အဖသည်သင်တို့အား ဆုကျေးဇူးပေးသနားတော်မူလိမ့်မည်။ 
(ဆုတောင်းခြင်း)
5.သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါလူတို့မြင်စေခြင်းငှာတရားဇရပ်များနှင့်လမ်းဆုံလမ်းခွများ တွင်ရပ်လျက် ဆုတောင်းခြင်းအမှုကိုပြုလိုကြသောသူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့မဖြစ်စေကြနှင့်။သင်တို့အားငါအမှန်ဆိုသည်ကားထိုသူတို့သည်မိမိတို့၏အကျိုးကိုရရှိကြလေပြီ။6.သင်တို့မူကား ဆုတောင်းသောအခါသင်တို့၏အခန်းတွင်းသို့ဝင်၍ တံခါးကိုပိတ် ပြီးမှ ဆိတ်ကွယ်ရာ၌ရှိတော်မူသောသင်တို့၏အဖထံသို့ဆုတောင်းလော့။ဆိတ်ကွယ်ရာ၌ ပြုမူသောအမှုကိုမြင်တော်မူသောသင်တို့၏အဖသည်သင်တို့အား ဆုကျေး ဇူးပေးသနားတော်မူလိမ့်မည်။” 
(အစာရှောင်ဝါရှောင်ခြင်း)
“16.သင်တို့သည် အစာရှောင်ခြင်းအမှုကိုပြုကြသောအခါသူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့မျက်နှာညှိုးငယ်ခြင်းမရှိစေ ကြနှင့်။အကြောင်းမူကား သူတို့သည်မိမိတို့အစာရှောင်နေကြသည်ကို လူအများမြင်စေခြင်းငှာ ညှိုးငယ်သောမျက်နှာအသွင်ကိုဆောင်ကြ၏။သင်တို့အားငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကိုရရှိကြလေပြီ။17.သင်တို့မူကား အစာရှောင်သောအခါသင်တို့၏ဦးခေါင်းကို ဆီလိမ်းကျံ၍သင်တို့၏မျက်နှာကိုသစ်လော့။18.သင်တို့အစာရှောင်နေသည်ကို လူတို့ မြင်စေရန်မဟုတ်ဘဲ မျက်စိနှင့်မမြင်နိုင်သော သင်တို့၏အဖမြင်စေရန်ဖြစ်၏။ ဆိတ်ကွယ် ရာ၌ပြုမူသောအရာ တို့ကို မြင်တော်မူသော သင်တို့၏အဖသည် သင်တို့အား ဆုကျေးဇူးပေးသနားတော်မူလိမ့်မည်။”***ထောက်ရှုချက်ဒီနေ့ဟာဝါကြီးဝင်သည် ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။ပြာခံပွဲလည်းဖြစ်ပါတယ်။ဝါရှောင်ချိုးခြံခြင်းကိုလည်းအထူးပြုလုပ်ရမည့်နေ့ရက်ဖြစ်ပါတယ်။ ဝါတွင်းကာလရဲ့ အဓိက ကျင့်စဥ်တွေကတော့ဆုတောင်းခြင်း၊ချိုးခြံဝါရှောင်ခြင်း၊အလှူပေးခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ယေဇူးသခင်က စစ်မှန်တဲ့စိတ်ထားနဲ့ဆုတောင်းခြင်း၊ချိုးခြံဝါရှောင်ခြင်း၊အလှူပေးခြင်းတွေပြုနိုင်ကြဖို့ကျမ်းစာတော်မှာသွန်သင်ညွန်ပြပေးတာဖြစ်ပါတယ်။ဧဝံဂေလိကျမ်းမှာသခင်ဘုရားသင်ကြားထားတဲ့အတိုင်းကျင့်ကြံဖို့ကြိုးစားကြပါစို့။

Daily Reflection