Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-02 16:56:24
       မတ်လ ၃ ရက် (ကြာသပတေးနေ့)
ရှင်လုကာ ၉ : ၂၂ -၂၅
Sr.ထရေးဇားမုဏ်း(I.S.R)
Posted by Sr.B.Myat Hnin Nwe(I.S.R)

၂၂။ လူသားသည် ဒုက္ခများစွာခံရပြီး သက်ကြီးဝါကြီးများ၊ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့၏ ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုခံရလိမ့်မည်။သူသည် သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။၂၃။ထို့နောက် ကိုယ်တော်က မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်စေ။မိမိလက်ဝါး ကပ်တိုင်ကိုလည်း နေ့စဉ်ထမ်းယူ၍ ငါ့နောက် သို့လိုက်စေ။၂၄။အကြောင်းမူကား မိမိအသက်ကို ကယ်ဆယ်လိုသောသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ငါ့အတွက် အသက်ဆုံးရှုံးသော သူသည် အသက်ကိုရလိမ့်မည်။၂၅။လူသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိကိုယ်မိမိဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။ခေတ်မီတိုးတက်နေသော မျက်မှောက်ခေတ်တွင် ပြဿနာများကို အကြမ်းဖက်သတ်ဖြတ်လုယက်ဖျက်ဆီးခြင်းများဖြင့် ဖြေရှင်းနေကြသောသူများကြောင့် ဒုက္ခပင်လယ်တွင် လက်ပစ်ကူးနေရသူများ၊ နစ်မြုပ်သူများပမာ  လောကသည်ငရဲကို ကျွန်ုပ်တို့ကြုံ​တွေ့​နေကြရပါသည်။ ဘေးလွတ်ရာသို့သွားရန် ပြောသောသူများကို “မသွားတော့ပါဘူးလေ၊ သူတို့ရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် တစ်တစီလွင့် မယ့်ခန္ဓာနဲ့ ဒီလောကအသက်အဆုံးသတ်ဖို့ ဘုရားအလိုရှိရင်လည်း ဘုရားရှေ့မှောက်ရောက်တဲ့အခါ သူ့ကိုစွာမှာပေါ့”ဟူ၍ ဖာသာရ်တစ်ပါးကိုပြောပြခဲ့ဖူးပါသည်။ထိုအခါ“ဘုရားရှေ့မှောက်ရောက်တဲ့အခါ စစ္စတာရ်ပျော်လွန်းလို့ စွာဖို့မေ့မှာပဲ၊ သတိရရင်တောင် ကိုယ်တော်ရှင်ခံရတာ တပည့်တော်ထက်ပိုဆိုးတယ်နောလို့ပြောမှာပဲ” ဟူ၍ပြန်ပြောခဲ့ပါသည်။ဘုရားရှင်​ရှေ့​မှောက်​ရောက်လျင် ထိုအတိုင်းဖြစ်မည်ကို လက်ခံယုံကြည်မိပါသည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ကိုယ်တော်ရှင်သည် ဒုက္ခများစွာခံရပြီး အသေသတ်ခြင်းခံရမည်ဖြစ်ကြောင်းနှင့် သုံးရက်မြောက်သောနေ့တွင် ပြန်ရှင်ထမြောက်မည့်အကြောင်း နှုတ်မြွက်ထားပါသည်။ဒုက္ခကိုနေ့စဉ်စားသုံးနေရသောကျွန်ုပ်တို့၊ စိုးရိမ်ထိတ်လန့်ခြင်းကိုအဖေါ်ပြုနေရသောကျွန်ုပ်တို့၊ ပိန်းပိတ်မှောင်သော ပစ္စုပ္ပါကိုဖြတ်ကျော်နေရသောကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့နေရသော ဤအဖြစ်အပျက်များသည် ဆုံးရှုံးမှုများနှင့် ယူကျုံးမရဖွယ်ရာများဖြစ်နေပါသည်။သို့သော် ယုံကြည်သူကျွန်ုပ်တို့အတွက်  မိမိ၏လက်ဝါးကားတိုင်ကို ထမ်း၍​နောက်​တော်သို့လိုက်ခြင်းပင်ဖြစ်​သော​ကြောင့် ကျွန်ုပ်တို့၏အတွင်းစိတ်သန့်သည်။ ဘုရားရှင်ပေးမည့် ကယ်နှုတ်ခြင်းနှင့်အတူ ထာဝရအသက်ရမည်ဖြစ်ပါသည်။ဘုရားရှင်၏ရှင်ပြန်ပြန်ရှင်ထမြောက်မည့်အကြောင်း နှုတ်မြွက်ထားပါသည်။ဒုက္ခကိုနေ့စဉ်စားသုံးနေရသောကျွန်ုပ်တို့၊ စိုးရိမ်ထိတ်လန့်ခြင်းကိုအဖေါ်ပြုနေရသောကျွန်ုပ်တို့၊ ပိန်းပိတ်မှောင်သော ပစ္စုပ္ပါကိုဖြတ်ကျော်နေရသောကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့နေရသော ဤအဖြစ်အပျက်များသည် ဆုံးရှုံးမှုများနှင့် ယူကျုံးမရဖွယ်ရာများဖြစ်နေပါသည်။သို့သော် ယုံကြည်သူကျွန်ုပ်တို့အတွက်  မိမိ၏လက်ဝါးကားတိုင်ကို ထမ်း၍​နောက်​တော်သို့လိုက်ခြင်းပင်ဖြစ်​သော​ကြောင့် ကျွန်ုပ်တို့၏အတွင်းစိတ်သန့်သည်။ ဘုရားရှင်ပေးမည့် ကယ်နှုတ်ခြင်းနှင့်အတူ ထာဝရအသက်ရမည်ဖြစ်ပါသည်။ဘုရားရှင်၏ရှင်ပြန်ထမြောက်ခြင်းနေ့ရက်ကို ကျွန်ုပ်တို့ဦးစွာခံစားရရှိမည်ဖြစ်သည်။

Daily Reflection