Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-04 07:04:04
    ပြာခံပြီးသောဗုဒ္ဓဟူးနေ့အလွန်၊စနေနေ့၏ကျမ်းစာထောက်ရူချက်
သံလုကာ ၅း၂၇-၃၂
✍ဖာသာရ်ကလဲမင့်အားတယ်✍
Posted by Sr.B.Myat Hnin Nwe(I S.R.)

လောက၌ အပြစ်မကျူးလွန်သူဟူ၍မရှိ။အပြစ်ကျူးလွန်ခြင်းသည် အသက်အရွယ်နှင်လည်းမဆိုင်ပါ။ရာထူးရာ ခံနှင့်လည်းမဆိုင်ပါ။အတန်းပညာ၊အတတ်ပညာနှင့်လည်းမဆိုင်ပါ။ဘာသာ တရားနှင့်လည်းမဆိုင်။ နေရာဒေသနှင့် လည်းမဆိုင်ပါ။လူတိုင်းအပြစ်ကျူးလွန်တတ်သည်။ အမှားလုပ်တတ်သည်။ အချို့အသက်အရွယ်ကြီးလာလေ၊ပို၍အပြစ်အမှားများကိုကျူးလွန်တတ်လာသည်။ရာထူးရာခံမြင့်လာလေပို၍  အပြစ်ကျူးလွန်တတ်သူများရှိသည်။ပညာပိုတတ်၊အတွေ့အကြုံပိုရှိလျှင် ပို၍လိမ်လည်ကောက်ကျစ်တတ်သည်။ ဘာ သာတရားပိုရှိဟန်ဆောင်ခြင်းဖြင့် အချို့သောသူတို့အတွက် မိမိ၏အမှားများကိုအကာအကွယ်ယူရန်အခွင့် အရေးကောင်းဖြစ်နေတတ်သည်။နောင်တတရားစွဲရန်မလိုသူဟူ၍ အဘယ်သူမျှမရှိ။ဘုရားသခင်ပင်လျှင် ဆိုးသွမ်းယုတ်မာလွန်းသောလူသားတို့၏အပြစ်ကိုမြင်၍ ၄င်းတို့ကိုဖန်ဆင်းခဲ့သည်ကို နောင်တရတော်မူ၏ဟုဆိုပါသည်။ (ကမ္ဘာဦးကျမ်း ၆း၆)မှုပြုသို့သော်ဘု ရားသခင်၏ နောင်တသည် ကျွန်ုပ်တို့လူသားများ၏နောင်တနှင့်မတူပေ။ဘုရားသခင်၏ နောင်တသည် ကောင်းမှုကိုပြုခဲ့ သော်လည်း လူတို့၏အလွှဲသုံးစားပြုခြင်းကြောင့် အဆိုးဖြစ်သွားရခြင်းဖြစ်သည်။ ဘုရားသခင်သည် အဆိုးဖြစ်ရန်ရည် ရွယ်၍ဖန်ဆင်းခြင်းမဟုတ်။ထို့အတူ ဘုရားသခင်၏လုပ်ရပ်သည်ပင်လျှင်မကောင်း မှုမဟုတ်ပေ။လူတို့၏နောင်တကား မြစ်တားထားသည်ကိုသိပါလျှက် ကျူးလွန်ဖောက်ဖျက်ခြင်းကြောင့်ရသောနောင်တဖြစ် သည်။ယနေ့ဖတ်ရူသော ဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်သည် အခွန်ခံရုံး၌သူ၏တာ၀န်ကိုထမ်းဆောင်နေသောအခွန်ခံ’ဟူ၍ လည်း ကောင်း၊ ‘လေ၀ိ’ဟူ၍လည်းကောင်းဧ၀ဂေလိကျမ်းစာ၌ ဖော်ပြခံရသော ‘မာတေဦး’ကိုသူ့နောက် လိုက်ရန်ခေါ်ခြင်းဖြစ်သည်။ယေဇူးသခင်၏နောက်လိုက်ခြင်းနှင့်နောင်တတရားအဘယ်သို့ဆိုင်ပါသနည်း။နောင်တရားကို ဆပ်ဖြေခြင်းအားဖြင့်လည်းကောင်း၊ အကျင့်၊အသက်တာပြုပြင်ပြောင်းလဲခြင်းအားဖြင့်လည်းကောင်း၊ စွန်လွှတ်ငြင်းပယ်ခြင်းအားဖြင့် လည်းကောင်း ရယူနိုင်သည်။ယေဇူးသခင်သည် မာတေဦးကိုခေါ်ရာ၌ ဂျူးဘာသာရေးအသိုင်းအ၀ိုင်းများ၊ဂျူးလူမှုအ သိုင်းအ၀ိုင်းများစွပ်စွဲပြောဆိုနေသည်အပြစ်ရှိဆိုသည်ကိုလက်မခံကြောင်းပြသရန်မဟုတ်။ယေဇူးသခင်ကိုယ်တော်တိုင်ပင်အပြစ်ရှိသူများအားခေါ်ရန်လာကြောင်းအတိအလင်းမိန့်ကြားထားသည်။မာတေဦးသည်အပြစ်ရှိကောင်းရှိမည်။သို့သော် ခေါ်ယူပြုပြင်ပေးသူရှိရမည်။ဂျူးဘာသာရေးခေါင်းဆောင်များသည်အပြစ်သာတင်၊ဝေဖန် ‌ရုံသာပြုသည်။၄င်းတို့နှင့်ရင်းနှီးကျွမ်း၀င်အောင်ပြုလုပ်ပြီးဘုရားသခင်၏ တရားတော်နှင့်လွဲမှားချွတ်ချော်နေသည်ကိုပြုပြင်ပေး ရန်လုံး၀မကြိုးစားပေးခဲ့ပေ။မာတေဦးသည်ယေဇူးသခင်၏ခေါ်သံကိုကြားသည်နှင့်ချက်ချင်းထ၍နောက်လိုက်သွားနိုင်သည်မှာသူ့အားခေါ်ယူပြုပြင်ပေးမည့်သူရှိလျှင်ပြုပြင်ပြောင်းလဲယူရန်အသင့်ရှိနေသည့်ကိုပြသခြင်းဖြစ်သည်။ သူသည် သူ့အားခေါ်မည့်သူကိုမျှော်နေရှာသူဖြစ်သည်။ယေဇူးသခင်နှင့်ဆုံမှသူ၏မျှော်လင့် ချက်ပြည့်၀သွားခဲ့သည်။သင်နှင့်ကျွန်ုပ်တို့ ယေဇူးသခင်အားနေ့စဉ်ရွတ်ဖတ်ပူဇော်သောဆု တောင်းမေတ္တာများ၊နေ့စဉ်ခံယူနိုင်သော စက္က ရာမင်တူးများ၊နေ့စဉ်ဖတ်ရူသောနှုတ်တော်ထွက်စကားများ၊နေ့စဉ်လုပ်ဆောင်သောအမှုကြီးငယ်များ၊နေ့စဉ်ပေါင်းသင်းဆက်ဆံနေရသောသူများအားဖြင့်ယေဇူးသခင်၏နောက်သို့လိုက်ရန်၊သူ၏ပြုပြင်ပုံသွင်းကိုခံယရန်ဖိတ်ခေါ်ခံနေရပါသည်။အခွန်သူဖြစ်ပြီး၊အပြစ်ရှိသူဟုသတ်မှတ်ခံရသော မာတေဦးကဲ့သို့ ကျွန်ုပ်တို့အားခေါ်မည့်သူကိုမျှော်လင့်နေမိပါ သလော။

Daily Reflection