Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-05 08:56:46
ဝါတွင်းပထမတနင်္ဂနွေနေ့ (C)
</div>
    
    	<div class=

နှစ်စဉ်ဝါတွင်းပထမတနင်္ဂနွေနေ့မှာ ယေဇူးရှင်က နတ်ဆိုးရဲ့နှောက်ယှက်ခြင်းအား ခံရတော်မူခြင်းကျမ်းကို ဖတ်ရှုဆင်ခြင်ကြရပါတယ်။ တကယ်တော့ ဘုရားရှင်ယေဇူးက ဒီနှောက်ယှက်ခြင်းသုံးမျိုးကို တောကန္တာရထဲမှာ ဆက်တိုက်တွေ့ကြုံရင်ဆိုင်ခဲ့ရတာထက် သူ့ရဲ့သာသနာပြုခြင်းအမှုတော်ထမ်းဆောင်တဲ့ သုံးနှစ်တာအတွင်းမှာ ရင်ဆိုင်ကျော်လွှားခဲ့ခြင်းဖြစ်ကြောင်း ကျိုးကြောင်းဆီလျော်စွာ လေ့လာသုံးသပ်နိုင်ပါတယ်။နတ်ဆိုးရဲ့ပထမနှောက်ယှက်ခြင်းက “သင်သည်ဘု ရားသခင်၏သားတော်ဖြစ်လျင်ဤကြောက်ခဲ့ကိုပေါင်မုန့်ဖြစ်စေရန်အမိတ့်ပေးပါလို့ကိုယ်တော်အားဆိုခဲ့တယ်။ကိုယ်တော်ရှင်ကတော့ ၎င်းကို အမိန့်ပေးပြီး လုပ်ဆောင်နိုင်ပေမဲ့ စိတ်အလိုကို မလိုက်လျော့ ခဲ့ပါဘူး။လူအများစုကငွေ၊ ပစ်စည်းဥစာကြွယ်ဝမှုအပေါ်တပ်မက်စိတ်နဲ့ ရှာဖွေသိုမှီးထားတတ်ကြတယ်။ခုလို လုပ်ဆောင် နေတောကမိမိဘဝမလှုံခြုံမှုကို ပြသနေတောပဲ။ဘုရားရှင်ယေဇူးရဲ့ ‘မိုက်မဲသောသူဌေး’ ပုံဥပမာတရားမှာ “ငါ၏ကျီများကိုဖြည့်ကြ၍ ပိုကြီးမားသောကျီများကိုတည်ဆောက်လျက် ငါ၏အသီးအနှံများနှင့် ဥစ်စာရှိသမျတို့ကို ငါသိုလှောင်မည်။သောက်စားလျက်ပျော်ရွင်စွာနေမည်။ လို့တွေးတောကြံစည် နေသူကို ဘုရားရှင်က  “အသင်လူမိုက်၊ ဤည၌ သင်၏ဝိညာဉ်ကို သင့်ထံမှ ပြန်တောင်းလိမ့်မည်။ ထိုအခါသင်စုဆောင်းထားသောအရာများသည် မည်သူ့အတွက်ဖြစ်မည်နည်း။ လို့ သူ့ကို သတိပေးမိန့်ဆိုခဲ့လေတယ်။ယေဇူးရှင်က ဒီပထမဆုံးသောနှောက်ယှက်ခြင်းမှာ “လူသည် အစားအစာအားဖြင့်သာမဟုတ်၊ဘုရားသခင်ရဲ့နုတ်တော်မြွတ်စကားအားဖြင့်လည်း အသက်ရှင်ရမည်” လို့ နတ်ဆိုးကို ပြန်လည်ချေပခဲ့ပါတယ်။ ရှင်ပေါလူးက “နှုတ်တော်မြွတ်စကားသည်သင်၏အနီး၌ လည်းကောင်း၊ ‘သင်၏နှုတ်ဖျား’ နှင့် ‘သင်၏စိတ်နှလုံး၌’ လည်းကောင်းရှိ၏၊ လို့ မိန့်ဆိုထားတဲ့အတိုင်း မိမိတို့လည်း နတ်ဆိုးကို တုန့်ပြန်ရင်ဆိုင်နိုင်ကြဖို့ နူတ်ကပတ်တော်နဲ့ အမြဲယှဉ်တွဲလို့ အသက်ရှင်ကြရမယ်။ ဒုတိယအကြိမ်နှောင့်ယှက်ခြင်းမှာ နတ်ဆိုးက လောကတိုင်းနိုင်ငံအပေါင်းကို ညွှန်ပြပြီး ယင်းအရာအားလုံးအပေါ်အစိုးရခြင်းနဲ့ ဘုန်းစည်းစိမ်ကို ပိုင်ဆိုင်ချင်ရင် သူ့ကိုရှိခိုးဖို့ သွေးဆောင်ခဲ့ပါတယ်။ ဘုရားရှင်ယေဇူးက အာဏာရှင်ဖြစ်ခွင့်ကို လုံးဝကန့်ကွက်ရှုတ်ချပြီး“ဘုရားရှင်ကိုသာ ရှိခိုးကိုးကွယ်ရမယ်၊ အစေခံရမယ်”လို့ ပြန်လည်ချေပခဲ့ပါတယ်။တစ်ပါးသူကို အနိုင်ယူချင်ယူပါ၊ အနိုင့်မကျင့်ပါနဲ့။ မေတ္တာရှင်များ ဖြစ်ကြပါ၊အာဏာရှင်များ အလိုမရှိ။ အာဏာရှင်တွေက အကြမ်းဖက်နည်းလမ်းကို စွဲကိုင်ကြတယ်။ထိခိုက်နာကျင်အောင်၊ ပျက်စီးဆုံးရှုံးအောင် မကသေးဘဲ သေဆုံးအောင်သာ ကြမ်းကြုတ်လုပ်ဆောင်တတ်ကြတယ်။တစ်ပါးသူဘဝ၊ဂုဏ်သိက္ခာတွေကို ခုတုံးလုပ်ချနင်းတတ်ကြတယ်။ဘုရားရှင်ယေဇူးရဲ့“သင်တို့ထဲတွင်ကြီးမြတ်လိုသောသူသည်သင်တို့၏အစေခံဖြစ်ရမည်၊” လို့ မိန့်မြွက်ပေးခဲ့တဲ့စကားကိုမိမိတို့အားလုံး အမြဲအလေးထားဆင်ခြင်ရပါမယ်။တစ်ခါထပ်ပြီး နတ်ဆိုးက ယေဇူးရှင်ကို “သင့်ကိုယ်ကို ဤဗိမာန်တော်ထိပ်ဖျားမှ အောက်သို့ ပစ်ချပါလော့။ သင်၏ခြေကို ကျောက်ခဲတစ်လုံးနှင့်မျှ မထိခိုက်စေခြင်းငှါ ကောင်ကင်တမန်တော်တို့သည် သင့်ကို လက်ဖြင့်ချီပင့်ထားကြလိမ့်မည်၊ “ လို့ ပြောလိုက်တာကို “သင်၏အရှင် ထာဝရဘုရားသခင်ကို စုံစမ်းခြင်းမပြုရ” လို့ တုန့်ပြန်ခဲ့ပါတယ်။မျက်မှောက်ခေတ်ကြီးမှာလူတွေဘုရားရှင်ကို စုံစမ်းခြင်းပြုနေကြတယ်။ခေတ်ပေါ်နည်းပညာအသုံးအဆောင်တွေကကောင်းတယ်။အကျိုးပြုတယ်။လူ့အဆင့်အတန်းကိုမြှင့်တင်ပေးတယ်။ ဒါပေမဲ့ လူတွေကမိမိတို့ရဲ့ ပညာ၊အစွမ်းအစ၊ ကြွယ်ဝပြည့်စုံမှုတွေကိုမှီခိုလာကြပြီးဘုရားရှင်ကိုချောင်ထိုးပယ်ထားနေကြတယ်။ဖန်ဆင်းခံလူကဖန်ဆင်းရှင်ဘုရားရဲ့နေရာကိုလုယူချင်နေကြတယ်။တကယ်တော့လူ့ပညာ/သိပ္ပံအတတ်တွေဘယ်လောက်ဘဲအံ့မခမ်းဖြစ်နေပါစေ ဘုရားရှင်နဲ့ ယှဉ်ရင် ခြေတစ်လှမ်းနောက်ကျစမြဲပါ။ မိမိတို့ရဲ့ဉာဏ်ကွန့်မြူးမှုထက် ဘုရားရှင်ကသာလွန်ပြီး မစုံးစမ်းရပါ။လောကမှာ စုံစမ်းနှောက်ယှက်ခြင်းဆိုတာဘာလဲ။ဘယ်လဲ။လက်သမားရုံမှာပရိဘောဂအကြမ်းထည်တွေကိုကော်ဖတ်နဲ့ တိုက်စားပြီး ချောမွေ့လာတဲ့မျက်နှာပြင်တွေမှာ ဆေးရောင်စုံခြယ်သလို့ လှပသစ်လွင်သွားတဲ့ဗီဒို၊စားပွဲနဲ့ထိုင်ခုံ၊စင်အမျိုးမျိုးဟာပြခန်းမှာဖြစ်စေ၊အိမ်သစ်တွေမှာဖြစ်စေ သယ်ဆောင်ထားရှိကာ အသုံးပြုတတ်ကြတယ်။ တနည်းအားဖြင့်လည်းဘုရားသခင်ကသူ့ရဲ့စံအိမ်တော်ဖြစ်တဲ့ ကောင်းကင်နိုင်ငံတော်မှာဝင်ရောက်နေရာယူကြမဲ့လူတွေကိုလည်းစုံစမ်းနှောက်ယှက်ခြင်းကော်ဖတ်ကြီးနဲ့တိုက်စားချောမွေ့အောင် လုပ်ဆောင်ပြီး ကျေးဇူးတော်ဆေးပန်းချီရေးခြယ်လို့ ယူဆောင်မြတ်နိုးပါလိမ့်မယ်။


Daily Reflection