Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-07 08:31:57
      ၀ါတွင်းကာလ ပထမပတ်အဂ်ါနေ့၏ကျမ်းစာထောက်ရူချက်
သံမာတေဦး ၆း၇-၁၅၊ 
ဖာသာရ် ကလေးမင်းအားတယ်
Posted by Sr.B.Myat Hnin Nwe(I.S.R.)

 ဆုတောင်းတတ်သူများအဖို့ အလွန်လွယ်သော ၀ိညာဉ်ရေး၀တ္တရားတစ်ပါးဖြစ်သည်။ဆုတောင်းတတ်သူအဖို့ဆုတောင်းခြင်းကိုရှည်သွားမည်ကိုလည်းမပူရ။တိုသွားမည်ကိုလည်းတွေးနေရန်မလို။ဆုတောင်းသည့်အခါ မှားမည်လောဟုလည်းစိုးရိမ်ရန်မလို။ဆုတောင်းခြင်းကို လွတ်လပ်ပျော်ရွှင်စွာ၊ စိတ်အားထက်သန်စွာ၊ စိတ်ပါ၀င်စားစွာပြု ကြသည်။ဆုမတောင်းတတ်သူများသည် ဆုတောင်းရသည်ကို အလွန်ပူပန်တတ်ကြသည်။ အဘယ်သို့ဆု‌တောင်းရမည်၊ မည်သည့်အချက်အလက်များထည့်သွင်းရမည်၊ တိုလွန်းလေမလား၊ ရှည်လွန်းလေမလား၊မည်သည့်အချိန်၊မည်သည့်နေရာ၊အဘယ်သို့သောကိုယ်နေဟန်ထားများဖြင့်ဆုတောင်းရမည်တို့ကိုတွေး၍ပူနေတတ်သည်။အချို့ကား ဘာမျှမလို၍ ဘာဆုမှတောင်းရန်မလိုဟုဆိုတတ်သော ပညာမဲ့လူမိုက်များလည်းရှိသည်။ ထိုသို့ပြော ဆိုနေသည်မှာသူ၌စိတ်ပိုင်းဆိုင်ရာ၊၀ိညာဉ်ပိုင်းဆိုင်ရာကျန်းမာခြင်းလိုအပ်နေပေပြီ။ဤသို့ပြောဆိုသောသူသည် စိတ်လွတ်နေပြီ။လူတိုင်းသည် စက္ကန့်မလပ် ဆုများလိုအပ်သည်။အသက်ရူရန်လေ၊သောက်ရန်ရေ၊အစားအစာများသည်လူတို့နေ့စဉ်ဘ၀၌ မရှိမဖြစ်အခြေခံလိုအပ်ချက်များဖြစ်သည်။ထို့ကြောင့်လည်းယေဇူးသခင်သည် သူ၏တိုတောင်းလှ သောဆုတောင်းမေတ္တာဖြစ်သည့် ‘ကောင်းကင်ဘုံ’ ဆုတောင်းမေတ္တာ၌ပင်လျှင် အစားအစာနှင့်ပတ်သက်၍ ‘နေ့စဉ်မ ပြတ်လိုအပ်သောအစားအစာ’ ကိုပေးသနားရန်ထည့်သွင်းဆုတောင်းထားသည်။ဆုတောင်းခြင်းအဘယ်မျှအရေးသည်၊မကြီးသည်ကိုယေဇူးသခင်ကိုကိုယ်တိုင်ဆု‌တောင်းရန်သင်ကြားသည် ကိုကြည့်ခြင်းဖြင့်သိနိုင်သည်။ဆုတောင်းရာ၌ထားရှိရမည်စိတ်နေသဘောထားကား မိသားစုစိတ်ဓာတ်၊ညီအစ်ကို မောင်နှမစိတ်ဓာတ်မွေးရန်ဖြစ်သည်။ဆုတောင်းမေတ္တာ၏အစ၌`ကောင်းကင်ဘုံ၌ ကိန်း၀ပ်တော်မူသော ကျွန်ုပ်တို့၏ အဖ’ ဟုအချီထားသည်ကိုဆင်ခြင်လျှင်သိနိုင်ပါသည်။ထိုသို့မိသားစုစိတ်ဓာတ်မွေးနိုင်ခြင်း၊ညီအစ်ကိုမောင်နှမစိတ်မွေးနိုင်ခြင်းသည်ဘုရားသခင်၏နိုင်ငံတော်ဖြစ်သည်။ ထိုနိုင်ငံတော်ကြီးကို မြေပေါ်၌လည်းပြည့်စေရန်မှာဘုရားသခင်၏အလိုတော်ဖြစ်သည်။ဆုတောင်းသူသည် လောဘလည်းကင်းသည်။ ယေဇူးသခင်သည် ‘နေ့စဉ်မပြတ်လိုအပ်သလောက်သာပေးရန်’သင်ကြားထားသည်။ဆုတောင်းသူသည် အငြိုးအတေးများလည်းကင်စင်သည်။ခွင့်လွတ်နိုင်သည်။အပြစ်လည်းကင်စင်ပြီး၊မပြစ်မကောင်းမှု၊နှောက်ယှက်ခြင်းများမှလည်းရုန်းထွက်နိုင်သည်။မပါ၀င်ရန်အမြဲသတိရှိသည်။ (သံမာတေဦး ၂၆း၄၀-၄၁)   
           ဆုတောင်းခြင်းသည် အချိန်ဖြုန်းသည်၊ ကိုယ်လုပ်မှကိုယ်ရသည်ဖြစ်၍ ဆုတောင်းရန်မလိုဟု ဘာသာရေးအတွေးချောနေသူများအဖို့လည်းဆုတောင်းပေးကြစို့။ကျွန်ုပ်တို့ကိုယ်တိုင်လည်း အကျိုးရှိပြီး၊ ထိရောက်စွာဆုတောင်းကြ ပါစို့။     

Daily Reflection