၀ါတွင်းကာလ ပထမပတ် ဗုဒ္ဓဟူးနေ့၏ကျမ်းစာထောက်ရူချက်
သံလုကာ ၁၁း၂၉-၃၂
ဖာသာရ် ကလေးမင်းအားတယ်
Posted by Sr.B.Myat Hnin Nwe(I.S.R.)
ဘုရားသခင်သည် ကမ္ဘာကြီးကို (၆) ရက်တာအချိန်ယူ၍ဖန်ဆင်းခဲ့သည်။ထိုသို့ဖန်ဆင်းရာတွင် ဘာမျှမရှိသော နထိအခြေအနေမှ သူ၏စေတစ်လုံးဖြင့် အလင်းနှင့်အမှောင်၊ မိုးကောင်းကင်၊ ကုန်းနှင့်ရေ၊ အပင်အမျိုးမျိုး၊ နေ့ည၊နေ၊လ၊ကြယ်၊ နက္ခ၊တိရစ္ဆာန်အမျိုးမျိုးနှင့်နောက်ဆုံး၌ လူကိုဖန်ဆင်းခဲ့သည်။ဘုရား သခင်သည် ဤဖန်ဆင်းခြင်းလုပ်ငန်း၌ပင်လျှင် ‘စေတစ်လုံးပိုင်ရှင်’ဖြစ်နေသော်လည်းလူကိုမဖန်ဆင်းမည်အချိန်အထိ ဖန်ဆင်းသောဖန်ဆင်းခံများကိုမူ ‘စေ တစ်လုံး’ တည်းဖြင့်ဖန်ဆင်းခဲ့၏။လူကိုဖန်ဆင်းရာ၌မူ ‘စေတစ်လုံး’ ကိုအပြည့်အ၀မသုံးတော့ပေ။ အဘယ်ကြောင့်ဆို သော် လူသည် မြေမှုန့်မှပြုလုပ်ခဲ့သည်။မြေကြီးကိုဘုရား သခင်သည် အစောပိုင်းရက်က ဖန်ဆင်းပြီးဖြစ်သည်။လူကိုဖန် ဆင်းရာ၌ဘုရားသခင်သုံးသောသူ၏ ‘ဘုန်း’ကား ဇီ၀အသက်ကိုမှုတ်သွင်းလိုက်ခြင်းသာဖြစ်သည်။ဘုရားသခင်သည် ဖြစ်နိုင်သမျှ သဘာ၀တရားကိုအခြေခံ၍သာ သူ၏ဘုန်းတော်ကိုထင်ရှားပြလိုသည်။ထူးဆန်းအံ့ဩဖွယ်ရာများကိုထုတ် ဖော်ပြသ၍လူတို့ကို အံ့ဩဘွယ်ရာနန်းဖြစ်စေရန်မကြံစည်။ဘုရားသခင်သည် သူ၏ ‘ဘုန်း’ ကိုလိုအပ်မှသာသုံးသည်။ အလွဲ သုံးခြင်းလုံး၀မပြု။ ရက်ပေါင်း (၄၀) မိုးရွာ၍ ရေလွှမ်းမိုးခြင်း၌လည်း ဘုရားသခင်သည် ‘စေတစ်လုံး’ ကိုမသုံးခဲ့။မိုးသည်း၊မိုးဖွဲ၊ မိုးမ စဲအောင်ရွာသွန်းစေပြီးမှရေများတရိပ်ရိပ်တက်လာစေကာ လွှမ်းမိုးသွားစေခဲ့သည်။မိုးချက်ချင်းရွာစေ။ဆိုးသွမ်းနေ သော လူသားများနေထိုင်ရာဒေသကိုလွှမ်းစေဟု အမိန့်မပေးခဲ့။နောဧ၏ ဧရာမသင်္ဘောတည်ဆောက်ရာ၌ လည်း ဘုရားသခင်သည်‘စေတစ်လုံး’ဖြင့်အောင်မလုပ်ခဲ့။သင်္ဘောတည်ဆောက်ရန် လိုအပ်သောပစ္စည်းများကို အချိန်ယူတည် ဆောက်စေခဲ့သည်။ထိုသို့တည်ဆောက်စေခြင်းအားဖြင့်လည်းဘုရားသခင်၏ဘုန်းတော်ကိုအလွန်ရိုးရှင်းသောနည်းလမ်းဖြင့် ထင်ရှားပြနိုင်သည်။နောဧသည် သူ၏ပတ်၀န်းကျင်မှလူတို့၏ဝေဖန်ထိုးနက်မှုမည်မျှရှိနေစေကာမူ ထိုမျှကြီးမားသော ဧရာမသဘော်ကြီးကို အခက် အခဲများကြား မှ စိတ်ဓာတ်မကျဘဲ ပြီးစီးအောင်တည်ဆောက်နိုင်ခြင်း၊တည်ဆောက်ပြီးစီးသွားသောအခါ နောဧမှတဆင့် ဘုရား သခင်၏ဗျာဒိတ်တော်သည်ပြည့်စုံလာသည့်အကြောင်းတို့သည် ဘုရားသခင်၏ တန်ခိုး အာနုဘော်ပင်ဖြစ်သည်။အဘယ်ကြောင့် ဆိုသော် နောဧအနေဖြင့် အနာဂတ်၌ထိုသို့သော ကြံမ္မာဆိုးငင်လာမည်ကို သူ့ဉာဏ်သက်သက်ဖြင့်ဆိုလျှင် မည်သို့မျှမဖြစ် နိုင်။ယခုနှစ်၏ ၀ါတွင်းကာလ ပထမပတ်တနဂ်နွေနေ့ ဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်သည် နတ်ဆိုး၏မခံချိ မခံသာဖြစ်အောင် ‘သင်သည်ဘုရားသခင်၏ သားတော်မှန်လျှင် ဟုအစချီ၍ မြောက်ပင့်သလို နှင့်ယေဇူးသခင်အားနှောက်ယှက်ခြင်းသို့တွန်းပို့ရန်မြူဆွယ်ခဲ့သည်။ယေဇူးသခင်၏ နေရာ ၌ ထုတ်သုံးသောတန်ခိုးကား နတ်ဆိုး၏ တောင်း ဆိုချက်တိုင်းကို သက်သေထူပြခြင်းဖြင့်မဟုတ်ပေ။ထိုသို့မူဆွယ်လာသည်ကို ဘုရားသခင်၏ နှုတ်တော်ထွက်စကားဖြင့် ခုခံကာကွယ်နိုင်သည့်တန်ခိုးကိုထုတ်သုံးခဲ့သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ဘုရားသခင် ၏ နှုတ်တော်ထွက်စကားကို အဘယ်မျှဖတ်ရူကြသော်လည်း အသက်၀င်လာအောင်မကြိုးစားသောကြောင့် တန်ခိုးမရှိဟုခံစားကြသည်။ယနေ့ဖတ်ရူပူဇော်သော ဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်အား ကောင်းကင်မှတန်ခိုးတစ်ခုခုကိုပြရန် အတင်းအ ကြပ်တောင်းဆိုနေသောသူတို့အား နိမိတ်လက္ခဏာမပြခဲ့။အဘယ်ကြောင့်ဆိုသော် ၄င်းတို့၌ ဘုရားသခင်ကိုအမှန်တ ကယ်ယုံကြည်လျှင် ထိုသို့ပင်တောင်းဆိုရန်မလို။ ထိုသိုတောင်းဆိုခြင်းသည် ဘုရားသခင်ထံ၌ ယုံကြည်ခြင်းမရှိကြောင်း ကို ၄င်းတို့ကိုယ်တိုင်၀န်ခံနေခြင်းဖြစ်သည်။အဘယ် ကြောင့်ဆိုသော်ရောယောန၏အဖြစ်အပျက်ကို ၄င်းတို့ကောင်းစွာ သိသည်။ပရောဖက်ငါးကြီး၀မ်းတွင်း၌နေခဲ့ရသောရက်ပေါင်းနှင့်နီနေဗေမြို့သားတို့၏ယုံကြည်ခြင်း၊နှိမ့်ချခြင်း၊ ထာ၀ရဘုရားအဘယ်သူဖြစ်သည်ကိုမသိကြသော်လည်း ဟောကြားသောစကားသည် အမှန်တရားများဖြစ်၍လူမူကျင့်၀တ်နှင့် လည်းကိုက်ညီသောကြောင့် ၄င်းတို့၏ ဒုစရိုက်လမ်းစဉ်မှနောင်တယူပြောင်းလဲလာခဲ့ကြသည်မှာ ယေဇူးသခင်အား နိမိတ် လက္ခတောင်းခံနေကြသူများအဖို့ အလွန်တန်ဖိုးရှိလှသောသင်ခန်းစာပင်ဖြစ်သည်။ နိမိတ်လက္ခဏာသည် ယုံကြည်ခြင်း မျက်စိ၊ တရားအကြည့်ဖြင့်ကြည့်မှသာ မြင်ေတွနိုင်သည်။ နိမိတ်လက္ခဏာကို တောင်းဆိုလွန်းခြင်း၊မျှော်လွန်းခြင်းသည်မိမိ၏ယုံကြည်ခြင်းအသက်မရှိခြင်း၊သို့မဟုတ် အားယုတ်နေခြင်းကိုပြသည်။ယုံကြည်ခြင်းသာရှိလျှင် နေစဉ်နှင့်အမျှ သင်ယူစရာအဖြစ် သတိပေးနေသော နိမိတ်လက္ခဏာများစွာ ကျွန်ုပ်တို့၏ လူမှု၀န်းကျင်၌ဖြစ်ပျက်လျှက်ရှိပါသည်။
အိုသခင်၊ တပည့်တော်တို့၏ယုံကြည်ခြင်းကိုတိုးလာစေတော်မူပါ။