၀ါတွင်းကာလ ပထမပတ် ကြာသပတေးနေ့၏ကျမ်းစာထောက်ရုချက်
မာတေဦး ၇းရ-၁၂၊
Rev. Fr.ကလေးမင်းအားတယ်
Posted by Sr.B.Myat hnin Nwe (I.S.R.)
ဆုတောင်းခြင်းသည် ဘုရားသခင်ကိုအမိန့်ပေးရန်မဟုတ်။ဆုတောင်းခြင်းသည်ဘုရားသခင်ကိုအကြပ်ကိုင်ရန်မဟုတ်။ဆုတောင်းခြင်းသည် အားကိုးခြင်းကိုပြသည်။ဆုတောင်းခြင်းသည် ယုံကြည်မှုကိုပြသည်။ဆုတောင်းခြင်းသည် နှိမ့်ချခြင်းကိုပြသည်။ဆုတောင်းခြင်းသည် လိုအပ်မှုကိုပြသည်။ဆုတောင်းခြင်းသည် စည်းလုံးမူကိုပြသည်။ဆုတောင်းခြင်းသည် လေးစားမူကိုပြသည်။ဆုတောင်းခြင်းသည် ဇွဲရှိကြောင်းကိုပြသည်။ဆုတောင်းခြင်းသည် ကုသခြင်းဖြစ်သည်။ဆုတောင်းခြင်းသည် သန့်စင်ခြင်းဖြစ်သည်။ဆုတောင်းခြင်းသည် စိတ်ထားကိုမှန်ကန်အောင်ပြုပြင်ခြင်းဖြစ်သည်။ဆုတောင်းခြင်းသည် မိမိ၏အားနည်းချက်ကိုပြန်လည်ဆင်ခြင်ခြင်းဖြစ်သည်။
ဆုတောင်းခြင်းသည် အနှောက်အယှက်ကိုအောင်မြင်စေသောနည်းလမ်းဖြစ်သည်။ဆုတောင်းခြင်းသည် အစွဲအလန်းကိုဖြတ်တောက်နိုင်စေသော်နည်းလမ်းဖြစ်သည်။ဆုတောင်းခြင်းသည် အမှန်တရားကိုဖက်တွယ်စေသည်။ဆုတောင်းခြင်းသည် ခွင့်လွှတ်တတ်စေသည်။ဆုတောင်းခြင်းသည် အတွင်းစိတ်တည်ငြိမ်မူကိုရစေသည်။ထို့ကြောင့်ယေဇူးသခင်သည် ဆုတောင်းခြင်းကို မပြတ်ပြုရန်သင်ပြညွှန်ကြားထားခြင်းဖြစ်ပါသည်။ ဆုတောင်းခြင်းဖြင့် တစ်နေ့တာကိုအစပြု ပြီး၊ ဆုတောင်းခြင်းဖြင့် တစ်နေ့တာကို အဆုံးသတ်ကြပါစို့။