၀ါတွင်းကာလ ပထမပတ်သောကြာနေ့၏ကျမ်းစာထောက်ရူချက်
သံမာတေဦး ၅း၂၀-၂၆၊
Rev. Fr. Cle Pike
Posted by Sr.B. Myat Hnin Nwe (I.S.R)
အမျက်ဒေါသဟာ လူတိုင်းမှာရှိတယ်။လူတိုင်းလည်းအမျက်ထွက်ကြတယ်။ အမျက်ထွက်ပေမယ့် မပြတဲ့သူကို ပညာရှိလို့ခေါ်ကြတယ်။ရှေးလူကြီးတွေက ‘ပညာရှိ အမျက်ထွက်ခဲ’ လို့ဆိုထားပါတယ်။ပညာရှိတွေ ဘာကြောင့်မို့ သူ တို့ရဲ့အမျက်ဒေါသကို အပြင်မထုတ်ပြတာလဲ။ပညာရှိလို့ပါ။ ပညာရှိဆိုတော့ အသိတရားရှိလို့ပေါ့။ အဲ့ဒီအသိတရားက ကနေ့ဖတ်ရူတဲ့ဧ၀ဂေလိကျမ်းစာက ကောင်းကောင်းကြီးမီးမောင်းထိုးပြတယ်။အမျက်ဒေါသရဲ့ ဆိုးကျိုးကဘယ် လောက်ကြီးမားသလဲ။ သူ့ရဲ့အပြစ်ဒဏ်ဟာ ဘယ်လောက်ကြီးမားသလဲဆိုတာကို ယေဇူးသခင်က ကောင်းကောင်းကြီး ဖော်ပြထားတယ်။‘သင်တို့အား ငါဆိုသည်မှာ မည်သူမဆို မိမိ၏ဉီအစ်ကိုအပေါ် အမျက်ဒေါသထွက်လျှင် ရုံးတော်၌ အပြစ်စီရင်ခြင်း ကိုခံထိုက်၏’ တဲ့။ အမျက်ဒေါသနဲ့ရုံးတော် ဘယ်လိုပတ်သက်လို့လဲ။ဘယ်လိုပတ်သက်သလဲဆိုတာကို ကျမ်းစာဆက် ဖတ်လိုက်ရင်ပါပါတယ်။ ‘မိမိ၏ညီအစ်ကိုအား အသုံးမကျသူဟုခေါ်၍ကဲ့ရဲ့စော်ကားသောသူသည် လွှတ်တော်၌ အပြစ်စီ ရင်ခြင်းကိုခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အရူးဟုခေါ်သောသူသည် ဂေဟေ့နာ မီးဒဏ်ကိုခံထိုက်၏’ လို့မိန့်ကြားထား ပါတယ်။ဒေါသမထွက်ဘဲ ဆဲတတ်ဆိုတတ်တဲ့သူဟာ ဆဲတာဟာသူ့အကငြ့ျလိုဖွစျနပွေီ။ အရမ်းဆိုးပါတယ်ဒေါသမထွက် ဘဲ လူ့အသက်ကိုသတ်ဖြတ်ရဲတာဟာ စိတ်တဇလူသတ်သမား၊ ဒါမဟုတ်ရင် စိတ်မှုမမှန်သူ။ အဲလို ဘာဒေါသမှမရှိ ဘဲနဲ့ဆဲတတ်ဆိုတတ်၊ လူ့အသက်ကိုသတ်ဖြတ်တတ်တဲ့သူတွေဟာ လူ့အသိုင်းအဝိုင်းအတွက် အန်တရာယ်ရှိတယ်။ များ သောအားဖြင့်လူတွေဟာ ဒေါသထွက်မှဆဲတတ်ဆိုတတ်၊ လက်ရဲဇက်ရဲဖြစ်လာတယ်။ ဒေါသထွက်တာနဲ့ရုံးတောဘယ်လိုဆက်စပ်သလဲဆိုတော့ ဒေါသထွက်လာရင် ပါးစပ်ထဲထွက်သမျပြောဆိုကြိမ်းမောင်းတော့မယ်။ အရူး၊ အပေါ၊ ဘာညာ မခံသာအောင်ပြောမယ်။ အဲ့ဒီမှာ တစ်ယောက်ယောက်ရဲ့ဂုဏ်သိက္ခာထိပါးတာ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့အပြောအဆို တွေပါလာမယ်။ မကျေနပ်ရာကနေ ရုံးကနားရောက်မယ်။မြန်မာ့လူမှုနယ်ပယ်မှာ လူတစ်ယောက်ကို အရူးလို့ပြောတာ မဆန်းဘူး။ ဂုဏ်သိက္ခာကိုထိပါးတယ်လို့မသတ်မှတ်ကြဘူး။ သံမာကုရဲ့ဧ၀ဂေလိကျမ်းစာထဲမှာ အစာမစားနိုင်အောင် လူ တွေနဲ့အလုပ်များနေတဲ့ယေဇူးကို ကျမ်းတတ်ဆရာတွေက စိတ်ဖောက်နေတယ်လို့ စွပ်စွဲခဲ့ကြတယ်။ (၃း၂၀-၂၁) အမှန် တော့ ယေဇူးသခင်အတွက် သူ့ကိုစေလွှတ်သူရဲ့အမှုတော်ကိုဆောင်ရွက်တာဟာ သူ့အစာပါဘဲ။ (သံယောဟန် ၄း၃၄)ကိန္နဟာ ညီဖြစ်သူကို ဒေါသနဲ့လက်စားချေဖို့သတ်ဖြတ်ခဲ့တယ်။ ဆောလုဟာ ဒါဝိတ်သူငယ်လေးကို မနာလိုရာ ကနဒေေါသထွက်ပြီးပထမတော့လှံနဲ့ပစ်ပေါက်ပြီးသတ်ဖို့ကြံတယ်။ မအောင်မြင်ဘူး။ နောက်ပိုင်းတော့ စစ်ပါခင်းခဲ့ တယ်။ ဂျူးလူမြိုးတို့ရဲ့ ဘာသာရေးခေါင်းဆောင်လူတွေဟာ ယေဇေူးသခင််ကို ဒေါသအမျက်နဲ့အသေသတ်ခဲ့တယ်။ ဒေါသနဲ့ လူ့အသက်သတ်တာ၊ ရုံးတက်ရတာဟာ ကွင်းဆက်မိမိနဲ့ပါ။ ဧဖက်ဩဝါဒစာ (၄း၂၆) မှာတော့ ‘သင်တို့သည် အမျက် ထွက်ကြလျင်ပင် အပြစ်မကျူးလွန်မိကြစေနဲ့ လို့ဆိုပါတယ်။ ဧဝဂေလိကျမ်းစာ၌ ယဇေူးသခင် အမျက်ထွက်ကြောင်း ကို (၅) ကြိမ်တိုင်တိုင်ဖော်ပြထားသည်။ (သံမာကု ၃း၁-၆၊ ၁၁း၁၅၊ ၃း၄-၆၊ သံယောဟန် ၂း၁၅-၁၇၊ ၂း၁၅)