Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-11 09:24:05
     ၀ါတွင်းကာလ ပထမပတ္ စနေနေ့
သံမာတေဦး ၅း၄၃-၄၈၊
Rev.Fr.Cle Pike 
Posted by Sr.B.Myat Hnin Nwe(I.S.R.)

           ‘သင်နှင့်နီးစပ်သောသူကိုချစ်လော။ သင်၏ရန်သူကိုမုန်းလော့’ ဟူသောပညတ်စကားရှိသည်။ဤသွန်သင်ချက် သည် ဓမ္မဟောင်းကာလ၏သွန်သင်ချက်ဖြစ်သည်။ ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်၍မမှားမယွင်းနိုင်။သို့သော်လူသားများသည်သာ မိမိတို့လိုရာဆွဲ၍အနက်ပြန်ဆိုနေသောကြောင့် ဘုရားသခင်၏တရားတော်သည်လွှဲမှားသယောင်ဖြစ်သွားသင်နှင့်နီးစပ်သောသူနှင့်သင်ရန်သူ’ တို့ကားအဘယ်သူနည်း။ ကျွန်ုပ်တို့နှင့်မတည့်သောသူ၊ မကြိုက်သောသူ၊ မိမိကိုဆန့်ကျင့်သောသူကိုရန်သူ၊ မိမိအားချစ်ခင်နှစ်သက်သူ၊မိမိ၏အကျိုးကိုလိုလား၍ကူညီပေးသူ၊မိမိနှင့်အကြိုက်တူ၊အကြံတူ၊ထောက်ခံအားပေးသူများကိုနီးစပ်သောသူဟုလူဆန်စွာသတ်မှတ်ဆုံးဖြတ်ကြသည်။အမှန်မှာဓမ္မဟောင်းကာလကဘုရားသခင်ပေးထားခဲ့သောပညတ်တရားများသည် အစကနဦး မှပင်ပြီးပြည့်စုံသောတရားဖြစ်သည်။ဥပမာအားဖြင့်‘လင်မယားကွာရှင်းခြင်း’ နှင့်ပတ်သက် သောသွန်သင်ချက်၌ ဘုရားသခင် ၏မူရင်းတရားကားနှစ်ဦးတစ်သားတည်း’ဖြစ်ရမည်။အဘယ်ကြောင့်ဆိုသော်ဘုရားသခင်လူတို့ဖန်ဆင်းသည်မှာခွဲခွာရန်မဟုတ်ပေ။သို့သော်လူတို့၏ခေါင်းမာမှု၊ငြင်းခုန်မှု၊တရားတော်ကိုသွေဖီလုပ်ဆောင်လာမှုများကြောင့်ကွာရှင်းစာချုပ်ပေး၍ကွာရှင်းစေခဲ့သည်ကိုနောင်မျိုးဆက် များခေတ်သို့ရောက်သောအခါ အိမ် ထောင်ကွဲလိုလျှင် ကွာရှင်းစာချုပ်ပေး၍ကွာနိုင်သည်ဟုတစ်ချမှတ်ယူသွန်သင်လာပါ တော့သည်။ အခြေအနေတစ်ခုခုကြောင့်ဖြစ်ခဲ့သည်ကို လူတို့ဗီဇအတိုင်းပင်လျှင် မိမိတို့လိုရာ ကိုဆွဲယူလိုက်ရာမှတရား သည် လွှဲချောတိမ်းမှောက်လာခဲ့သည်။ယနေ့ဖတ်ရူသောဧ၀ဂေလိကျမ်းစာ၌လည်းအမှန်တကယ်တရားတော်နှင့်အညီထောက်ရူဆင်ခြင်လျှင်ရန်သူမရှိပေ။လူသားတိုင်းသည်‘အဖ’တစ်ပါးတည်း၏သားသမီးများဖြစ်ကြသည်။ထို့ကြောင့်ညီအစ်ကိုမောင်နှမများဖြစ်ကြသည်။ဤသွန်သင်ချက်၏မူလအနက်မှာယေဇူးသခင်ယနေ့အလင်းပြသကဲ့သို့ပင်အဘယ်သူကိုမျှမုန်းပိုင်ခွင့်မရှိ။အဘယ်ကြောင့်ဆိုသော်သူတစ်ပါးတို့သည်သင်တို့အားပြုမူစေလိုသည့်အတိုင်းတစ်ပါးသူအားလည်းပြုမူကြလောဟုဆိုထားသည့်အတိုင်းအဘယ်သူမျှမိမိအားကြိမ်ဆဲနေသည်၊နှိပ်စက်ညှဉ်းဆဲသည်ကိုမခံလိုကြ။လူတိုင်းချစ်သည်ကိုသာခံလိုကြသည်။ဘုရားသခင်ပင်လျှင်သန့်ရှင်း၍စုံလင်သော်လည်းလူတို့မမုန်း။သူ၏နေကိုလည်းကောင်း၊သူ၏မိုးကိုလည်းကောင်းကောင်းသူ၊ဆိုးသူများအပေါ်သို့ကျရောက်စေလျှင်မပြည်စုံ၊မသန့်ရှင်းသောလူသအချင်းချင်းသည်ပို၍ပင်နားလည်စာနာတတ်ရမည်ဖြစ်သည်။ထို့ကြောင့်ကျွန်ုပ်တို့သည်အဘယ်သူ့ကိုမျှမုန်းခွင့်မရှိ။ချစ်ခွင့်သာရှိသည်။ထိုချစ်ခြင်းသည် ကျွန်ုပ်တို့အား ကောင်းကင်ဘုံ၌ရှိသော ကျွန်ုပ်တို့၏အဖကဲ့သို့ ကောင်းမွန်ပြည့်စုံသူဖြစ်လာစေပါလိမ့်မည်။
*အိုဘုရားသခင်၊ တပည့်တော်တို့အား ကိုယ်တော်ကဲ့သို့စုံလင်သောချစ်ခြင်းမေတ္တာမျိုးဖြင့်လူတိုင်းအားချစ်၍ ကောင်းမွန် ပြည့်စုံသူဖြစ်လာစေတော်မူပါ။   

Daily Reflection