Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-12 09:32:27
ဝါတွင်းဒုတိယတနင်္ဂနွေနေ့ (C)
</div>
    
    	<div class=

ဘုရားရှင်ယေဇူးက တာဘောတောင် ပေါ်မှာ အသွင်သဏ္ဌန်ပြောင်းလဲတော်မူကြောင်းကို ကနေ့ရဲ့ဧဝံဂေလိကျမ်းစာမှာ ဖတ်ရှုဆင်ခြင်ရပါတယ်။ကိုယ်တော်ရှင်ဟာ ဆုတောင်းတော်မူစဉ်မှာ မျက်နှာတော်အသွင်သဏ္ဌန်က ပြောင်းလဲသွားသလို ဝတ်ရုံတော်လည်း ဖြူဖွေးတောက်ပသွားခဲ့တယ်။ မိုးဇက်နဲ့ ဧလိယတို့ ကိုယ်ထင်ပြလို့ အနာဂတ်အမှုတော်အတွက် ကိုယ်တော်ရှင်နဲ့ ဆွေးနွေးဖလှယ်ခဲ့ကြတယ်။အတူဆုတောင်းခြင်းကကျွန်ုပ်တို့အတွက်လည်း ကောင်းကင်းတံခါးကို ပွင့်စေတယ်။ ဘုရားရှင်ရဲ့အာရုံကို ဖမ်းမိစေတယ်။ဝိညာဉ်တော်မြတ်ကို စီးဆင်းစေတယ်။ ဘုရားရှင်ရဲ့အလိုတော်ကို ပိုသိရှိနားလည်စေတယ်။ ဘုရားရှင်နဲ့ မိတ်သဟာယ ဖွဲ့နိုင်တယ်။ ဆုတောင်းခြင်းက မိမိရဲ့နီးစပ်သူများအပေါ်လည်း အကျိုးသက်ရောက်စေတယ်။ တာဘောတောင်ပေါ်မှာ တပည့်တော်ကြီးသုံးပါးဟာ ငိုက်မျဉ်းနေခဲ့ပြီး မိုးဇက်နဲ့ ဧလိယတို့ ပေါ်လာချိန်မှာတော့ တပည့်တော်ကြီးတွေက ဆူညံသံမဖြစ်ခဲ့လည်း နိုးကြားချမ်းမြေ့စေခဲ့တယ်။ ဆုတောင်းခြင်းအားဖြင့် တစ်ပါးသူကိုလည်း ဘုရားရှင်ထံပါး ပို့ဆောင်ပေးနိုင်တယ်။လေးနက်စွာပြုတဲ့ ဆုတောင်းခြင်းဟာ မိမိရဲ့ဆန္ဒနဲ့ မိမိကိုယ်ကိုတောင်မေ့လျော့ထားနိုင်တယ်။ မိမိထဲက၊မိမိဝန်းကျင်က ဘုရားရှင်ရဲ့နီးစပ်တည်ရှိမှုကို အာရုံစူးစိုက်စေနိုင်တယ်။ဘုရားရှင်အပေါ်အာရုံပြုနိုင်တော့ မိမိတို့ရဲ့လောကီပူပန်မှုများကို မျက်ကွယ်ပြုလာနိုင်တယ်။ ပေတရုက သူ့ကိုယ်ကို၊ သူ့ဘဝနဲ့ သူရဲ့ငြီမ်းဇုန်ကိုမေ့လျော့နိုင်ပြီး ယေဇူးရှင်၊မိုးဇက်နဲ့ ဧလိယတို့ အမြဲသီတင်းသုံးဖို့အတွက် တဲသုံးဆောင်ကို ဆောက်ပေးဖို့သာ စိတ်စောခဲ့တယ်။ကောင်းကင်က ထွက်ပေါ်လာတဲ့အသံကဤသူသည် ငါ၏ချစ်သား၊ငါရွေးချယ်ထားသောသူဖြစ်၏၊”လို့ မိန့်မြွက်ပေးခဲ့တယ်။မိမိအလိုကိုစွန့်ပြီး ဘုရားရှင်ရဲ့အလိုတော်ကို လိုက်ကြသူတွေဟာ ဘုရားရှင်ရဲ့ချစ်သား/သမီးတွေ ဖြစ်လာကြတယ်။ တာဘောတောင်က မြင့်တဲ့နေရာတစ်ခုဖြစ်ပြီး တောင်ပေါ်သို့တက်သွားခြင်းက မိမိတို့ရဲ့နေ့စဉ်ဝေယျာဝစ္စနဲ့ စိုးရိမ်စိတ်များထဲက ရုန်းထွက်လွတ်မြောက်ခြင်းသဘောကို ရည်ညွှန်းတာဖြစ်တယ်။ ယင်းအလုပ်တွေကို လုံးဝလစ်လျူရှုဖို့မဆိုလိုပါ။ဘယ်အရာမှာ ပိုအာရုံရောက်နေသလဲလို့ ပြန်ဆန်းစစ်ကြည့်ဖို့သာ။ မိမိတို့ရဲ့အစွဲအလန်းတွေထဲမှာသာ ဆက်ပြီးနွံနှစ်ခံနေကြသလား။ ဒါမှမဟုတ် ဘုရားရှင်အပေါ်မှာ မျက်မှောက်ပြုနေကြသလား။ဝါတွင်းကာလဟာ အသစ်သောဘဝကို အစပြုဖို့ အသင့်လျော်ဆုံးသောအချိန်လည်းဖြစ်တယ်။ မိမိရဲ့ကိုယ်ပိုင်တာဘောတောင်ထိပ်ပေါ်ကအချိန်ကို ဖန်တီးယူရမယ့်အချိန်ကောင်းဖြစ်တယ်။အဆင်းလမ်းဟာ လွယ်ပေမယ့် အတက်လမ်းကခဲယဉ်းပြီး အားစိုက်ရပါတယ်။ဝါတွင်းကျင့်စဉ်စည်းမျဉ်းတွေက မိမိအတွက် လိုအပ်တဲ့အားအင်တွေ ပံ့ပိုးပေးလိမ့်မယ်။ အရေးမကြီးတာချန်ထားပြီး အရေးကြီးတာကို ဦးစားပေးခြင်း၊ အနစ်နာခံခြင်းနဲ့ နောင်တစွဲယူခြင်းများက မိမိကိုအကောင်းဆုံးပြင်ဆင်ပေးလိမ့်မယ်။ဘုရားရှင်ယေဇူးက ဆုတောင်ဖို့အလို့ငှါ တောင်ပေါ်သို့တက်ခဲ့တယ်။တစ်နေ့မှာ မိမိတို့ ဘယ်နှစ်ကြိမ် အထက်အရပ်ကို တက်ပြီး မျှော်ကြည့်ကြသလဲ၊ (ဆာလံ ၁၂၁:၁)။ အသွင်သဏ္ဌန်ပြောင်းလဲချိန်မှာ ခမည်းတော်ဘုရားက “သူ့ကို နားထောင်ကြလော့၊” လို့ တပည့်တော်ကြီးတွေကို မိန့်မှာသွန်သင်ခဲ့တယ်။ မျက်မှောက်ကာလမှာ နာကြားစရာအသံတွေက အများသား။ ဓမ္မပညာရှင်တွေ၊ အတွေးအခေါ်သမားတွေ၊ စိတ်ပညာရှင်တွေ၊ ထူးဆန်းတဲ့ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ နယ်လှည့်မိန့်ခွန်းချွေသူတွေ စတဲ့ပုဂ္ဂိုလ်တွေရဲ့အသံတွေ နားထောင်ကြဖို့ မိမိတို့ကို သွေးဆောင်နေပါတယ်။ ပြောကြစတမ်းဆိုရင်တော့ မိမိကို ကျန်းမာ၊ ချမ်းသာစေသူတွေရဲ့ စကားကို မိမိတို့ နားစွင့်ထောင်တတ်ကြပါတယ်။ သူတို့ကိုနားထောင်ခြင်းဖြင့် မိမိတို့ရဲ့လိုအင်ဆန္ဒပြည့်/မပြည့်က အာမခံချက်မရှိရိုးအမှန်ပါ။ ဒါပေမယ့် ဘုရားရှင်ယေဇူးကို နားထောင်ကိုးစားခဲ့ရင်တော့ အရှုံးမရှိတဲ့အပြင် ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ကောင်းချီးမင်္ဂလာတွေ ခံစားပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ နားထောင်ပုံအပ်ကြည့်လိုက်ပါ . . ။

Daily Reflection