Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-13 08:43:38

ဝါတွင်းကာလဒုတိယပတ်တနင်္လာနေ့၏ကျမ်းစာထောက်ရူချက်
သံလုကာ၆၃၆-၃၈၊
By Fr.Cle Pike

‘သင်တို့၏အဖခမည်းတော်သည်သနားကြင်နာတော်မူသည့်နည်းတို့သည်လည်းသနားကြင်နာခြင်းရှိကြလော့’ တဲ့။လူရယ်လို့ဖြစ်လာရင်သနားတာကိုခံချင်ကြတယ်။တချို့ကလည်းသနားတတ်တယ်။သနားခံချင်တာတော့ ကောင်းပေမယ့်တရားနည်းလမ်းကျတဲ့သနားခံခြင်းမျိုးဖြစ်ရပါ့မယ်။သနားတတ်တာလည်းကောင်းပါတယ်။ တရားနည်းကျဖို့လိုပါတယ်။ဒီနေရာမှာသနားတတ်ခြင်း၊သနားခြင်းဟာစနစ်တစ်ခုမဟုတ်ပါဘူး။ကျင့်ကြံလျှောက်လှမ်းရတဲ့ကျင့်စဉ်တစ်ခုပါ။သချာ်ပုစ္ဆာလိုတော့တွက်နည်းတစ်ဆင့်ပြီးတစ်ဆင့်တစ်ဆင့်တာနဲ့ထို့ကြောင့်အဖြေဆိုတာမျိုးမဟုတ်ဘူး။ခမည်းတော်ဘုရားဟာသနားတတ်တယ်။ဒါပေမယ့်အလိုမလိုက်ဘူး။ချစ်တတ်တယ်။ဒါပေမယ့် အခွင့်အရေးယူတတ်အောင်မဖန်တီးဘူး။သူ့ရဲ့သနားခြင်းဟာသနားတာကိုခယသူအတွက်တန်ဖိုးတက်လာရမယ်။ အမှန်ကိုချစ်တတ်ရမယ်။သနားတယ်။ချစ်တယ်ဆိုပြီးမှားမှားမှန်မှန်မျက်စိစုံမှိတ်ပြီးသနားတာ၊ချစ်တာမျိုးမလုပ်ဘူး။ဖြစ်လည်းမဖြစ်စေဘူး။ဒါကြောင့်မို့လည်းသူ့ရဲ့တစ်ပါးတည်းသောသားတော်ကိုလောကကိုစေလွှတ်တာဟာ သူ့ရဲ့သနားကြင်နာခြင်းကိုပြသဖို့ဖြစ်တယ်။ခမည်းတော်ဘုရားရဲ့သနားကြင်နာတတ်တာဟာဘယ်လိုလဲဆိုတာကိုသိအောင်ဘ၀နဲ့၊တရားနဲ့လက်တွေ့ကျကျလာပြခိုင်းတာပါ။ယေဇူးသခင်ကမိန့်တယ်။‘ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကိုဆောင်ရွက်ခြင်းနှင့်ထိုအရှင်၏အမှုတော်ကိုပြီးမြောက်စေခြင်းသည်ငါ၏အစာပင်ဖြစ်သတည်း”လို့မိန့်ပါတယ်။(သံယောဟန်၄:၃၄)ယေဇူးသခင်တရား‌ဒေသနာဟောကြားခဲ့တဲ့(၃)နှစ်တာအတွင်းမှာစီရင်ခဲ့တာတွေရှိတယ်။စီရင်တာဟာမချစ်လို့၊မသနားလို့မဟုတ်ဘူး။သနားလို့၊ချစ်လို့၊စာနာငဲ့ညှာလိုပါ။အမှား၊အလွှဲတွေကိုမလုပ်စေချင်လို့။မှန်တာ၊တရားတာကိုလုပ်တာဟာစီရင်တာမဟုတ်ဘူး။စီရင်တာဖြစ်ရင်တောင်တရားတဲ့စီရင်ခြင်းပါ။တရားတဲ့စီရင်ခြင်းကိုပြုတယ်ဆိုရင်ဘာမှကြောက်စရာမလိုဘူး။ဘာကြောင့်လဲဆိုတော့တရားနဲ့အညီကိုယ်လည်းပြန်စီရင်ခံရမယ်။ယေဇူးသခင်ကမစီရင်နဲ့လို့ဆိုလိုတာမဟုတ်ဘူး။မတရားမစီရင်နဲ့။ကိုယ်စီရင်တဲ့အတိုင်းပြန်ခံရမယ်လို့ဆိုလိုတာပါ။ပြီးတော့တစ်နေ့တာမှာမစီရင်ဘဲဘယ်သူနေနိုင်လို့လဲ။မပြောဘဲဘယ်သူနေနိုင်သလဲ။ဆိုတော့လုပ်ဆောင်လေရာရာမှာယေဇူးသခင်လိုခမည်းတော်ဘုရားရဲ့သနားကြင်နာခြင်းကိုပြသနိုင်ဖို့ကြိုစားစို့။”အိုဘုရားသခင်၊တပည့်တော်တို့အားကိုယ်တော်နှစ်သက်မြတ်နိုးသောချစ်သားသမီးများဖြစ်စေတော်မူပါ။”

Daily Reflection