(၁၅.၃.၂၀၂၂)ဝါတွင်းကာလဒုတိယပတ်အင်္ဂါနေ့၏ကျမ်းစာထောက်ရူချက်
သံမာတေဦး ၂၃:၁-၁၂၊
By Fr.Cle Pike
ဖာရီဇေဦးနဲ့ကျမ်းတတ်ဆရာတွေဆိုတာဘာသာရေးကောင်စီထဲမှာပါတဲ့အဖွဲ့(၃)ဖွဲ့ထဲကတစ်ဖွဲ့ဖြစ်တယ်။အဲ့ဒီဘာသာရေးကောင်စီကို‘ဆန်ဟဒရင်(Sanhedrin)လို့ခေါ်တယ်။ဒီအဖွဲ့ထဲမှာသက်ကြီးဝါကြီးတဲ့အဖွဲ့၊ရဟန်းအကြီးအကဲနဲ့ကျမ်းတတ်ဆရာတွေပါတယ်။ကျမ်းတတ်ဆရာတိုင်းကဖာရီဇေဦးတွေဖြစ်ပေမယ့်ဖာရီဇေဦးတိုင်းဟာကျမ်းတတ်ဆရာတော့မဟုတ်ပါဘူး။ကျမ်းတတ်ဆရာတွေဟာစာတတ်ပေတတ်တယ်။ကျမ်းစာကိုထုံးလိုမွှေ၊ရေလိုနောက်အောင်ကျွမ်းကျင်နှံ့စပ်ရသူတွေဖြစ်တယ်။သူများထက်လည်းပိုဆုတောင်းတယ်။(သံမာတေဦး၅:၅-၆)ပိုပြီးဝါရှောင်တယ်။(သံမာတေဦး၅:၁၆-၁၈)အလှူအဒါန်းလည်းပိုရက်ရောတယ်။(သံမာတေဦး၅:၁-၄၊သံလုကာ၂၁:၁-၄)ဘာသာရေးဥပဒေ၊(သံမာတေဦး၁၂:၁-၈၊၉-၁၄)လူမူရေးကျင့်၀တ်များကိုလည်းအခြားသူများထက်ဖြည့်ဆည်းကြသူများဖြစ်ကြသည်။ဒါပေမယ့်သူများထက်ပိုပြီးမာယာများတယ်။သူတစ်ပါးရဲ့အပြစ်ကိုချောင်းမြောင်းပြီးအပြစ်တင်ဝေဖန်ဆုံးကလည်းသူတို့ဘဲ။ယနေ့ဖတ်တဲ့ဧ၀ဂေလိကျမ်းစာထဲမှာဆိုရင်ဘာသာရေးအယောင်ပြပြီးအာဏာမက်၊နေရာအမက်ဆုံးလည်းသူတို့ဘဲ။ဘာသာရေးကိုအလွှဲသုံးပြီးဘာသာတူတွေကိုဒုက္ခအပေးဆုံးလည်းသူတို့ဘဲ။သူများကိုမကောင်းတဲ့ပုံစံပြတာသူတို့ပါဘဲ။အပေါ်ယံဟန်လုပ်တာလည်းသူတို့ဘဲ။သူများရဲ့အလေးပေးခံချင်တာ၊မြောက်ပင့်ပြောဆိုချီးမွှမ်းတာကိုခံချင်တာလည်းသူတို့ဘဲ။အကုန်သိ၊အကုန်တတ်၊အကုန်လုပ်နိုင်၊အကုန်ပိုင်တယ်ဆိုတဲ့အကြောမျိုးလည်းသူတို့မှာဘဲတွေ့ရတယ်။မာနကြီးတယ်။ဥစ္စာဂုဏ်မောက်တယ်။တကယ်တော့ကိုယ့်ဘာသာတရားဟာသူများဖျက်လို့ပျက်တာကနဲနဲ။ကိုယ့်အတွင်းလူတွေရဲ့စည်းဖောက်မှု၊စည်းမစောင့်မှုတွေကြောင့်ကျိုးပေါက်တာကပိုဆိုးနေတယ်။ဒီလိုပြောလို့ဘာသာရေးခေါင်းဆောင်တွေကိုဘဲပြောတာ။ဘာသာတူတွေမပါဘူးလို့တချို့ကခေါင်းရှောင်ချင်ကြတယ်။ဆေးကြောခြင်းစက္ကရာမင်တူးကိုအခြေတည်ပြီးပြောမယ်ဆိုရင်ဘယ်သူမှမလွှတ်ဘူး။အားလုံးကယေဇူးသခင်ရဲ့ဘုရင့်အဖြစ်တော်၊ရဟန်းအဖြစ်တော်နဲ့ပရောဖက်အဖြစ်တော်ထဲမှာပါတယ်။ဒါပေမယ့်ဘာသာရေးခေါင်းဆောင်တွေကတော့သာမန်ဘာသာတူတွေထက်ကျင့်ကြံအားထုတ်ရမယ့်၀တ္တာရားရှိတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ၀တ္တရားကဆေးကြောခြင်းစက္ကရာမင်တူးကပေးခဲ့ရုံသာမဟုတ်ဘူး။မိမိတို့ကိုယ်တိုင်ကျင့်ကြံအားထုတ်ပါ့မယ်လို့ကတိသစ္စာပြုခံယူခဲ့ကြလို့ပါ။“အိုသခင်၊တပည့်တော်တို့ခံယူခဲ့သောဆေးကြောခြင်းမင်္ဂလာကတိသစ္စာကိုခမည်းတော်သားတော်အမှတ်လက္ခဏာတို့သည့်အခါ၌သော်လည်း ကောင်း၊ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်ဆုတောင်းမေတ္တာတိုကိုရွတ်ဆိုသည့်အခါ၌သော်လည်းကောင်းပြန်လည်အမှတ်ရစေတော်မူပါဘုရား”