Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-19 07:01:58
    ၀ါတွင်းကာလ ဒုတိယပတ်စနေနေ့ (သို့) စိန့်ဂျိုးဇက်၏ပွဲနေ့ ကျမ်းစာထောက်ရှုချက်
သံမာတေဦး ၁း၁၆၊ ၁၈-၂၁၊ ၂၄၊
ဖာသာရ် ကလေးမင်းအားတယ်
Posted by Sr. B. Myat hnin Nwe(I.S.R.)

            ဆင်တူရိုးမှား ဧ၀ဂေလိကျမ်း (၃)စောင်အနက် စိန့်ဂျိုးဇက်အကြောင်းကို သံမာတေဦး၏ကျမ်း၌အများဆုံးဖတ်ရူနိုင်သည်။ သံလုကာ၏ကျမ်းစာ၌မူ စိန့်ဂျိုးအကြောင်းတိုက်ရိုက်ဖော်ပြထားခြင်းမရှိ။သို့သော်လည်း ယေဇူးသခင်၏မွေးဖွားခြင်းအကြောင်းနှင့်စပ်လျင်း၍အမိမယ်တော်၏အကြောင်းဖော်ပြခြင်းနှင့်အတူ စိန့်ဂျိုးဇက်လည်းပါသည်ကိုမူသိရှိနားလည်ထားရမည်ဖြစ်သည်။သံမာတေဦး၏ဧဝဂလေိကမြျးစာထဲ၌မူ ယဇေူးသခငျသညျ ဒါဝိဒျဘုရငျနှငျ့အဘယျသို့အမြိုးတော်စပ်ကြောင်း၊ ဤသို့တော်စပ်ခြင်းအားဖြင့် ယေဇူးသခင်သည် ဓမ္မဟောင်းကျမ်း၌ ကြိုတင်ဟောထားခဲ့သောမက်ဆီးယာဖြစ်သည်ကို  စိန့်ဂျိုးဇက်၏ဆွေစဉ်မျိုးဆက်စာရငျးကသကျသထေူနသေည်။ အဘယ်ကြောင့်ဆိုသော်‘ဂျက်ဆေ’ ၏ပင်စည်မှအတက်ပေါကျလိမ့်မည်ဟုဆိုထားသည်။ (ပရောဖကျအီဇအီးယား ၁၁း၁) ‘ဂျက်ဆေ’ကားအဘယ်သူနည်း။ ဒါဝိဒ်၏ဖခင်ဖြစ် ပြီး၊ ယဇေူးသခင်၏အထိန်းတော်ဂြိုးဇက်၏ဘေးဖြစ်သည်။ စိန့်ဂျိုးဖက်းဖကျသညျ မြိုးနှငျ့ရိုးနှငျ့ရှိသူဖွစျသည်။ ယုဒအမျိုးအ နွယ်မှဖြစ်သည်။အိမ်မက်၌ ကောင်းကင်တမန်၏ ဗျာဒိတ်ပေးမှုသည် စိန့်ဂျိုးဇက်အား နောက်‌နောင်ကြုံလာမည့်အခြေ အနေများ၌ စောဒကတက်စရာမလိုလောက်အောင်ပင်လုံလောက်ခဲ့သွားခဲ့သည်။သူ၏ယုံကြည်ခြင်းကို လေးနက်သွား စေခဲ့သည်။ ဘုရားသခင်၏အလိုတော်ဖြစ်သည်ကို သူကောင်းစွာသိရှိသွားခဲ့သည်။ယေဇူးသခင်နှင့်ပတ်သက်၍ သူကြုံတွေ့ခဲ့ရသော ဟေရုဒ်မင်းယုတ်ကြောင့်သွေးနုသားနုဖြင့်မယ်တော်နှင့်သူ ငယ်တော်ယေဇူးကိုခေါ်၍ သူစိမ်းသူရံတို့၏နယ်မြေဖြစ်သော အီဂျစ်ပြည်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း (သံမာတေဦး ၂း၁၃-၁၅)၊ ကာလအတန်ကြာကာ အခြေအနေတည်ငြိမ်စပြုနေစဉ်ယေဇူးသခင်ကိုလုပ်ကြံရန်အားထုတ်သော ဟေရုဒ် နတ်ရွာစံသွားပြီဖြစ်၍ တဖန် အီစ္စရေးပြည်သို့ပြန်လာရန် ဗျာဒိတ်တော်ခံရခြင်း (သံမာတေဦး ၂း၁၉-၂၃)၊ယေဇူးသခင်သက်တော်(၁၂) ပြည့်၍ ပညတ်ဥပဒေကျမ်းအတိုင်း ပထမဦးဆုံးအကြိမ် ပါစကားပွဲတော်ပါ၀င်ကျင်းပရန် ဂျေရုဆလင် မြို့သို့သွားရာ ထိုနေရာ၌ (၃) ရက်တာပျောက်ဆုံးကျန်ရစ်နေခဲ့ခြင်း  စသောအခြေအနေများ၌လည်း စိန့်ဂျိုးဇက်သည် စ ကားတစ်ခွန်းတစ်လေမျှပြောဆို စောဒကတက်ခြင်းမျိုးလည်းမပြုလုပ်ခဲ့ပေ။ (သံလုကာ ၂း၄၁-၅၁)ဤအခြေအနေများအားလုံးသည် စိန့်ဂျိုးဇက်၏ယုံကြည်ခြင်းအတိမ်အနက်ကိုတိုင်းတာပြနေခြင်းဖြစ်သည်။ စိန့် ဂျိုးဇက်သည် ဧ၀ဂေလိကျမ်းစာတော်မြတ်၌ ‘ဖြောင့်မတ်သောသူ’ ဟုဖော်ပြခံရသော ရှားရှားပါးပါးသူများအနက် တစ်ဦး ပါ၀င်ခဲ့သည်။ ‘ဖြောင့်မတ်သောသူ’ သည် ဘုရားသခင်ကိုလုံး၀ဥသုန်ယုံကြည်အပ်နှံထားသူဖြစ်သည်။ ကျွန်ုပ်တို့လည်း စိန့်ဂျိုးဇက်ကဲ့သို့ ‘ဖြောင့်မတ်သောသူ’ များဖြစ်လာရန် သူ၏ကြား၀င်ဆုတောင်းခြင်းကိုတောင်းခံကြပါစို့။

Daily Reflection