Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-19 08:27:08
     ၀ါတွင်းကာလ တတိယပတ်တနဂ်နွေနေ့ 
(စီ)နှစ်၏ထောက်ရှုချက်
သံလုကာ ၁၃း၁-၉၊
ဖာသာရ် ကလေးမင်း အားတယ်
Posted by Sr.B.Myat Hnin Nwe (I.S.R.)

ယေဇူးသခင်၏ ကယ်တင်ခြင်းလုပ်ငန်းတော်၏ အဓိကဗဟိုပြုသောအချက်ကား နောင်တတရားယူခြင်းဖြစ်သည်။နောင်တတရားယူခြင်းသည် မိမိတို့၏တရားတော်မှလွဲချောလျှောက်လှမ်းခဲ့သည့် တစ်နည်းအားဖြင့်ဆိုသော်ဘုရားသခင်၏အလိုတော်ကိုဆန့်ကျင်ရှင်သန်ခဲ့သည်များကို ပြန်လည်ပြုပြင်ရမည်ဖြစ်သည်။ယေဇူးသခင်သည် သူ၏တရားဦး၌ပင်လျှင် ‘နောင်တရကြလော့၊ကောင်းကင်နိုင်ငံတော်သည်နီးလာပြီ’ဟုကြွေးကြော်နိုးဆော်ကာစတင်လိုက်သည်။(သံမာတေဦး ၄း၁၇၊သံမာကု ၁း၁၄-၁၅၊သံလုကာ ၄း၁၄-၁၅)ထို့အတူ အမျက်ဒေါသထွက်ခြင်း (သံမာတေဦး ၅း၂၁-၂၂)၊ သူတစ်ပါး၏သားမယားကိုပြစ်မှားခြင်း (သံမာတေ ဦး ၅း၂၇-၂၈)၊ကျိန်ဆိုခြင်း(သံမာတေဦး ၅း၃၃-၃၇)၊လက်စားချေခြင်း(သံမာတေဦး ၅း၃၈-၄၂)၊ရန်သူကိုချစ်ရမည့်အကြောင်း(သံမာတေဦး ၅း၄၃-၄၇)၊ အလှူပြုခြင်း(သံမာတေဦး ၆း၁-၄)၊ ဆု‌တောင်းခြင်း (သံမာတေဦး ၆း၅-၈)၊ အစာရှောင်ခြင်း (သံမာတေဦး ၆း၁၆-၁၈) စသော ဘုရားသခင်၏မှုလတရားတော်နှင့်သွေဖီဆန့်ကျင်နေသော လမ်းစဉ်များကိုစွန့်၍ ယေဇူးသခင်ပြညွှန်သည့် မှန်ကန်သောလမ်းစဉ်သို့ပြန်လည်ဦးလှည့်လာရန်ဖြစ်သည်။ယဇေူးသခင်သညျ သူ၏တရားဒသေနာဟောကွားသော(၃) နှစျတာကာအတှငျး၌ ပေါငျးသငျးသောသူမြားအား လညျး နောငျတယူစရေနျရညျရှယျ၍ ပေါငျးသငျးခဲ့သညျ။ ဥပမာအားဖွငျ့ ဂြူးဘာသာရေးခေါငျးဆောငျမြားအဖကျမလုပျ သော လူတစျရာတပျမှူးတောငျးခံသော အကူအညီကို ဖွညျ့ဆညျးပေးခဲ့ခွငျး (သံမာ‌တေဦး ၇း၅-၁၃)၊အခှနျမာတေဦးကိုသူ၏တပညျ့အဖွစျခေါျခွငျး(သံမာတေဦး ၉း၉-၁၃)၊ဂြရေီခိုမွို့မှ အခှနျခံဇာခေဦး၏အိမျ၌ ၀ငျ၍အစားခွငျးအပွစျသညျဟုသတျမှတျထားရသညျ့ အမြိုးသမီးတစျဦးမှယဇေူးသခငျ၏ခွတေောျကိုတိုထိသညျကိုခံယူခြင်း ဂျူးဘာ သာရေးခေါင်းဆောင်တို့ ပယ်ထားသော အနာကြီးရောဂါသည်များအားလည်း မရွံမရှာတို့ထိကုသပေးခြင်း (သံမာတေဦး ၈း၁-၃)၊လူမျိုးခြား ကာနာန်အမျိုးသမီးအားလည်းကောင်း၊နာအိမ်မြို့မှမုဆိုးမအားလည်းကောင်းယေဇူးသခင် သည် ခွဲခြားဆက်ဆံခြင်းလုံး၀မပြုခဲ့ပေ။ထို့ကြောင့် ယေဇူးသခင်၏သွန်သင်ချက်၊ ယေဇူးသခင်၏အသက်တာသည် မြင်ရ၊ ကြားရသောသူအပေါင်းတို့က အံ့ဩကြလျက်ဤအခြင်းအရာသည် မည်သို့သောအရာဖြစ်သနည်း။ ၄င်းသည် သွန်သင်ချက်အသစ်ပါတကား’ဟုဆိုခဲ့ကြသည်။ (သံမာကု ၁း၂၇)ယဇေူးသခင်သည် သူနှင့်အတူလက်ဝါးကားတိုင်တင်သတ်ခံရသော နောင်တရသည်သူခိုးအားလည်းမည်သို့မြှ မေးမြန်းစစ်ဆေး၍ အချိန် ေရွဆိုင်းခြင်းမပြူခဲ့။ခကြျခငြျးပငျ ယနေ့ကယျတငျခွငျးကိုရပွီဖွစျကွောင်း မိန့်ကြားခဲ့သည်။ (သံလုကာ ၂၃း၄၂-၄၃) ယနေ့ဖတ်ရူပူဇော်သော ဧ၀ဂေလိကျမ်းစာတော်မြတ်၌လည်း အသေဆိုးနှင့်သေခဲ့ကြရသော ဂါလီလေယာနယ် သားများ၊ စီလွမ်ရဲတိုက်ပြိုကျ၍ သေဆုံးခဲ့သောသူတို့၏အဖြစ်များကိုကြည့်၍ ဤသို့သော အဖြစ်ဆိုးမျိုးဖြင့်သေရခြင်းသည် အပြစ်ကြီးသောကြောင့်ဟု မြင်ရ၊ကြားရသူတို့ကထင်မြင်ယူဆကြသည်။ယေဇူးသခင်အနေဖြင့်မူ ထိုသို့ထင်မြင် ယူဆနေခြင်းထက် ထင်မြင်ယူဆနေကြသူများသည်လည်း မိမိတို့၏အပြစ်များအတွက်နောင်တမရလျှင်အသေဆိုးနှင့် သေခဲ့ရသူများနှင့်မခြားကြောင်းတရားပြခဲ့၏။ ဆိုလိုသည်မှာ အခြားသူများ၏အဖြစ်ဆိုး၊ ဆိုးမိုက်မှုများကိုပြောဆိုနေခြင်း ထက် မိမိ၏အပြစ်အတွက်နောင်တယူရန်အရေးကြီးကြောင်း၊ နောင်တစွဲလျှင် ဘုရားသခင်မခွင့်လွှတ်နိုင်သောအပြစ်မရှိပေ။ 
အိုသခင်၊တပည့်တော်တို့အား ကြွေကွဲနှိမ့်ချစွာဖြင့် နောင်တစိတ်မွေးနိုင်စေတော်မူပါ။

Daily Reflection