မတ်လ၂၀ ရက် (တတိယဝါတွင်း တနင်္ဂနွေနေ့)
ရှင်လုကာ (၁၃ : ၁ - ၉)
စစ္စတာရ်ထရီဇာ(ISR)
၁။ ထိုအချိန်တွင် အထံတော်၌ ရှိနေကြသောသူအချို့ကပီလာတုမင်းသည်ဂါလေလေးယနယ်သားအချို့၏သွေးကို၎င်းတို့၏ပူဇော်သကာများနှင့် ရောနှောစေခဲ့ကြောင်းကို ကိုယ်တော်အား လျှောက်ထားကြ၏။-၂။ကိုယ်တော်ကလည်းဤဂါလေလေးယနယ်သားတို့သည်ဤသို့ခံရခြင်းကြောင့် အခြားသောဂါလေလေးယနယ်သားတို့ထက်ပို၍အပြစ်ကြီးသူများဖြစ်ကြသည်ဟုသင်တို့ထင်မှတ်ကြသလော။-၃။ဤကဲ့သို့မဟုတ်ဟုသင်တို့အားငါဆို၏။သို့သော်သင်တို့သည်နောင်တမရကြလျှင်သင်တို့အားလုံးသည်လည်းထိုနည်းတူပျက်စီးကြလိမ့်မည်။-၄။ထို့အတူစီလွမ်ရဲတိုက်ပြိုကျ၍သေဆုံးကြသောသူတစ်ဆယ့်ရှစ်ယောက်တို့သည်ဂျေရုဆလင်မြို့တွင်နေထိုင်ကြသောအခြားသူများထက်အပြစ်ကြီးသည်ဟုသင်တို့ထင်မှတ်ကြသလော။-၅။ထိုသို့မဟုတ်ဟုသင်တို့အားငါဆို၏။သို့သော်သင်တို့သည်နောင်တ မရကြလျှင်သင်တို့အားလုံးသည်လည်းထိုနည်းတူပျက်စီးကြရလိမ့်မည်ဟုသူတို့အားပြန်ဖြေတော်မူ၏။အသီးမသီးသောသဖန်းပင်၏ပုံဥပမာ၆။ကိုယ်တော်သည်ဤပုံဥပမာကိုလည်းသူတို့အားမိန့်တော်မူ၏။လူတစ်ယောက်သည်မိမိ၏စပျစ်ဥယျာဉ်ထဲတွင် သဖန်းပင်တစ်ပင်ကိုစိုက်ပျိုးထား၏။ထို့နောက်သူသည်လာ၍သဖန်းပင်မှအသီးကိုရှာသော်လည်းမတွေ့ချေ။-၇။ ထိုအခါသူကငါသည်လာ၍ဤသဖန်းပင်ပေါ်မှအသီးကိုရှာသည်မှာသုံးနှစ်ရှိလေပြီ။သို့ရာတွင် အသီးတစ်လုံးကိုမျှမတွေ့ရ။၎င်းကိုခုတ်ပစ်လော့။ အဘယ်ကြောင့်၎င်းကိုမြေပေါ်တွင်အကျိုးမဲ့နေရာယူစေမည်နည်းဟုစပျစ်ဥယျာဉ်မှူးအားဆိုလေ၏။-၈။ထိုသူကလည်းသခင်၊ယခုနှစ်တွင်လည်းဤအပင်ကို မည်သို့မျှမပြုပါနှင့်။အကျွန်ုပ်သည်အပင်ပတ်လည်၌ တူးဆွ၍မြေဩဇာထည့်ပါမည်။-၉။နောင်နှစ်တွင်အသီးသီးကောင်းသီးပါလိမ့်မည်။ထိုသို့မသီးလျှင်မူ သခင်သည်၎င်းကိုခုတ်ပစ်နိုင်ပါသည်ဟူ၍သူ့အား ပြန်ပြောသည်ဟုမိန့်တော်မူ၏။