Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-20 11:08:13
၀ါတွင်းကာလတနလာနေ့၏ကျမ်းစာထောက်ရှုချက်
သံလုကာ ၄း၂၄-၃၀၊
Rev.Fr. Cle Pike
Posted by Sr. B. Myat Hnin Nwe(I.S.R.)

၀ါတွင်းကာလတတိယပတ်တနဂ်နွေနေ့ကဖတ်ကြားထောက်ရှုခဲ့သော ကျမ်းသုံးစောင်လုံးသည် နောင်တတ ရားအကြောင်းဖြစ်သည်။ပထမကျမ်း၌ မိုးဇက်သည် ဘုရားသခင်စေလွှတ်သောအီဂျစ်ပြည်သို့မသွားလို၍အကျောက်အကန်ငြင်းခဲ့သော်လည်း နောက်ဆုံး၌ စိတ်ထားပြောင်း၍ ဘုရားသခင်၏အလိုကိုဖြည့်ဆည်းခဲ့သည်။ဒုတိယကျမ်း၌လည်းယခင်ဘုရားသခင်၏တရားတော်ကိုမသိမီက အဘယ်သို့ရှင်သန်ခဲ့စေကာမှုယခုတမန်တော်ကြီးတို့၏ဟောကြားမှုများကြောင့် တရားတော်ကိုသိလာရပြီးနောက်လုံး၀ဦးပြန်မလှည့်ရန်သံပေါလုကသူ၏ကော်ရိန့်သုဘာသာတူများအားတိုက်တွန်းခဲ့သည်။ဆိုလိုသည်မှာစစ်မှန်သောနောင်တသည်ယခင်အပြစ်နွံထဲပြန်မကျရန် ကြိုးစားရှောင်ရှားလေ့ရှိသည်ကိုတရားပြထားသည်။ဧ၀ဂေလိကျမ်းစာ၌မှု နောင်တယူခြင်းသည် မိမိ၏ကယ်တင်ခြင်းအတွက် အဘယ်မျှအရေးကြီး ကြောင်း၊ သူတစ်ပါး၏ပျက်စီးခြင်းကိုသာကြည့်၍သူများကိုသနားစုပ်သတ်နေရန်မဟုတ်ကြောင်း၊တစ်ခါတစ်ရံ၌ သူ တစ်ပါးကိုသာကြည့်ပြီးမိမိကိုယ်မိမိအသိ၀င်ရန်မေ့နေတတ်ကြောင်း၊ နောင်တမရက အသက်ရှင်နေ သူများ၏ပျက်စီးခြင်းသည်ပို၍ကြီးမားကြောင်း၊အဘယ်ကြောင့်ဆိုသော်ရှင်နေသူများသည် နောင်တမရပါက ဆက်လက်၍အပြစ်ကျူးလွန်နိုင်သေးကြောင်းယေဇူးသခင်ကသတိပေးခဲ့သည်။ယနေ့ဖတ်ရူသောဧ၀ဂေလိကျမ်းတော်မြတ်၌လည်းယေဇူးသခင်သည် အတိတ်ကရင်နာစရာအဖြစ်အပျက်များကိုပြန်လည်ပြောပြ၍ပြင်သင့်သည်ကိုပြင်ကြရန်၊မြင်သင့်သည်ကိုမြင်ကြရန်၊ဆင်သင့်သည်ကိုဆင်ရန်ကျမ်းစာလာအချက်အလက်အတိအကျဖြင့်ထောက်ပြတရားချနေပါသည်။အီစ္စရေးလူမျိုးတို့သည်မာနထောင်လွှားလွန်းသောကြောင့် မိမိတို့အရပ်ဒေသရှိအလွန်အစွမ်းတန်ခိုးကြီးမားသောအခွင့်အာဏာကိုရထားသည့်ဘုရားသခင်၏ပရောဖက်ကိုအရေးမလုပ်။အခြားသောနတ်ဘုရားများနောက်ကိုသာလိုက်ပါသွားကြသည်။ယေဇူးသခင်သည် ထိုအမှားမျိုးကိုဆက်လက်မမှားစေလိုတော့ပေ။ယေဇူးသခင်သည်ပရောဖက်ဧလိယထက် လည်းကောင်း၊ပရောဖက်ဧလိယ၏တပည့်ဖြစ်သောပရောဖက်ဧလိဇေဦးထက်လည်းကောင်းကြီးမားသူဖြစ်ကြောင်းကိုပြောပြ၍ ခိုင်မာသောစိတ်နှလုံးမရှိကြတော့ရန်မိန့်ကြားသည်။ယေဇူးသခင်၏မိန့်ကြားချက်ကိုနားထောင်နေသောလူအုပ်ကြီးသည်နောင်တယူမည့်အစား၄င်းတို့အားအရှက်ရစေသည်ဟုဆိုကာ မြို့တည်ရာတောင်ထိပ်စွန်းမှတွန်းချရန်အထိပင်ကြံစည်ခဲ့သည်။နောင်တ တရားယူတတ်သူသည် ယုံကြည်ခြင်းရှိသူဖြစ်သည်။ယုံကြည်ခြင်းရှိသူသည်နှိမ့်ချသည်။
အိုသခင်၊တပည့်တော်တို့အားကိုယ်တော်၏ဗျာဒိတ်တော်အသံကိုကြားရပြီးတောက်ခိုင်မာသောစိတ်နှလုံးမထားမိစေရန်ပြုပြင်ပေးတော်မူပါ။      

Daily Reflection