၀ါတွင်းကာလ တတိယပတ်အဂ်ါနေ့၏ကျမ်းစာထောက်ရှုချက်
သံမာတေဦး ၁၈း၂၁-၃၅၊
ဖာသာရ် ကလေးမင်း အားတယ်
Posted by Sr.Myat Hnin New(I.S.R.)
တစ်ပတ်လျှင်တနဂ်နွေနေ့တစ်ရက်တည်းသာ ဘုရားကျောင်းတက်ရောက်သူတို့အဖို့ တနဂျနှနေေ့၌ ဖတျရှုကွား နာရသော ကမြျးစာမြားသညျ တစျပတျတာအတှကျဆငျခွငျရနျဝိညာဉျရေးအစာအဟာရဖွစျသည်။ ဖြစ်သည် ထို့ ကြောင့်သေချာစွာနားစွင့်ထောင်ရမည်။ အသက်ပေးနှုတ်တော်ထွက်စကားကို ကြေညာသူသည်လည်းအသံကျယ်ပြီး၊ ကြည်လင်ပြတ်သားရန်၊ အဖြတ်အတောက်မှန်ရန်လိုသည်။ သို့မှသာ ကျမ်းစာဖတ်ကြားရာ၌ အာရုံစိုက်နေသောပရိသတ်သည်ကျမ်းစကားကိုကောင်းစွာမှတ်မိနေမည်ဖြစ်သည်။၀ါတွင်းကာလတတိယပတ် တနဂ်နွေနေ့ကဖတ်ကြားခဲ့သောကျမ်းသုံးစောင်လုံး၏အနှစ်ကား’နောင်တ’ တရားဖြစ်ပါသည်။ထို့အတူဤတစ်ပတ်လုံးဖတ်ကြားထောက်ရူရသော ကျမ်းစာများအားလုံးသည်‘နောင်တ’တရားနှင့် ဆိုင်သော ကျမ်းစကားများကိုသာ ကြားနာရပေမည်။ တစ်နည်းဆိုသော် တနဂ်နွေနေ့၌ ဖတ်ကြားထောက်ရူသောကျမ်းစကားများသည်တစ်ပတ်တာလုံး၏ဆင်ခြင်စရာအဓိကတရားဖြစ်သည်။ ထို့ကြောင့် ကျမ်းစာဖတ်ရှုသည့်အခါ အာရုံ ကောင်းစွာပြုရန်လိုသည်။ယနေ့ဖတ်ကြားသည့် ဧ၀ဂေလိကျမ်းစာတော်၌လည်း နောင်တတရားအကြောင်းကိုသာ ဆက်လက်၍ယေဇူးသခင်သည်ပေတရု၏အမေးကိုဖြေကြားရင်းကျန်သူ၏တပည့် တော်ကြီးများကိုလည်းတရားအမှန်ကိုသင်ကြားပေးလိုက် သည်။ အကြောင်းမှာ ဘုရားသခင်အတွက်သော်လည်းကောင်း၊ ဘုရားသခင် ၏တရားတော်နှင့်အညီကျင့်ကြံရှင်သန်သူများအတွက်သော်လည်းကောင်း အကြိမ်ရေသည်အဓိကမဟုတ်။ အကြိမ်ခုနှစ်ဆယ်ခုနှစ်လီပင်ရှိစေကာမှု ခွင့်လွတ်နိုင်သည်။ထို့အတူကျွန်ုပ်တို့လည်းခွင့်လွတ်ရမည်ဖြစ် သည်။ လူမှုရေးနယ်ပယ်၏ကျင့်စဉ်ဖြစ်သော (၃) ကြိမ်သည်များလွန်း လှပြီဟုတွက်ကြသည်။ပေတရုသည် ထိုလူမှုရေးနယ်၏သတ်မှတ်ချက်ထက်တစ်ဆပို၍(၇) ကြိမ်ဟုခွင့်လွတ်လျှင် လုံ လောက်ပေပြီ။ များပင်များလှပေပြီ ဟုယုံကြည်၍ ယေဇူးသခင်အားလျှောက်တင်ရာယေဇူးသခင်က မရေမတွက်နိုင်သောအဆကိုဖြေကြားလိုက်ရာ ကြားလိုက်ရသူအားလုံးက အံ့ဩမှင်သက်သွားခဲ့ကြသည်။ အမှန်တကယ်ဘုရားသခင်၏ ချစ်ခြင်းကိုခံစားထိတွေ့ဖူးသူသည် မအံ့ဩဘဲမနေနိုင်။မယုံကြည်ဘဲမနေနိုင်။ တောင်တမရဘဲမနေနိုင်။ မပြောင်းလဲဘဲမ နေနိုင်ပေ။
အိုသခင်၊တပည့်တော်တို့အားစုံလင်သောနောင်တဖြင့်ကတ္တီဘာနှယ်အရောင်အသွေးလွှမ်းနေသောအပြစ်များကိုမိုးပွင့်ကဲ့သို့ဆွတ်ဆွတ်ဖြူသွားအောင် သန့်စင်ပေးတော်မူပါဘုရား