(မတ်လ၂၄ရက်)ဝါတွင်းကာလတတိယပတ်ကြာသပတေးနေ့၏ကျမ်းစာထောက်ရူချက်
သံလုကာ ၁၁:၁၄-၂၃
Fr. Cle Pike
Posted by Sr.Theresa(ISR)
ယနေ့ဖတ်ကြားသောဧ၀ဂေလိကျမ်းစာ၏အဆုံးပိုင်း၌ယေဇူးသခင်က‘ငါ့ဘက်၌မရှိသောသူသည်ငါ့ကိုဆန့် ကျင်သောသူဖြစ်၏။ငါနှင့်အတူမစုသိမ်းသောသူသည်ကြဲဖြန့်သူဖြစ်၏ဟုမိန့်တော်မူပါသည်။လူမှုဆက်ဆံရေး၌‘လူပေါင်းစိတ်ခွာရန်သင်ကြားသောအဆိုအမိန့်လည်းရှိသည်။ဤသို့ကျင့်ကြံနေထိုင်ခဲ့သောနိုင်ငံရေး၊ဘာသာရေး၊လုပ်ဖော်ဆောင်ဖက်များစွာရှိကြောင်းကိုသမိုင်း၊ကျမ်းဂန်များ၌ဖတ်မှတ်လေ့လာရပါသည်။ကျမ်းစာလာအဖြစ်အပျက်များကိုထောက်ချင့်စဉ်းစားမည်ဆိုပါကအာဒမ်နှင့်ဧ၀တို့သည်ဘုရားသခင်နှင့်အဘယ်မျှလက်ပွန်းတစ်သီးနေထိုင်ခဲ့သနည်းဟုမှုမိဘနှင့်သားသမီး၊မိတ်ဆွေများကဲ့သို့ပင်တိုင်ပင်ဆွေးနွေး၍နေထိုင်ခဲ့ကြသည်။(ကမ္ဘာဦးကျမ်း၂:၁၆-၁၇၊၃:၈-၁၃)သို့သော်ထာ၀ရဘုရားနှင့်ကားခန္ဓာသာနီးပြီး၊မြွေ၏စကားကိုပို၍နားထောင်ခဲ့သည်။အီစ္စရေးလူမျိုးသည်ဘုရားသခင်၏ထူးခြားစွာရွေးကောက်ခံရသောလူမျိုးဖြစ်သည့်အပြင်ဘုရားသခင်၏ကူညီထောက်ပံ့မှုကိုလည်းအီဂျစ်နိုင်ငံမှစထွက်သည့်နေ့မှစ၍ကတိထားသည့်တိုင်ပြည်ထဲရောက်သည်အထိဘုရားသခင်နှင့်နီးကပ်စွာထိတွေ့ခွင့်ရသည့်အပြင်ဘုရားသခင်၏ချစ်ခြင်း၊ခွင့်လွှတ်ခြင်း၊စိတ်ရှည်ခြင်းကိုများကိုလည်းနေ့စဉ်ရက်ဆက်ခံစားခွင့်၊မြင့်တွေ့ခွင့်ရခဲ့သည်မှန်သော်လည်းမကြာခဏဘုရားသခင်၏လမ်းတော်မှသွေဖီသွားခဲ့သည့်အကြိမ်ရေလည်းမနည်းတော့ပေ။ယေဇူးသခင်၏တပည့်တော်ကြီး(၁၂)ပါးအနက် တစ်ဖွဲ့လုံး၏ငွေအိတ်ပိုက်သူယုဒအီစရီရုဒ်ယေဇူးသခင်နှင့်အတူသုံးနှစ်သုံးမိုးအတူသွားလာနေထိုင်စားသောက်ပြီး၊ယေဇူးသခင်၏တရားထူးများစွာကိုလည်းကြားခဲ့၊သိခဲ့၊ကုသမှုများကိုလည်းကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခခဲ့ရသော်လည်းသူသည်ဆရာသခင်နှင့်လူသာပေါင်းပြီး၊စိတ်ခွာ၊အကျင့်မပါသောတပည့်ဖြစ်ခဲ့သည်။ဂျူးဘာသာရေးခေါင်းဆောင်တို့သည်ယေဇူးသခင်နှင့်အတူသွားလေရာရာ၌ပါနေသူများဖြစ်သည်။သို့သော်ယေဇူးသခင်ထံမှသင်ယူခြင်းမရှိ။ယေဇူးသခင်သည်‘ငါ့ဘက်၌မရှိသောသူသည်ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ငါနှင့်အတူမစုသိမ်းသောသူသည်ကြဲဖြန့်သူဖြစ်၏’ဟုဆိုခြင်းမှာဂျူးဘာသာရေးခေါင်းဆောင်တို့သည်မိမိတို့ကိုယ်ကိုဘာသာရေးခေါင်းဟုသာတံဆိပ်တပ်နေသည်။ဘုရားအမှုတော်ဆောင်သည်ဟုသာဂုဏ်ယူသည်။သို့သော်၄င်းတို့သည်နှုတ်ဖြင့်သာဘုရားအမှုတော်ဆောင်၏။နှုတ်ဖြင့်သာဘုရား သခင်နှင့်ပေါင်းစပ်နေသည်ဟုဆို၏။လက်တွေ့၌ကားယေဇူးသခင်ကိုလက်မခံနိုင်ခြင်းသည်ဂျူးဘာသာရေးခေါင်းဆောင်များဘုရားသခင်၏စေလွှတ်ခြင်းခံရသောယေဇူးသခင်နှင့်စေးမကပ်ခြင်းသည်ဘုရားသခင်နှင့်စုသိမ်းသူမဟုတ်။ဘုရားသခင်ကိုဆန့်ကျင်သူဖြစ်သည်။“အိုသခင်၊တပည့်တော်တို့အား‘သခင်၊သခင်ဟုခေါ်သောသူမျှသာမဖြစ်စေဘဲ၊ကောင်းကင်ဘုံရှိခမည်းတော်ဘုရား၏အလိုတော်ကိုဆောင်ရွက်သောသူများဖြစ်စေတော်မှုပါဘုရား”