၀ါတွင်းကာလ စတုတ္ထပတ် အဂ်ါနေ့၏ကျမ်းစာထောက်ရှု ချက်
သံယောဟန် ၅း၁-၃၊ ၅-၁၆၊
Rev.Fr. Cle Pike
Posted by Sr. B. Myat Hnin Nwe (I.S.R.)
ယေဇူးသခင်သည် ဂျေရုဆလင်သို့ ဘာသာရေး၀တ္တရားဖြည့်ဆည်းရန်သွားသည်မှအပါအလည်အပ်အတွက်သော်လည်းကောင်း၊လူမှုရေးကိစ္စအတွက်သော်လည်းကောင်းသွားလေ့မရှိပေ။အဘယ်ကြောင့်ဆိုသော်သူသည်လူမှုရေးကိစ္စထက်ခမည်းတော်ဘုရား၏အလိုကိုဆောင်ရွက်ရန်ဖြစ်သည်။(သံယောဟန် ၄း၃၄)ယေဇူးသခင်သည်ယခုကဲ့သို့ ရက်ကြီးအခါကြီးနေ့များမဆိုထားနှင့်။သာမန်ဥပုသ်နေ့များ၌ပင်ဥပုသ်နေ့၀တ္တာ ရားကိုမပျက်ကွက်ပေ။(သံလုကာ ၄း၁၆၊ ၃၁၊ သံမာကု ၁း၂၁) အဘယ်ကြောင့်ဆိုသော် ‘မည်သူမဆို ဤအငယ်ဆုံးသောပညတ်တို့တွင်တစ်ပါးပါးကို ကိုယ်တိုင်ကျူးလွန်၍အခြားသူတို့အားလည်းထိုနည်းအတိုင်းသွန်သင်လျှင်ထိုသူသည်ကောင်းကင်နိုင်ငံတော်တွင်အသိမ်ငယ်ဆုံးသောသူဟုအခေါ်ခံရလိမ့်မည်။ သို့ရာတွင်မည်သူမဆိုပညတ်တော်များကိုကိုယ်တိုင်ကျင့်၍အခြားသူတို့အားလည်းကျင့်ရန်သွန်သင်လျှင်ထိုသူသည် ကောင်းကင်နိုင်ငံတော်တွင် ကြီး မြတ်သောသူဟု အခေါ်ခံရလိမ့်မည်’ဟုမိန့်တော်မူပါသည်။(သံလုကာ ၅း၁၉)ထို့ကြောင့်ယေဇူးသခင်သည်ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်သော်လည်း ဆေးကြောခြင်းဆရာယောဟန်ထက်သာ၍ ကြီးမြတ်သည်။(သံမာ တေဦး ၁၁း၁၁ခ)ယေဇူးသခင်သည် သူ၏ပုံသက်သေကောင်းဖြင့် ဥပုသ်နေ့၀တ္တရားကိုမပျက်မကွက်ဖြည့်ဆည်းရန်တရားပေးနေသည်။(သံမာတေဦး ၁၈း၆-၉)ယနေ့ဖတ်ရူသောဧ၀ဂေလိကျမ်း၌ ယေဇူးသခင်သည်လည်း ရက်ကြီးအခါကြီးပွဲတော်၀တ္တရားဖြည့်ဆည်းရန် ဂျေရုဆလင်သို့ရောက်ရှိနေသည်။ ဂျူးလူမျိုးတို့၏ဘာသာရေးသွန်သင်ချက်များအရ ဂျေရုဆလင်မြို့သည်ဘုရားသခင်၏မြို့တော်ဖြစ်ပြီး၊ဂျေရုဆလင်ဗိမာန်၌သာလျှင် ဘုရားသခင်စံပ္ပါယ်သည်ဟုယုံကြည်သညျ။ဂြူးတို့သညျ ဂြရေုဆလငျ နှငျ့ မညျမြှပငျဝေးလံသောခရီး၌နထေိုငျစေကာမှုဤပွဲတော်ကာလ၌ အချိန်မှီပြန်လာ၍ ၀တ်ကြီး၀တ်ငယ်များကိုဖြည့် ဆည်းကြသည်။ သို့မှသာ ဘုရားသခင်၏ကောင်းကြီးတော်ခံစားရသည်ဟုယုံကြည်ကြသည်။ ယေဇူးသခင်သည်လည်း မိ မိကိုယ်ကို ဘုရားဖြစ်သည်ကို ဘုရားဖူးရောက်ရှိနေကြသောလူထုအား စကားဖြင့်ထုတ်ဖော်ပြောခြင်းမပြု။ဘုရားသခင် ၏ကုသခြင်းကိုခံယူရန်အတွက် ၄င်းတို့ယုံကြည်သည့်အတိုင်းစောင့်ဆိုင်းနေကြသော မျက်မမြင်သူများ၊ ခြေမသန်သူများ၊လေဖြတ်နေသူများတို့အားကုသပေးခြင်းဖြင့်သူ၏ဘုရားအဖြစ်တော်ကိုယေဇူးသခင် ပြသလိုက်ခြင်းဖြစ်သည်။
အိုယေဇူးသခင်သည်တပည့်တော်တို့အား ကိုယ်တော်၏ဘုရားအဖြစ်တော်ကိုမြင်တွေ့သိရှိပြီး၊မြဲခိုင်စွာယုံကြည်လျှက်တပည့်တော်တို့၌စွဲကပ်ခံစားနေရသောရောဂါဘယများကိုလည်းကုသပျောက်ကင်းပေးတော်မူပါ။