Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-12-21 05:39:08
#22 December 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (သံလုကာ ၁း ၄၆ - ၅၆)
#စစ္စတာရ် ဧလိဇဘက် ခေါင်နော (SFX)
Posted by M.Sulatthtwe

ကျွန်ုပ်၏၀ိညာဉ်သည် ဘုရားသခင်ကို ချီးမွမ်း၏။ ငါ၏စိတ်နှလုံးသည်လည်း ငါ၏ကယ်တင်ရှင် ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ခြင်း ရှိ၏။ ကျေးဇူးတင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သလို ယနေ့ မယ်တော်သည် ဘုရားသခင် မိမိအပေါ် သွန်းလောင်းပေးခဲ့သော ကျေးဇူးတော်များအတွက် ကျေးဇူးတင်ချီးမွမ်းတယ်။ မယ်တော်ရဲ့ဘဝကို ကြည့်မယ်ဆိုရင် မယ်တော်သည် နှိမ့်ချစွာ၊ မထင်မရှား နေထိုင်ခဲ့ပေမယ့် ဘုရားသခင်သည် လူ၏အဖြစ်ကို ယူတော်မူသော သားတော်ဘုရားရဲ့ မယ်တော်အဖြစ် ရွေးကောက်ခြင်းဖြင့် မယ်တော်ကို ချီးမြောက်ခဲ့တယ်။ မယ်တော်ရဲ့ဘဝမှာ ဖုံးကွယ်နေတဲ့ သူတော်စင်၊ သူတော်ကောင်းတို့တွင် ရှိအပ်သော ပါရမီများကို ကျွန်ုပ်တို့ အတုယူနိုင်ရန် စံနမူနာအဖြစ် ထင်ရှားစေတော်မူတယ်။ မယ်တော်ဟာ ဘုရားသခင် သွန်းလောင်းပေးခဲ့တဲ့ ကျေးဇူးတော်တွေအတွက် နှုတ်အားဖြင့် ချီးမွမ်းရုံမကဘူး၊ သူမရဲ့ဘဝတစ်ခုလုံးကို ဘုရားသခင် စိတ်တိုင်းကျဘဝ၊ ဘုရားသခင်ရဲ့ ပညတ်တော်များကို လိုက်နာစောင့်ထိန်းလျက်၊ အပြစ်ကင်းအောင်နေတဲ့ဘဝ၊ သစ္စာရှိရှိ ဘုရားသခင်ရဲ့ အလိုတော်ကို ဦးထိပ်တင်ပြီး ဆောင်ရွက်တဲ့ဘဝ၊ ဘဝတစ်ခုလုံးကို ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်အတွက် အသက်ရှင်ပြီး ဘုရားသခင်ကို ဂုဏ်ပြုချီးမွမ်း၍ အစေခံဘဝအဖြစ်နဲ့ အသက်ရှင်ခဲ့တယ်။ ဘဝဖြင့် သက်သေပြခဲ့တယ်။ မယ်တော်ရဲ့ ချီးမွမ်းခြင်းသီချင်းထဲမှာ ဘုရားသခင်ရဲ့ ဂုဏ်တော်များစွာရှိသည့်အနက် အားလုံးစုံကိုတတ်နိုင်မှု၊ သန့်ရှင်းမြင့်မြတ်မှုနှင့် သနားကြင်နာမှု စသည့် ဘုန်းဂုဏ်တော်သုံးပါးကို ထူးခြားစွာ ဖော်ကျူးချီးမွမ်း ထားပါတယ်။ သင်နဲ့ကျွန်ုပ်အပေါ် ဘုရားပေးခဲ့တဲ့ကျေးဇူးတော်တွေကို ဘယ်လိုကျေးဇူးတင်ကြမလဲ။ နှုတ်အားဖြင့်သာ ကျေးဇူးတင်မှာလား၊  ဒါမှမဟုတ် နှုတ်အားဖြင့်ကျေးဇူးတင်ဖို့တောင်မေ့နေမလား။ မယ်တော်ကတော့ မိမိဘဝတစ်ခုလုံး ဘုရားအတွက် အသုံးတော်ခံပြီး ကျေးဇူးတင် ချီးမွမ်းနေပါတယ်။ ကျွန်ုပ်တို့လည်း လောကကြီးတွင် ဘုရားတရား လိုက်နာကာ၊ ဘုရားသခင်ရဲ့ တရားတော် သွန်သင်ချက်တွေကို လိုက်နာပြီး၊ သူတော်စင်၊သူတော်ကောင်းများ အဖြစ် နေထိုင်ကာ၊ လူသားအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရင်း၊ ကုသိုလ်ပါရမီများဖြင့် ကမ္ဘာလောကကို တန်ဆာဆင်သူများ၊ ဘုရားရဲ့ဘုန်းဂုဏ်တော် ထင်ရှားစေသူများ အဖြစ်အနေနှင့် ဘုရားရှင်အပေါ် ကျေးဇူးတင် ချီးမွမ်းသွားကြစို့။

 စစ္စတာရ် ဧလိဇဘက် ခေါင်နော (SFX)

 

Daily Reflection