(မတ်လ၃၁ရက်)ဝါတွင်းကာလစတုတ္တပတ်ကြာသပတေးနေ့၏ကျမ်းစာထောက်ရူခြင်း
သံယောဟန် ၅:၃၁-၄၇၊
Fr.Cle Pike
Posted by Sr.Theresa (ISR)
ဂျူးဘာသာရေးခေါင်းဆောင်များအနေဖြင့်ဘာသာရေးခေါင်းဆောင်ဟူဆိုသည့်အတိုင်းဓမ္မဟောင်းကျမ်းကျမ်း ကိုနှောကျေပါကယေဇူးသခင်၏အာဏာကိုလေကုန်ခံ၍မေးမြန်းရန်လုံး၀မလိုအပ်ပေ။အဘယ်ကြောင့်ဆိုသော် ပရောဖက်အီဇယက‘သမီးကညာသည်ပဋိသန္ဓေစွဲ၍သားယောကျာ်းကိုဖွားမြင်လိမ့်မည်။သူ၏အမည်ကိုဧမာနူအဲလ်ဟုမှည့်ခေါ်ကြလိမ့်မည်’ဟူ၍လည်းကောင်း(သံမာတေဦး၁:၂၀-၂၃)၊ခရစ္စတူးသည်ဘက်သလင်ဟင်မြို့၌ဖွားမြင်မည့်အကြောင်းကိုလည်း‘ဂျူဒပြည်၌ရှိသောအိုဘက်သလေဟင်မြို့၊ဂျူဒမြို့များအလယ်တွင်သင်သည်မှေးမှိန်သိမ်ငယ်သောမြို့မဟုတ်။အကြောင်းမူကားငါ၏အစ္စရေးလူမျိုးကိုအုပ်စိုးမည့်ဘုရင်တစပါးသည်သင့်ထံမှပေါ်ထွန်းလိမ့်မည်’ဟူ၍လည်းကောင်း(သံမာတေဦး၂:၄-၆)၊ကောင်းကင်တမန်အမိမယ်တော်အားအမိန့်တော်ပြန်ကြားခြင်း(သံလုကာ၁:၂၆-၃၈)၊အီဂျစ်ပြည်သို့ထွက်ပြေးတိမ်းရှောင်ခြင်း(သံမာတေဦး၂:၁၃-၁၅)၊ယေဇူးသခင်ပါလေနိုးဖြင့်ဘက်သလင်ဟင်မြို့နှင့်အနီးအနားရှိမြို့ရွာများမှနှစ်နှစ်အောက်ကလေးများကိုသတ်ဖြတ်ခြင်း(သံမာတေဦး၂:၁၆-၁၈)၊အီဂျစ်ပြည်မှအီစ္စရေးပြည်သို့ပြန်လာပြီးနာဇရက်မြို့၌အခြေချနေထိုင်းခြင်း(သံမာတေဦး၂:၁၉-၂၃)စသောကျမ်းချက်များ သည်ယေဇူးသခင်အဘယ်သူဖြစ်သည်ကိုသက်သေခံနေခြင်းဖြစ်သည်။ဤကျမ်းချက်များသည်ဓမ္မဟောင်းကာလကဗျာဒိတ်တော်များဖြစ်သည်။ဓမ္မသစ်၌မူယေဇူးသခင်အားသက်သေခံသောသူမှာယေဇူးသခင်ဆေးကြောခြင်းမဂ်လာခံယူအပြီးရေထဲမှကုန်းပေါ်သို့အတက်ကောင်းကင်သည်ပွင့်လာပြီးလျှင်ဘုရားသခင်၏ဝိညာဉ်တော်သည်မိမိအပေါ်သို့ချိုးဌက်သဏ္ဌာန်ဖြင့်ဆင်းသက်လာသည်ကိုကိုယ်တော်မြင်တော်မူ၏။ထို့နောက်‘ဤသူသည်ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်းဟူ သောအသံသည်လည်းကောင်း(သံမာတေဦး ၃:၁၃-၁၇၊သံမာကု၁:၉-၁၁၊သံလုကာ၃:၂၁-၂၂)၊ယေဇူးသခင်သည်အလွန်မြင့်မားသောတောင်ပေါ်သို့တက်၍ပေတရု၊ယာကုပ်၊ယောဟန်တို့၏ရှေ့၌အဆင်းသဏ္ဌာန်ပြောင်းလဲသွားချိန်၌ခမည်းတော်ဘုရားသည်လည်းကောင်း၊ပရောဖက်ဧလိယနှင့်မိုးဇက်တို့သည်လည်းကောင်း(သံမာတေဦး၁၇:၁-၈၊သံမာကု၉:၁-၁၃၊သံလုကာ၉:၂၈-၃၆)ယေဇူးသခင်ကိုတိုက်ရိုက်သက်သေခံသည်။တပည့်တော်ကြီးများအနက်ပေတရုကဆီဇာရိယဖိလိပိနယ်၌ ယေဇူးသခင်အား‘ကိုယ်တော်သည်အသက်ရှင်တော်မူသည့်ဘုရားသခင်၏သားတော်တည်းဟူသောခရစ္စတူးဖြစ်ပါသည်’ဟူ၍လည်းကောင်း(သံမာတေဦး၁၆:၁၃-၁၆)၊သောမတ်စ်ကလည်း‘အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရားပါတကား’ဟူ၍လည်းကောင်း(သံယောဟန် ၂၀:၂၈)၊နတ်ဆိုးပင်လျှင်ယေဇူးသခင်ကို‘ကိုယ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်ပါသည်’ဟုလည်းသက်သေခံခဲ့သည်။(သံလုကာ၄:၄၁)ယေဇူးသခင်အားသက်သေခံခြင်းသည်သမ္မာတရားကိုသက်သေခံခြင်းဖြစ်၏။အဘယ်ကြောင့်ဆိုသော်ယေဇူးသခင်သည်သမ္မာတရားဖြစ်၏။(သံယောဟန်၁၄:၆ခ၊၁၈:၃၇) “အိုသခင်၊တပည့်တော်တို့အားမည်သည့်နေရာ၌မဆိုကိုယ်တော့်ကိုသက်သေခံစေတော်မူပါဘုရား”