Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-03-31 09:03:37
(ဧပြီလ၁ရက်)ဝါတွင်းကာလစတုတ္ထပတ်သောကြာနေ့၏ကျမ်းစာထောက်ရူချက်
သံယောဟန်(၇၁-၂၊၁၀၊၂၅-၃၀)
ဖာသာရ်ကလဲမင့်အားတယ်
Posted by Sr.Theresa(ISR)

အမိကက်သလစ်သာသနာတော်ကြီးသည်ဒုတိယဗာတီကန်အစည်းအဝေးကြီးမတိုင်မီကတနင်္ဂနွေနေ့၌ကိုယ်တော်မြတ်ကိုထိုက်တန်ရိုသေစွာပင့်ယူနိုင်ရန်အတွက်စနေ နေ့ညညစာစားပြီးသည်မှစ၍နောက်တစ်နေ့ကိုယ်တော်ပင့်ယူပြီးချိန်အထိမည်သည့်အဖတ်၊မည်သည့်အရည်မျှမစားမသောက်ဘဲဝါရှောင်ရန်သတ်မှတ်ကျင့်သုံးခဲ့သည် ။ဤသို့သတ်မှတ်ရခြင်းမှာမိမိတို့ပင့်ယူမည့်ကိုယ်တော်မြတ်နှင့်မိမိတို့စားထားသောအစားအစာများကိုမရောနှောစေရန်ဖြစ်သည်။ထိုသို့ရောနှောသွားခြင်းဖြင့်အလွန်သန့်ရှင်းစင်ကြယ်သောကိုယ်တော်မြတ်ကိုမရိုမသေပင့်ယူသကဲ့သို့ဖြစ်မည်စိုး၍ဖြစ်သည်။အမိကက်သလစ်သာသနာတော်ကြီး၏ပါစကားကာလသည်ဝါတွင်းကာ လ()ပတ်တာကြာပြီး၊ပါစကားကာလမှာရက်ပေါင်း(၅၀)ကြာသည်။ဝါတွင်းကာလမှသည်ပါစကားကာလကုန်ဆုံးသည်အထိစုပေါင်းတွက်ကြည့်လိုက်မည်ဆိုလျှင်()လနီးပါးကြာသည်။အဘယ်ကြောင့်ဤမျှကြာရသနည်း။ပါစကားကာလသည်ယုံကြည်ခြင်း၏အထွတ်အထိပ်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်ယေဇူးသခင်သည်သေခြင်းမှရှင်ပြန်သောပထမဦးဆုံးသီးဦးဖြစ်သည်။သူ၏ရှင်ပြန်ထမြောက်ခြင်းသည်သူ့အားယုံကြည်သူအားလုံးအားလည်းရှင်ပြန်စေမည့်ကတိနှင့်သက်သေဖြစ် သည်။(သံယောဟန်၁၁:၂၅-၂၇)အရေးကြီးသောကာလဖြစ်၍အကောင်းဆုံးပြင်ဆင်ရန်လိုသည်။ထို့ကြောင့်ပါစကားကာလကိုအခြားသောအချိန်ထက်ပို၍ပြင်ဆင်ချိန်ပေးထားခြင်းဖြစ်သည်။ယနေ့ဖတ်ရူသောဧ၀ဂေလိကျမ်းစာ၌ယေဇူးသခင်သည်ဂျေရုဆလင်သို့မထင်မရှားသွားရရှာသည်။ယေဇူးသခင်ဂျေရုဆလင်သို့သွားရခြင်းမှာဂျူးဘာသာ၀င်တို့၏ဘုရားဖူးပွဲတော်()ပါးရှိသည့်အနက်တစ်ပါးဖြစ်သောတဲတော်’ပွဲ၏၀တ္တရားကိုဖြည့်ဆည်းရန်ဖြစ်သည်။ဤပွဲတော်သည်လည်းဂျူးဘာသာ၀င်တို့အတွက်အရေးကြီးသောပွဲတော်တစ်ပါးဖြစ်သည်။ဤမျှအရေးကြီးသောပွဲတော်ကို အကောင်းဆုံးကျင်းပရန်အတွက်ပြင်ဆင်မည်ဟုမစဉ်းစားကြ။၄င်းတို့သည်ယေဇူးသခင်ကိုသတ်ရန်ကြံနေကြသည်။ကောင်းမှုပြုရန်မဟုတ်။မကောင်းမှုပြု၍ပွဲတော်ကိုခံရန်ကြံနေကြသည်။၄င်းတို့အတွက်ပွဲတော်ကိုဆင်နွှဲခြင်းသည်၀တ္တရားတစ်ပါးကိုဖြည့်ဆည်းရုံသက်သက်ဖြစ်သည်။ဘုရားအာရုံပြုရန်ထက်ယေဇူးသခင်ပွဲတော်သို့လာမလာသည်ကိုသာအာရုံစားဂယက်ထနေကြသည်။ကျွန်ုပ်တို့လည်းယေဇူးသခင်သေခြင်းမင်းကိုအောင်မြင်၍ရှင်ပြန်သောပွဲတော်ကြီးကျင်းပရန်အလွန်နီးကပ်နေပေပြီ။ပြင်ဆင်လာခဲ့သည်မှာလေးပတ်ပင်မြောက်ခဲ့ပြီ။တရားနှင့်နီးနေပြီလော။အသင့်ဖြစ်နေပြီလော။မကောင်းမှုကိုလည်းကောင်း၊သူ၏ဆိုးကျိုးကိုလည်းကောင်း အမှန်တကယ်သိပြီလော။သို့မဟုတ်အမိသာသနာတော်ကြီးကသတ်မှတ်ပေးထား၍သာပါစကားတနင်္ဂနွေနေ့ကျရောက်လာလျှင်ဘုရားကျောင်းတက်၍ကိုယ်တော်မြတ်ပင့်ရုံမျှလော့။ဤမျှအရေးကြီးသောရက်ကြီးအခါကြီးကိုပေါ့ပေါ့တန်တန်ဖြတ်သန်းကုန်ဆုံးစေတော့မည်လော။အိုသခင်၊တပည့်တော်တို့အားဖာရီဇေဦးနှင့်ဟေရုဒ်ဒီယားစ်တို့၏တဆေးကိုရှောင်နိုင်စေရန်ကူညီတော်မူပါ။”

 

Daily Reflection