Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-02 09:02:59
      ဝါတွင်း ပဉ္စမတနဂ်နွေနေ့ (C)

အိမ်ထောင်ရေးဖေါက်ပြန်သော မိန်းမတစ်ဦး’ အကြောင်းဆိုင်ရာကျမ်းပိုဒ်က အစပိုင်းမှာ ကျမ်းစာထဲက ထုတ်ပယ်ခံထားရပြီး နောက်ပိုင်း ချိန်ကျမှ ရှင်ယောဟန်ကျမ်းထဲ ပြန်ထည့်ခြင်း၊ ဇာတ်အိမ်တည်ဆောက်ထားတဲ့ပုံစံအရ မူရင်းဟာ ရှင်လုကာကျမ်းထဲကဖြစ်နိုင်ချေရှိခြင်းစသဖြင့် အငြင်းပွါးဖွယ်သမိုင်း ရှိခဲ့တယ်လို့ဆိုပါတယ်။ ရှိစေတော့။စောစောပိုင်းချိန်မှာ ဖယ်ရှားခံထားခဲ့ရိုးမှန်ရင် ဘာကြောင့်လဲလို့ မေးချင်နေမိမယ်။လူအချို့က ခုလိုအိမ်ထောင်ရေးဖေါက်ပြန်တဲ့သူကို ဘုရားရှင်ယေဇူးက စာနာခွင့်လွတ်ပေးခြင်းအပေါ် လက်မခံနိုင်ကြဘူး။ဓမ္မဟောင်းကျမ်းမှာ ပညတ်ချက်တစ်ခုက“သူမယားကို ပြစ်မှားသောသူသည် မှားယွင်းသောမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်” (ဝတ်ပြု ၂၀:၁၀)တဲ့။အကယ်၍ အပြစ်ကျူးလွန်ထားသူကို ကွင်းလုံးကျွတ်လွတ်ပေးလိုက်ခြင်းဟာ ပညတ်တရားကို ဆန့်ကျင်နေတာ မဟုတ်ပေဘူးလား။စာနာမှု၊ သက်ညှာမှုဆိုတာက အားနည်းတဲ့လက္ခဏာလို့ မြင်ကြတယ်။ ဒီအကြောင်းတွေကြောင့် အစပိုင်းချိန်မှာ ဒီဖြစ်ရပ်ကျမ်းပိုဒ်ကို ကျမ်းစာထဲက ထုတ်ပယ်ထားခဲ့ကြတာ ဖြစ်နိုင်တယ်လေ။ဒီကျမ်းပိုဒ်ကို ဖတ်ရှုနာယူရချိန်မှာတစ်ချို့သူတွေက ဖါရီဇေးဦးတွေနဲ့အတူ ရပ်တည်ကြတာကို တွေ့နိုင်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ ပြစ်မှုကျူးလွန်တဲ့သူကို အပြစ်ဒဏ်ခံယူစေသင့်တယ်။ဒါက တရားမျှတမှုလည်း ဖြစ်တယ်လို့ သတ်မှတ်နေကြပါတယ်။ဒါကြောင့် အလယ်ခေတ်မှာ စုန်းမအဖြစ် စွပ်စွဲခံခဲ့ရတဲ့ အာ့ခ်မြို့သူ ဂျူံးကို တိုင်မှာ ကြိုးနဲ့တုပ်ပြီး မီးရှို့သတ်ခဲ့ခြင်းအပေါ် အသင်းတော်ကြီးဟာ ရေငုံနူတ်ဆိတ်နေခဲ့ပါတယ်။ရှေးဟောင်းကျမ်းက“ထိုသို့သော(စုန်းလုပ်သော)သူကို ခဲနှင့် ပစ်ရကြမည်။သူ၌ သေထိုက်သောအပြစ်ရှိ၏”(ဝတ်ပြု ၂၀:၂၇) လို့ အတိအလင်း ချမှတ်ထားတာဖြစ်လို့ ဥပဒေက ဥပဒေပဲ။တရားမျှတမှုက အလေးထားစရာပဲ။ စောဒကတက်ဖို့မလိုပါ၊အားလုံးက ဥပဒေကိုကို လေးစားလိုက်နာရကြမယ်လို့ ခံယူနေထိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။ဒါပေမယ့် ဒီအိမ်ထောင်ရေးဖေါက်ပြန်တဲ့မိနးမအကြောင်းကို ဖတ်ရှုကြတဲ့ကျွန်ုပ်တို့အနေဖြင့်ဒီဖြစ်ရပ်ထဲကမိန်းမနဲ့အတူ မျှဝေခံယူနိုင်ခဲ့ရင် သတင်းကောင်းကို မိမိတို့တန်ဖိုးထားနိုင်လိမ်မယ်။၎င်းမိန်းမနည်းတူ ကျွန်ုပ်တို့လည်း အရှုံးသမားအပြစ်သားဘဝမှာ သက်ဆင်းရောက်ရှိနေကြတာပါပဲ“အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြုမိခဲ့ကြ၍ ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ကင်းဝေးခဲ့ကြ၏၊” (ရောမ ၃:၂၃)။ ဒါပေမယ့် ဘုရားရှင်ယေဇူးက မိမိတို့ရဲ့အပြစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ကျွန်ုပ်တို့ကျခံရမယ့် သေဒဏ်ကနေ ပြန်လည်လွတ်မြောက်စေခဲ့ပါသည် “ငါသည်လည်း သင့်ကို အပြစ်ဒဏ်မစီရင်တော့ပြီ။သွားလော။နောက်တစ်ဖန် အပြစ်မပြုလေနှင့်၊” (ယောဟန် ၈:၁၁)။ဒါဟာ ဘုရားရှင်ယေဇူးက ဥပဒေနဲ့အတူ မဟုတ်ဘဲ အပြစ်သည်တွေနဲ့အတူ ရပ်တည်နေတာကို တွေ့ရနေတာဖြစ်တယ်။ ကိုယ်တော်ရှင်ရဲ့ ခြားနားတဲ့ခံယူချက်တွေကြောင့် ဥပဒေကို တရားသေစွဲကိုင်သူများရဲ့ရန်လိုမှုကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ နောက်ပိုင်းမှာ အဖမ်းခံရပြီး နှိပ်စက်ညှင်းပန်းမှုနဲ့ အသေသတ်ခြင်းခံစေခြင်းဖြင့် ဥပဒေရဲ့လားရာကို မြင်တွေ့ခဲ့ရပါတယ်။ညီအစ်ကိုမောင်နှမအပေါင်းတို့၊သန့်ရှင်းသောရက်သတ္တပတ်မတိုင်ခင် ဒီဖြစ်ရပ်ကျမ်းကို ဆင်ခြင်ကြခြင်းဖြင့် အပြစ်ဒဏ်ခံယူကြရမယ့်မိမိတို့အပေါ်သက်ညှာစွာ ချမ်းသာခွင့်ပေးတဲ့ ကိုယ်တော်ရှင်ရဲ့မေတ္တာနဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ကြပါစို့။ကိုယ်တော့်အလိုတော်အတိုင်း နောက်တစ်ဖန် အပြစ်မပြုမိကြဖို့အတွက်လည်း သတိပြုနေထိုင်သွားကြပါစို့။

Daily Reflection