Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-03 11:12:33
     ဧပြီလ ၄ ရက်၊ ၂၀၂၂၊ တနင်္လာနေ့၊ ဝါတွင်းကာလ ပဉ္စမပတ် 
Rev. Fr.bosco Saw Lar Htoo
Posted by Sr. B. Myat Hnin Nwe (I.S.R.)

(ယောဟန် 8:12-20, “12.တစ်ဖန် ယေဇူးက ငါသည် လောက၏အလင်းဖြစ်၏။ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်တွင် သွားလာရမည်မဟုတ်။သူသည် အသက်နှင့်ဆိုင်သော အလင်းကိုရလိမ့်မည်ဟုသူတို့အား မိန့်တော်မူ၏။13.ထိုအခါ ဖာရီဇေးဦးတို့ကသင်သည် မိမိကိုယ်ကိုသက်သေခံနေခြင်းဖြစ်၍ သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိဟုကိုယ်တော်အားဆိုကြ၏။14.ယေဇူးကလည်း ငါသည် ကိုယ့်အကြောင်းကို သက်သေခံသော်လည်း ငါ၏သက်သေခံချက်သည် မှန်ကန်၏။အကြောင်းမူကား ငါသည်မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်ကို ငါသိ၏။သင်တို့မူကားမည်သည့်အရပ်မှ ငါလာသည်ကိုလည်းကောင်း၊မည်သည့်အရပ်သို့ ငါသွားမည်ကိုလည်းကောင်း မသိကြ။15.သင်တို့သည် လူ၏အသွေးအသားအတိုင်း စီရင်ကြ၏။ငါမူကား မည်သူ့ကိုမျှမစီရင်။16.အကယ်၍ ငါစီရင်လျှင်လည်း ငါ၏စီရင်ချက်သည် မှန်ကန်၏။အကြောင်းမူကား ငါသည်တစ်ဦးတည်း စီရင်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောသူနှင့် အတူစီရင်သောကြောင့်ဖြစ်၏။17.သင်တို့၏ ပညတ်တရားတွင် သက်သေနှစ်ဦး၏ ထွက်ဆိုချက်သည် မှန်ကန်၏ဟု ရေးထား၏။18.ငါသည် မိမိကိုယ်ကို သက်သေခံ၏။ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့ကို သက်သေခံ၏ဟု မိန့်တော်မူ၏။19.ထို့ ကြောင့် သူတို့က သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ယေဇူးက သင်တို့သည် ငါ့ကိုလည်းကောင်း၊ငါ၏ခမည်းတော်ကိုလည်းကောင်း မသိကြ။အကယ်၍ သင်တို့သည် ငါ့ကိုသိကြပါလျှင် ငါ၏ ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်ဟု ပြန်ဖြေတော်မူ၏။20.ကိုယ်တော်သည် ဤစကားများကို ဗိမာန်တော်အတွင်း၊ဘဏ္ဍာတိုက်တွင် ဟောပြောသွန်သင်စဉ် မိန့်တော်မူခြင်းဖြစ်၏။ သို့ရာတွင်ကိုယ်တော်၏အချိန်မကျရောက်သေးသဖြင့်မည်သူကမျှ ကိုယ်တော့်ကို မဖမ်းဆီးကြ။” 
ထောက်ရှုချက် 
တစ်ဖန် ယေဇူးက ငါသည် လောက၏အလင်းဖြစ်၏။ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်တွင် သွားလာရမည်မဟုတ်။ 
သူသည် အသက်နှင့်ဆိုင်သောအလင်းကိုရလိမ့်မည်။(ယောဟန် 8: 12)သခင်ဘုရား ပြောတဲ့အလင်းဆိုတာက
တရားအလင်း၊ညာဏ်ပညာအလင်းဖြစ်ပါတယ်။သခင်ဘုရားဟာ စစ်မှန်သောညာဏ်ပညာစစ်မှန်သောအလင်းပါ။ 
ယခုလိုခေတ်မှာ အသက်ရှင်နေရတာဘဝအမှောင်ကျနေသလိုပါပဲ။ဘာကြောင့်လဲဆိုတော့လူတွေရဲ့နှလုံးသားထဲမှာ
တရားအလင်းတွေမရှိကြတော့ဘူး။လောဘဒေါသတွေနဲ့အမှောင်ကျနေပါတယ်။ဘာကြောင်အမှောင်ကျရတာလဲ။ 
လူတွေက စစ်မှန်သောတရားအလင်းကိုမခံယူကြတဲ့အတွက်ဖြစ်ပါတယ်။တရားအလင်းထက် အပြစ်မှောင်မိုက်ကို
ပိုပြီးနှစ်သက်နေကြတဲ့အတွက်ပါပဲ။ ဘုရားရှင်ရဲ့သားသမီးများဖြစ်ကြတဲ့ကျွန်ုပ်တို့ခရစ်ယန်တွေဟာစစ်မှန်သောတရားအလင်းကိုချစ်ကာ
တရားလမ်းအတိုင်း လျှောက်ကြပြီးထာဝရအသက်ပိုင်ဆိုင်နိုင်ဖို့ကြိုးစားကြရမယ်။ 

Daily Reflection