Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-04 10:59:14
     ၀ါတွင်းကာလ Tuesday Gospel Reflection
သံယောဟန် ၈း၂၁-၃၀၊
Rev.Fr. Cle Pike
Posted by Sr.B.Myat Hnin Nwe(I.S.R)

                ယေဇူးသခင်သည် နောက်ဆုံးညစာစားနေစဉ်တပည့်တော်ကြီးများအား သွန်သင်ရင်းမိန့်တော်မူသည်မှာ‘ငါ သည်သင်တို့အား ပညတ်အသစ်ကိုပေးသည်ကား သင်တို့အချင်းချင်းချစ်ကြလော့။သင်တို့ကိုငါချစ်သကဲ့သို့ သင်တို့ဟုသည်လည်း အချင်းချင်းချစ်ကြလော့’ မိန့်တော်မူသည်။(သံယောဟန် ၁၃း၃၄)ယေဇူးသခင်၏ပညတ်တော်များမှာအမှန်ဆိုရသော ပညတ်တော်အသစ်မဟုတ်ပေ။ရှေးကာလကပင်ရှိနေသောပညတ်တော်များဖြစ်သည်။သို့သော် လူတို့သည် မိမိတို့အတွက်အဆင်ပြေရာပြေကြောင်းပြုပြင်ပြောင်းလဲ၍ သွန်သင်ရာမှနောက်ဆုံး၌ မူလပညတ်တော်နှင့်ကွဲလွှဲလာခဲ့သည်။အဘယ်ကြောင့်ဆိုသော် လင်မယားကွာရှင်းမှုနှင့်ပတ်သက်၍ အစ၌လူကိုဖန်ဆင်းသောအရှင်သည် ယောကျာ်းနှင့်မိန်းမကိုဖန်ဆင်းခဲ့၏။ယောကျာ်းသည်မိမိ၏မိဘအိမ်ကိုစွန့်ခွာ၍ မိမိ၏ဇနီးနှင့်ပေါင်းသင်းနေထိုင်ရသည်။သို့ သော်နောက်ပိုင်း၌မှု လူတို့၏စိတ်နှလုံးခက်ထန်ခြင်းကြောင့် မိုးဇက်ကမိမိ၏ဇနီးနှင့်ကွာရှင်းစာချုပ်ပေး၍စွန့်ခွာနိုင် ကြောင်းဖြင့်ဆုံးဖြတ်ပေးခဲ့သည်။ထိုဆုံးဖြတ်ချက်သည် အီစ္စရေးအမျိုးသားများအတွက် အလွန်ဘ၀င်ကျဖွယ်ရာဖြစ်သောကြောင့် အစမူလကဘုရားသခင် ၏ပညတ် ချက်များကိုအလေးမထားတော့ဘဲ မိမိတို့အတွက် အဆင်ပြေရာကိုသာ ဘုရားသခင်၏ပညတ်တော်အဖြစ် သတ်မှတ်ကျင့်သုံးလာခဲ့သည်။
                ထိုသို့ကျင့်သုံးလာခဲ့သော နှစ်ကာလသည်နှစ်ပေါင်းထောင်ချီလာခဲ့သည်။ယေဇူးသခင်လူ့အဖြစ်ကိုခံယူ၍ အချိန် တန်အရွယ်ရောက်လာသောအခါ မနားမနေဟောကြားသောတရားများသည် ကမ္ဘာဦးအစက ထာ၀ရဘုရားသခင်ပေးခဲ့သည့် ဆိုလိုရင်းအတိုင်း မတိမ်းမစောင်းဘဲသင်ပြဟောကြားသောအခါယနေ့ဖတ်ကြားသောဧ၀ဂေလိတရားတော်လာကျမ်းစကားဖြစ်သော‘ငါသည်သွားမည်။သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။သို့ရာတွင်သင်တို့သည် မိမိတို့၏အပြစ်ဒုစ ရိုက်၌သေကြလိမ့်မည်။ငါသွားသောအရပ်သို့ သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်’ ဟုမိန့်တော်မူသည်။အဘယ်အကြောင့် အီစ္စရေးလူမျိုးတို့သည် ၄င်းတို့၏အပြစ်ထဲ၌သေကြမည်နည်း။၄င်းတို့၏မာကျောသောနှလုံးသားကိုပြုပြင်ရန်ခက်ခဲသောကြောင့် ရှေးယခင်ကအတိုင်းသာယုံကြည်ကျင့်ကြံကြသည်။ယခင်ယေဇူးသခင်မကြွရောက်မီက တရားများလွှဲခဲ့ကြ သော်လည်းဘုရားသခင်သည် ခွင့်လွှတ်ခဲ့သည်။ သို့သော် ယခုယေဇူးသခင်ကိုယ်တော်တိုင်ကြွ၍ တရားအမှန်ကိုသင် ကြားပြသ၏။သို့သော် နောင်တမရနိုင်။မပြုပြင်နိုင်သောကြောင့် ၄င်းတို့၏အပြစ်ဒုစရိုက်ထဲ၌သာ မာကျောခက်ထန် သောစိတ်နှလုံး၌သေကြေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် မိမိတို့ကိုယ်ကို ဖြောင့်မတ်သောသူများဟု သတ်မှတ်ဂုဏ်မောက်နေကြသည်။ယေဇူးသခင်သည် အပြစ်ရှိသောသူများကိုခေါ်ရန်လာခြင်းဖြစ်သည်။ (သံမာတေဦး ၉း၁၃ခ)
အိုသခင်၊ တပည့်တော်တို့အား နောင်တယူ၍ ဧ၀ဂေလိတရားတော်ကိုယုံကြည်နိုင်စေတော်မူပါဘုရား (သံမာကု ၁း၁၅) 


Daily Reflection