Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-06 10:19:06
     5th week of Lent-Thursday
Jn. 8;51-59
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe(I.S.R.)

 လူသည် သေမင်းကိုကြောက်ကြသည်။ အချို့ကား သေမင်းကိုမကြောက်။ သို့သော် ရှင်ခြင်းးနှင့်သေခြင်းကာလ စပ်ကြား ခံစားကြုံတွေ့ရသည့် အခြေအနေ (သို့) ‌ဝေဒနာကိုသာကြောက်သည်ဟုလည်း သေခြင်းကိုကြောက်သည်ဟု တိုက်ရိုက်မဖြေဘဲ သွယ်ဝိုက်၍ဖြေဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကြောက်ခြင်းအတူတူပင်ဖြစ်ပါသည်။ယေဇူးသခင် ပင်လျင် ကြုံတွေ့လာမည့် ‌ဝေဒနာကိုကြိုမြင်တွေ့ပြိးးနောက် ‘အိုအဖ၊ ကိုယ်တော်အလိုတော်ရှိပါလျှင် ဤခွက်ကိုအ ကျွန်ုပ်ထံမှလွှဲဖယ်တော်မူပါ။ သို့သော်လည်း အကျွနု်ပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်ပါစေ’ ဟုဆုတောင်းခဲ့သည်။ (သံလုကာ ၂၂း၄၂) အမှန်ဆိုရပါလျှင် ဤသို့ဆုတောင်းခဲ့သောယေဇူးသခင်သည် ‘ငါ သည်ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင် လိမ့်မည်။ အသက်ရှင်၍ ငါ့ကိုယုံကြည်သောသူတိုင်းသည်လည်း မည်သည့်အခါမျှသေရလိမ့်မည်မဟုတ်’ ဟုမိန့်ကြားခဲ့ သည့်တိုင် သေခြင်းတရားကိုရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။

           မွေးဖွားခြင်းခံထားသူများအနေဖြင့် သေခြင်းတရားကိုမလွန်ဆန်နိုင်ပေ။ ဓမ္မဟောင်းကျမ်း၌ ဧနော့နှင့်ပရောဖက် ဧလိယတို့သည် အသက်မသေဘဲ ကောင်းကင်သို့အရှင်လတ်လတ်ယူဆောင်ခြင်းခံရသည်ဟုဆိုပါသည်။ (ကမ္ဘာဦးကျမ်း ၅း၂၃-၂၄၊ တ ဓမ္မ ၂း၁၁၊ ပရောဖက်မာလခိ ၄း၅-၆၊ ဗျာဒိတ်ကျမ်း ၁၁း၃-၁၂၊ ဆာလံ ၁၈း၃၀) ဘုရားသခင်က ၄င်းတို့အား အသက်ရှင်လျှက် ကောင်းကင်သို့ဆောင်ယူခဲ့ရခြင်းမှာ ၄င်းတို့သည် ဘုရားသခင်၏စိတ်သဘောတော်နှင့် တွေ့သောသူများဖြစ်ကြသည်။ ဤသို့ဆိုလျှင် ၄င်းတို့သည် အမှန်တကယ်မသေခဲ့ကြသလော။ ၄င်းတို့၏အကျင့်အကြံ များသည် ယေဇူးသခင်ထက်ပင်လျှင် ကြီးမြတ်ပြည့်စုံသည်ဟုဆိုလိုခြင်းလော့။ လုံး၀မဖြစ်နိုင်ပေ။ အဘယ်သို့ဆိုလိုပါသ နည်း။ ဘုရားသခင်ရှေ့၌ဖြောင့်မတ်သောသူ၊ ဘုရားသခင်၏စိတ်သဘောနှင့်တွေ့သူ၊ ဘုရားသခင်၏ပညတ်တော်များကို ပြစ်ချက်မရှိလိုက်နာသူများသည် သေပြီးသော်လည်းဆက်လက်၍ ၄င်းတို့၏ကောင်းသတင်းများသည် သင်းနေဆဲ၊ မွှေး နေဆဲဖြစ်သည်ကိုဆိုလိုသည်။ မိုးဇက်အားဘုရားသခင် မီးတောက်မီးလျှံကြားမှ ထင်ရှားပြချိန်၌ ဘုရားသခင်က ‘ငါသည် အာဘရာဟမ်၊ အီဇက်၊ ယာကုပ်တို့၏ဘုရားဖြစ်သည်။ ငါသည် သေသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘု ရားဖြစ်၏’ ဟုမိန့်တော်မူသည်ကိုထောက်ခြင်းဖြင့်သိနိုင်ပါသည်။ (ထွက်မြောက် ၃း၆၊ သံမာတေဦး ၂၂း၃၂) ဤယုံ ကြည်ခြင်း၏ဘိုးဘေးများသည် ကာယအသက်တာသေး ဆုံးခဲ့ပြီးဝိညာဉ်ဖြင့်ပြန်လည်ရှင်ပြန်မည့် အချိန်ကိုစောင့်နေကြသည်။ သို့သော် ယခုထိတိုင် ၄င်းတို့၏ကောင်းကျင့်သီလပါရမီများကြောင့် မသေသကဲ့သို့ လူများ တမ်းတမ်းတတရှိနေကြသည်။ ၄င်းတို့ထံမှသင်ယူနေကြရသည်။

            ယနေ့ဖတ်ရူသောဧ၀ဂေလိကျမ်း၌ ယေဇူးသခင်သည် သဘာ၀ထက်လွန်ကဲသောအ‌ခြေအနေဖြစ်သည့် ‘ငါ၏စ ကားကို လိုက်နာကျင့်ကြံသောသူသည် သေခြင်းနှင့်မည်သည့်အခါမျှ ကြုံရလိမ့်မည်မဟုတ်’ ဟုမိန့်ကြားသည်။ ယေဇူးသ ခင်၏ဆိုလိုရင်းကိုမသိဘဲ ယေဇူးသခင်အား ချက်ချင်းစောဒကတက်ကြသည်။ ယေဇူးသခင်၌ ထာ၀ရအသက်နှင့်ဆိုင် သောစကားရှိသည်ကိုမသိကြပေ။ (သံယောဟန် ၆း၆၈ခ) ယေဇူးသခင်၏စကားများကိုနားလည်ရန်မှာ သူကဲ့သို့ပြည့်စုံ နေရမည်။ ထိုသို့မပြည့်စုံနိုင်သောကြောင့် တစ်ခါတစ်ရံလက်ခံရန်ခက်ခက်ခဲချိန်၌ ‘အိုသခင်ဘုရား၊ တပည့်တော်တို့၏ယုံ ကြည်ခြင်းကို တိုးပွားစေတော်မူပါ’ ဟု နှိမ့်ချစာဆုတောင်းရမည်။ (သံလုကာ ၁၇း၅)

 

 

Daily Reflection