Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-07 07:54:55
     5th Week of Lent-Friday
Jn. 10:31-42 
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe (I.S.R.)

           ဂျူးလူမျိုးတစ်ဦးဖြစ်သော ယေဇူးသခင်သည် ကားစင်တင်၍အသတ်ခံရသည့် စီရင်ချက်ကား အလွန်ဆိုးရွားပြင်းထန်လှသောပြစ်ဒဏ်ဖြစ်သည်။လူ့ဂုဏ်သိက္ခာမဲ့လှသည်။ဤကဲ့သို့သော်ပြစ်ဒဏ်ကို ရာဇ၀င်လူဆိုးများအားသာချမှတ်သော နောက်ဆုံးနှင့်အကြီးလေးဆုံးစီရင်ချက်ဖြစ်သည်။ဂျူးလူမျိုးတို့သည် မျိုးချစ်စိတ်အလွန်ပြင်းထန်သည်ဟုမှတ်သားခဲ့ဖူးပါသည်။သို့သော်မေတ္တာမဲ့လာလျှင်သော် လည်းကောင်း၊အမုန်းတရားကြီးစိုးလာလျှင်သော်လည်းကောင်း မျိုးချစ်စိတ်ပျောက်ရုံမကဘဲ လူစိတ်ပါပျောက်ရှကုန်ကြသည်။လူစိတ်ပါပျောက်ရှရုံမကဘဲ ဘုရားသခင်၏ တထူးတခြားရွေးကောက်ခံထားရသောလူမျိုးတော်ဆိုသည်ကိုပင်မေ့ပျောက်ကုန်သည်။သာမန်လူမျိုးစုတစ်စုမျှသာ သဘောထားနိမ့်ကျစွာလုပ်ဆောင်တတ်သည်။၄င်းတို့အတွက် လူ့အသက်ကိုကယ်ရန်၊လူ့ဂုဏ်သိက္ခာကိုလေးစားရန်ထက် ဘာသာတရားသည်အဓိကဖြစ်ဟုခံယူကြသည်။လူ့အသက်၊ လူ့ ဂုဏ်သိက္ခာကိုမငဲ့၊မကယ်တတ်ချင်းသည် မိမိတို့၏ဘာသာရေး၀တ္တရားဖြည့်ဆည်းခြင်းသည်ကျိုးကြောင်းတရားမဲ့လှ သည်ဟုမခံယူပေ။ယေဇူးသခင်မှာမှု လူ့အသက်ကို ဥပုသ်နေ့ထက်တန်ဖိုးထားသည်။ ထို့ကြောင့် ယေဇူးသခင်သည် ကုသမှုပြုရန်အ ကြောင်းသင့်နေပါက ဥပုသ်နေ့ဖြစ်သော်ငြားလည်းမရှောင်။ ကုသမှုကိုပြုပေးသည်။ ယေဇူးသခင်သည် ဥပုသ်နေ့၌ လက်တစ်ဖက်သေနေသူကိုလည်းကောင်း(သံမာတေဦး ၁၂း၉-၁၁၊ သံမာကု ၃း၁-၆)၊မသန်စွမ်းသောအမျိုးသမီးတစ်ဦး၏‌ေ၀ဒနာကိုလည်းကောင်း (သံလုကာ ၁၃း၁၄)၊(၁၈)နှစ်ကြာရောဂါခံစားနေခဲ့ရသောအမျိုးသမီးတစ်ဦးကိုလည်း ကောင်း (သံလုကာ ၁၃း၁၀-၁၇) ကုသပေးခဲ့သည်။ယေဇူးသခင်သည် ဥပုသ်နေ့၌တားမြစ်ထားသောအမှုဖြစ်သည့် ဂျုံ နှံကိုခူး၍စားကြသည်ကိုလည်း မိမိ၏တပည့်တော်ကြီးတို့အား တားမြစ်ခြင်းမပြုလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အရေးပေါ်အခြေအနေ၌ လူ့အသက်သည် စည်းကမ်းဥပဒေထက်အရေးကြီးသည်။ ယေဇူးသခင် ကောင်းသောဆမာရီ တန်ဥပမာ၌ ယေဇူးသခင်သည် ဆမာရီတန်၏လုပ်ရပ်ကို ဘုရားသခင်၏တရားတော်နှင့်ညီလျှော်သောအမှုဟုမိန့်ကြား ပြီး၊ ထိုနည်းတူပြုရန်ပင်တိုက်တွန်းထားသည်။(သံလုကာ ၁၀း၂၅-၃၇)ယနေ့ဧ၀ဂေလိကျမ်းစာတော်မြတ်၌ ဂျူးလူမျိုးတို့သည် ယေဇူးသခင်၏မိန့်ကြားချက်ကိုကြားလိုက်ရသောအခါ ယေဇူးသခင်အား ခဲဖြင့်ပေါက်သတ်ရန်ကောက်ကြ၏။၄င်းတို့အတွက် သွေးသည်လူ့အသက်ဖြစ်သည်ဟုယုံကြည်ကွ သည်။(၀တ်ပြူရာကမြျး ၁၇း၁၁) အသက်ကိုပေးပိုင်ချင်၊ရုတပိုငျခှငျ့သည် ဘုရားတစျပါးတညျးသာအစိုးရသညျ။ သှေး ကိုပငျမထိ၊ မစားပါဘဲလြှကျ လူ၏အသကျကိုမှုသတျရနျတကဲကဲလုပျဆောင်နေသည်မှာ အတော်တရားမဲ့သောလုပ်ရပ် ဖြစ်ပါသည်။ယေဇူးသခင်သည် သာမန်လူသားတစ်ဦးလေလား။လူ့အဖြစ်ကိုခံယူထားသောဘုရား၏သားတော်လေလား ဆိုသည်ကိုမူ သမ္မာကျမ်းစာများ အာဂုဏ်ဆောင်နိုင်သော ကျမ်းတတ်ဆရာများမသိရခြင်းမှာအံ့ဩဘနန်းပင်။ လုံး၀မသိ ၍လော။ ယေဇူးသခင်ကို အသေသတ်ရန်ကြံစည်ခြင်းလော။ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံရသောသူတို့ကိုပင် ဘုရား များဟုခေါ်ကြကြောင်း ကျမ်းစာထဲ၌ဖော်ပြထားသည်။ သို့ဖြစ်လျှင် ယေဇူးသခင်သည် ဘုရားသခင်နှစ်သက်မြတ်နိုးသော ဘုရား၏ချစ်သားတစ်ပါးအနေဖြင့် ဘုရား၏သားတော်ဟုသုံးနှုန်းသည်မှာ မှန်ကန်အပ်စပ်ပါသည်။
အိုသခင်၊ ကိုယ်တော်သည် သိမ်မွေ့၍နှိမ့်ချသောစိတ်နှလုံးရှိသကဲ့သို့ ကိုယ်တော့်ထံမှ တပည့်တော်တို့သင်ယူနိုင်စေ တော်မူပါ။ (သံမာတေဦး ၅း၂၈-၂၉)      

Daily Reflection