၀ါတွင်းကာလစနေနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၁း၄၅-၅၇၊
Rev. Fr. Cle Pike
Posted by Sr. B. Myat Hnin Nwe (I.S.R)
ဂျူးလူမျိုးတို့ကိုနှင့်ပတ်သက်၍ တမန်တော်ပေါလုက‘ဂျူးလူမျိုးတို့သည် တန်ခိုးအံ့ဖွယ်ရာများကိုရှာကြ၏။ဂရိ လူမျိုးတို့ကား ဉာဏ်ပညာကိုရှာကြ၏’ဟုမိန့်ကြားထားသည်။(ပ ကော်ရိန့်သု ၁း၂၂)တမန်တော်ပေါလုမိန့်ကြားသကဲ့သို့ပင်ဂျူးလူမျိုးတို့သည် ယေဇူးသခင်၏ခေတ်၌လည်း နိမိတ်လက္ခဏာကိုတောင်းကြသည်။(သံမာတေဦး ၁၂း၃၈-၄၂၊ သံမာကု ၈း၁၁-၁၂၊ သံလုကာ ၁၁း၂၉-၃၂)အမှန်တကယ်သူတို့သည် နိမိလက္ခဏာများကိုမြင်ရ၍ ယေဇူးသခင်အားယုံကြည်မည်ဆိုလျှင်ယေဇူးသခင်အနေဖြင့်ကာနာမြို့၌လက်ထပ်ပွဲ၌ရေမှစပျစ်ရည်သို့ပြောင်းခဲ့သည်။(သံယောဟန်၂း၁-၁၁)အမတ်၏သားကိုရောဂါပျောက်ကင်းစေခဲ့သည်။(သံယောဟန် ၄း၄၆-၅၄) ဘက်ဆိုက်ဒါဟုခေါ်သော ကန် ဘေး၌လက်ခြေသေနေသူကိုကုသပေးခဲ့သည်။(သံယောဟန် ၅း၁-၁၈)လူပေါင်းငါးထောင်ကျော်ကို မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ဖြင့်ကျွေးမွေးခဲ့သည်။(သံယောဟန် ၆း၁-၁၄)ယေဇူးသခင်သည် ရေပေါ်၌လမ်းလျှောက်သော်လည်း ရေမ နစ်ခဲ့ပေ။(သံယောဟန် ၆း၁၅-၂၅)ဤနိမိလဏ္ခာများအနက် ယေဇူးသခင် ရေပေါ်လမ်းလျှောက်သည့် နိမိလဏ္ခာမှ လွဲ၍ ကျန်နိမိလက္ခဏာများသည် လူထူပရိသတ်များရှေ့၌ပြုလုပ်ခဲ့သည်။ သို့သော် ယေဇူးသခင်ကို ၄င်းတို့ယုံကြည်လာ ကြသလောဟုမူပို၍ပင်ရန်ဆောင်လာကြသည်။ယနေ့ဖတ်ရူသောဧ၀ဂေလိကျမ်း၌ ယေဇူးသခင်သည် လာဇရူးကိုအသက်ပြန်ရှင်စေခဲ့သည်။ ထို့ကြောင့် ဂျူးလူ မျိုးများစွာယေဇူးသခင်ကိုယုံကြည်ကြသည်။ ထိုသတင်းကို ဂျူးလူမျိုးအချို့က ဖာရီဇေဦးတို့ထံသို့သတင်းပေးပို့ကြ၏။သတင်းပေးပို့ခြင်းမှာ ယုတ်မာသောစိတ်နှင့်ပေးပို့ခြင်းဖြစ်ချင်မှဖြစ်ပေမဲ့သတင်းကြားရသောသူတို့ကား ယုတ်မာသောစိတ်ဖြင့်ယေဇူးသခင်ကိုသတ်ရန်ပို၍အားထုတ်လာသည်။အဘယ်မျှအထိအားထုတ်လာသနည်းဟုမူယေဇူးသခင်ရှိသည့်နေရာကိုအကြောင်းကြားရန်အမိန့်ထုတ်ထားသည်။၄င်းတို့၏ကျိုးကြောင်းဆင်ခြင်မှုသည် အဘယ်မျှလွှဲချောသ နည်းဟုမူ ယေဇူးသခင်ကိုသတ်ရန်ကြံစည်ရခြင်းသည် ယေဇူးသခင်ကြောင့် ရောမလူမျိုးတို့လာ၍၄င်းတို့၏သန့်ရှင်းရာ ဌာနကိုလည်းကောင်း၊လူမျိုးကိုလည်းကောင်း ဖျက်ဆီးမည်ဟုဆိုပါသည်။အမှန်မှာ ရောမလူမျိုးတို့လာရောက်မဖျက် ဆီးမည် တရာအလွှဲအချော၊တရားအမှားများ၊အကျင့်ပျက်ခြစားမှုများဖြင့် ဗိမာန်တော်ကိုလည်း ပါးစပ်ကသာ သန့်ရှင်းသောဌာနဟုပြောဆိုကြပြီး လက်တွေ့၌မူဆုတောင်းရာအိမ်တော်မှသူခိုး၊ဓားပြခိုအောင်းသောနေရာအဖြစ်လည်းကောင်းမသန့်ရှင်းအောင်၄င်းတို့စိတ်ကြိုက်ချယ်လှယ်လုပ်ဆောင်နေကြသည်။ (သံလုကာ ၁၉း၄၅-၄၆) သန့်ရှင်းသော နေရာဖြစ်သည့် တရားဇရပ်ထဲ၌နေ၍ ကျမ်းစာတော်မြတ်ကိုကြားနာနေသော်လည်း အတွင်းစိတ်၌ကားမနာလိုစိတ်များ ဖြင့်မွှန်းကြပ်နေပြီး၊ဗိမာန်တော်မှ၌ထွက်သွားသည်နှင့်ယေဇူးသခင်အား မြို့တည်ရာတောင်ထိပ်စွန်းမှတွန်းချရန်အထိပင်ကြံစည်ခဲ့ကြသည့်တိုင်(သံလုကာ ၄း၁၆-၃၀)၄င်းတို့သည် အပြစ်မရှိသူ၊ဖြောင့်မတ်သူ၊ဘုရားသခင်၏ပညတ်တော် နှင့်အညီကျင့်ကြံရှင်သန်သူဟုဟန်ဆောင်ခံယူနေကြသည်။(သံမာတေဦး ၉း၁၃) အမှန်မှာ ၄င်းတို့အမြတ်တနိုးထားသောဗိမာန်တော်နှင့်၄င်းတို့၏လူမျိုးသည် ယေဇူးသခင်ကြောင့်မဟုတ်။ သူတို့၏ဦးစီးဦးဆောင်မူညံ့ဖျင်းခွငျး၊ သိုးရခွေံ ထားသောဝံပုလှမြေားကွောငျ့သာဖွစျသည်။မိမိတို့၏အပြစ်ကိုမမြင်သူတစ်ပါးကိုသာစီရင်ဆုံးဖြတ်နေကြသည်။ (သံမာ တေဦး ၇း၃-၅)
အိုသခင်၊ အပြစ်ရှိသူတပည့်တော်တို့ကိုသနားတော်မူပါ။ (ဆာလံ ၅၇း၁)