ဧပရယ် ၁၀ ရက်၊ ၂၀၂၂၊ မေတ္တာပန်းဝေပွဲ တနင်္ဂနွေနေ့
(သခင်ခရစ်တော်၏ ဒုက္ခစရိယာ တနင်္ဂနွေနေ့ ဟု၍လည်းခေါ်သည်။)
ဖာသာရ် ဘောစကိုစောလားထူး
Posted by Sr. B. Myat Hnin Nwe(I.S.R.)
မေတ္တာပန်းဝေသောအခါဖတ်ရန်
(လုကာ 19: 28-40, ကက်သလစ်သမ္မာကျမ်းစာ CBCM)
ဖာသာရ် ဘောစကိုစောလားထူး
“28.ကိုယ်တော်သည် ထိုအကြောင်းအရာကို မိန့်တော်မူပြီးနောက် ဂျေရုဆလင်မြို့သို့ ခရီးဆက်ရန် ရှေမှ ကြွသွားတော်မူ၏။
29.ကိုယ်တော်သည် သံလွင်တောင်ဟုခေါ်သော တောင်အနီးရှိ ဘက်ဖာဂျေရွာနှင့် ဘက်သနီရွာများအနီးသို့ ရောက်လျှင် တပည့်တော်နှစ်ပါးကိုစေလွှတ်၍၊30.သင်တို့၏ရှေ့တွင် ရှိသောရွာသို့ ဝင်သွားကြလော့။ရွာတွင်းသို့ သင်တို့ဝင်သောအခါ မည်သူမျှ မစီးဖူးသေးသည့် မြည်းကလေးတစ်ကောင်ချည်ထားလျက်ရှိသည်
ထောက်ရှုရန် -- ယေဇူးသခင်ဟာမြည်းကလေးကိုစီး ရတဲ့အကြောင်းက သူဟာငြိမ်းချမ်းခြင်း၏ဘုရင်ဖြစ်
ဧဝံဂေလိကျမ်း
ခရစ်တော်သခင် ဒုက္ခခံခြင်း၊ အသေခံခြင်းကို ဖတ်ရှုထောက်ရှုခြင်း
မာတေဦး 26:14 - 27:66
33.ထို့နောက် ဦးခေါင်းခွံအရပ် ဟု အဓိပ္ပာယ်ရသော ဂေါလ်ဂေါသအရပ်သို့ရောက်ကြ သောအခါ၊34.သူတို့သည် ကိုယ်တော်အား သည်းခြေနှင့် ရောသောစပျစ်ရည်ကိုသောက်ရန် ပေးကြ၏။ သို့သော် ကိုယ်တော်သည် ၎င်းကို မြည်းကြည့်ပြီးလျှင် မသောက် ဘဲနေတော်မူ၏။35.သူတို့သည်လည်း ကိုယ်တော့်ကို လက် ဝါးကပ်တိုင်တင်ပြီးသောအခါ ကိုယ်တော်၏အဝတ်များ ကို မိမိတို့အချင်းချင်း မဲချ၍ ခွဲဝေယူကြ၏။36. ထို့နောက် သူ တို့သည် ထိုင်၍ ကိုယ်တော့်ကို ထိုအရပ်မှ စောင့်ကြည့် နေကြလေ၏။37.ကိုယ်တော်၏ဦးခေါင်းတော်အပေါ်၌ လည်း ဤသူသည်ကား ဂျူးလူမျိုးတို့၏ဘုရင်၊ ယေဇူးဖြစ် သတည်းဟူသော ကိုယ်တော့်အပေါ် စွဲချက်တင်ထား သည့်စာတမ်းကို တပ်ထားကြ၏။38.ထိုအချိန်၌ ဓားပြနှစ် ယောက်တို့သည် ကိုယ်တော်နှင့်အတူ လက်ယာဘက် ၌တစ်ယောက်၊ လက်ဝဲဘက်၌တစ်ယောက် လက်ဝါးကပ် တိုင်တင်ထားခြင်း ခံကြရ၏39.လမ်းသွားလမ်းလာတို့ သည်လည်း မိမိတို့ဦးခေါင်းများကိုယမ်းကြ
ထောက်ရှုချက်
*ကယ်တင်ခြင်းပေးဖို့ ခရစ်တော်ဒုက္ခခံဖို့လိုသလား။
လောကမှာ ဘာတစ်ခုမှအလကားမရပါဘူး။ ကိုယ်လို့ချင်တဲ့အရာက တန်ဖိုးကြီးရင် များများ ပေးဆပ်ရပါတယ်။
ဥပမာ-မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ဗိုချုပ်နဲ့အတူ လူပေါင်းများစွာ အချိန်၊ သွေး ချွေး အသက်တွေ ပေးဆက်ခဲ့ရပါတယ်။
ဒီနေ့ခေါတ် မြန်မာနိုင်ငံ ဒီမိုဂရေစီခရီးလမ်းကို လျောက်လှမ်းတဲ့အခါမှာလည်း လူပေါင်းများစွာ အသက်သွေးချွေး စတေးခဲ့ကြပါတယ်။ ပို၍တန်ဖိုးကြီးတဲ့အရာကိုလိုချ
သခင်ခရစ်တော် ရယူပေးတဲ့အရာက လူသားမျိုးနွယ်စုတစ်ခုထဲအတွက်
ဒါဟာဘုရားရှင်ရဲ့ လူသားအားလုံးအပေါ်ထားတဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို
* ရှင်ယောဟန် 15:13" မိမိ၏ မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွှတ်သော ချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ။"
တောင်းဆု
* အိုခရစ်တော်ရှင်ဘုရား ကိုယ်တော်၏ အသက်သွေးဖြင့် ဝယ်ယူခဲ့ရသော ဤကယ်တင်ခြင်းဆုကျေးဇူးတော်ကို ဘုရားတပည့်တော်အား ရယူပိုင်ဆိုင်ခွင့် ပေးတော်မူပါဘုရား။