Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-11 17:16:10
      ၀ါတွင်းကာလဆဌမပတ် (သို့) သန့်ရှင်းသောရက်သတ္တပတ်အဂ်ါနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၃း၂၁-၃၃၊ ၃၆-၃၈၊
Rev. Fr. Cle Pike
  Posted by Sr. B. Myat Hnin Nwe (I.S.R)

            ယေဇူးသခင်သည် လောကကယ်တင်ရှင်၊ဘုရားသခင်၏သားတော်အလူ့အဖြစ်ကိုယူထားသည်မှန်သော်လည်း သူ၏ဘ၀သည်‘သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် သင့်ကိုယ်ကို ဤနေ ရာမှအောက်သို့ပစ်ချပါလော့။အကြောင်းမူကား ကျမ်းစာတော်မြတ်၌ရေးထားသည်မှာ ကိုယ်တော်သည် သင့်ကိုစောင့် ရှောက်ရန် ကောင်းကင်တမန် တော်တို့အား မိန့်မှာထားတော်မူသည်ဖြစ်၍ သင်၏ခြေကိုကျောက်ခဲတစ်လုံနှင့်မျှ မထိခိုက်စေခြင်းဌာ သူတို့သည်လက်ဖြင့်ချီပင့်ထားကြလိမ့်မည်’ဟု စာတန်သူ့အားနှောက်ယှက်ခဲ့သကဲ့သို့ဘေးရန်ခပ်သိမ်းကင်းငြိမ်းသော အသက်တာကို ဖြတ်သန်းခဲ့ခြင်းမဟုတ်။(သံလုကာ ၄း၉-၁၁) အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်၏နိုင်ငံတော်သည် ဤလောကနှင့် သက်ဆိုင်သည်မဟုတ်သောကြောင့်ဖြစ်သည်။(သံယောဟန် ၁၈း၃၆)ယေဇူးသခင်သည် သူ၏နောက်လိုက်များအားလည်း သူ့နောက်လိုက်ရာ၌ ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့်ကြုံရမည့်အကြောင်းကိုလည်းမိန့်ကြားခဲ့သညျ။ (သံမာကု ၁၀း၃၀၊ သံမာတေဦး ၁၀း၁၆-၁၈)ယဇေူးသခငျက ‘ငါ့နောကျ သို့လိုကျလိုသောသူသညျ မိမိကိုယျကိုငွငျးပယျ၍ မိမိ၏လကျဝါးကပျတိုငျကိုထမျးကာ ငါ့နောကျသို့လိုကျစေ’ ဟုမိနျ့ ကွားခွငျးဖွငျ့လညျးကောငျး (သံမာတေဦး ၁၆း၂၄)၊ ယဇေူးသခငျသညျ သူ၏သခွေငျး၊ ရှငျပွနျထမွောကျခွငျးအ ကွောငျးပွောရာ၌လညျး သူသညျ ကယျတငျရှငျမယျဆီးယာဖွစျသညျ့တိုင် ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရမည့်အကြောင်းကို မထိန်မ၀ှက်ပွင့်လင်းစွာမိန့်ကြားခဲ့သညျ။ (သံမာတေဦး ၁၇း၂၂-၂၃) ဧ၀ဂေလိကျမ်းစာ၌ဖော်ပြထားသော ယေဇူးသခင်၏သက်တော်စဉ်ကိုပြန်ထောက်ရူကြည့်မည်ဆိုပါလျှင် ညှဉ်း ပန်းနှိပ်စက်ခြင်း၊အသက်ဘေးခြိမ်းခြောက်ခံရခြင်းသည် မထူးဆန်းတော့ပေ။ အဘယ်ကြောင့်ဆိုသော် မွေးဖွားပြီးသွေးနုသားနုအချိန်ကစ၍ သူ၏အသက်ကိုရန်ရှာသူများရှိနေခဲ့သည်။(သံမာတေဦး ၂း၁-၃)သူ့အားပြိုင်ဘက်အဖြစ်သတ် မှတ်ရန်လုပ်သူများရှိခဲ့သည်။ (သံမာတေဦး ၂း၁၃-၁၅)အသက်ကိုရန်ရှာချင်သူများသည် မျိုးဆက်နှင့်ချီ၍ရှိခဲ့သည်။(သံ မာတေဦး ၂း၁၉-၂၂) အသက်အရွယ်ရလာပြီး တရားဒေသနာတော်စတင်ဟောကြားလိုက်သည်နှင့်ယေဇူးသခင်အား သတ်ရန်ကြံစည်သူများလည်း ခါတော်မှီမွေးဖွားအသက်၀င်လာပြီးဖွစျသညျ။(သံမာတေဦး ၂၁း၃၈၊ ၂၆း၅၉၊ ၂၇း၂၀၊ သံမာကု ၁၄း၅၅၊သံယောဟနျ ၁၁း၄၅-၅၇၊ သံမာတေဦး ၂၆း၃-၅)သို့သော် ယေဇူးသခင်အတွက် ညှဉ်းပန်းနှိပ်စက်ခံရခြင်းသည် အကျိုးမဲ့အချည်းနှီးသက်သက်မဟုတ်ပေ။ အဘယ် ကြောင့်ဆိုသော် ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူတို့သည် မဂ်လာရှိကြ၏။(သံမာတေဦး ၅း၁၀) လူတို့သည် ငါ့အတွက်ကြောင့် သင်တို့ကိုစော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင် ရှုတ်ချကြသော အခါ သင်တို့သည် မဂ်လာရှိကြ၏။ ရွှင်လန်း၀မ်းမြောက်ကြလော။ ကောင်းကင်ဘုံ၌ထိုသူတို့အကျိုးသညျကွီးမားလှပေ သညျဟုမိနျ့ကွားသညျ။ (သံမာတေဦး ၅း၁၁-၁၂၊ သံမာကု ၁၀း၃၀) ယေဇူးသခင်၏ ကယ်တင်ခြင်းလုပ်ငန်းစဉ်၌ အပိုင်း(၃) ပိုင်းပိုင်းနိုင်ပါသည်။ပထမအပိုင်းကား ‘မွေးဖွားသန့်စင် ခြင်း’၊ဒုတိယအပိုင်းကား ‘ဒေသနာတရားဟောကြားခြင်း’၊တတိယအပိုင်းကား ‘ဒုက္ခလမ်းတော်ကိုလျှောက်ခြင်း’တို့ ဖြစ်သည်။ ယနေ့ဖတ်ရူသော ဧ၀ဂေလိကျမ်းစာတော်မြတ်၌ ယေဇူးသခင်သည် ခမည်းတော်ဘုရား၏အလိုတော်ဖြစ်သည့် လူသားကယ်တင်ခြင်းလုပ်ငန်းစဉ်၏ ‘တတိယ’ အပိုင်းကိုလုပ်ဆောင်ရန်အချိန်ကြရောက်လာသည့် အကြောင်းကို တပည့်တော်ကြီးများအားလုံးကြားသိစေရန်မိန့်ကြားလိုက်သည်။ဤသို့အပ်နှံခံရခြင်းကြောင့် လူမဆန်စွာ အာဏာသား တို့၏ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံယူရမည့်အပိုင်းဖြစ်သည်။ ဤသို့ခံယူခြင်း၏လေးနက်သောအကြောင်းအရင်းကား အမှန် တရားကိုလက်မခံလို၍ သတ်ဖြတ်ရန်ကြံစည်းခြင်းဖြစ်ပြီး၊ယေဇူးသခင်ကိုအပ်နှံသူမှာလည်း ငွေကြေးကိုမတ်မောသော စွဲလန်းစိတ်လွန်ခဲ့သောကြောင့်ဖြစ်သည်။ ယေဇူးသခင်သည် သမ္မာတရားဖြစ်သည်။ (သံ ယောဟန် ၁၄း၆ခ) သမ္မာတ ရားကိုသက်သေခံဟောပြောရန်ကြွလာခဲ့သည်။(သံယောဟန် ၁၈း၃၇)ထို့ကြောင့်သမ္မာတရားနှင့်သွေဖီ၍ လားလား မျှမဟောမပြော။အတိုးအလျော့လည်းမလုပ်။ဤသို့ပေးဆက်ရခြင်းသည် အချည်းနှီးသက်သက်မဟုတ်။ယေဇူးသခင် ကိုပိုင်ဆိုင်နိုင်သည့်အခွင့်အရေးကောင်းစွာရရှိခဲ့သော ယုဒအီစကာရီရုဒ်သည် ယေဇူးသခင်ကိုပိုင်ဆိုင်ရန်မရွေးချယ်ဘဲ ငွေကြေးကိုသာဦးစားပေးရွေးချယ်ခဲ့သည်။ နောက်ဆုံး၌ သူ့ဘ၀လည်းပျက်ခဲ့ရသည်။
***အိုဘုရားသခင်၊ တပည့်တော်တို့အား သခင်နှစ်ပါးကိုအစေခံလိုသောစိတ်ကို ကိုယ်တော့်တရားတော်ဖြင့် အနိုင်ယူစေ တော်မူပါ။ (သံမာတေဦး ၅း၂၄)         

Daily Reflection