Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-12 09:55:08
     ၀ါတွင်းကာလဆဌမပတ် (သို့) သန့်ရှင်းသောရက်သတ္တပတ်ဗုဒ္ဓဟူးနေ့၏ကျမ်းစာထောက်ရှုချက်
သံမာတေဦး ၂၆း၁၄-၂၅၊
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe (I.S.R)

 

            ယနေ့ ဖတ်ရူသောဧ၀ဂေလိကျမ်း၌ ယေဇူးသခင်၏တပည့်တော်ကြီး (၁၂) အနက်တစ်ပါးလည်းဖြစ်၊ အဖွဲ့အည်း ၏ ငွေအိတ်ကိုင်သူလည်းဖြစ် (သံယောဟန် ၁၂း၆၊ ၁၃း၂၉) ၊ ယေဇူးသခင်ကိုလည်း ငွေအသပြာ (၃၀) ဖြင့်ရောင်းစား သူဟုလည်း ဧ၀ဂေလိကျမ်းစာ၌ ဖော်ပြခံရသူလည်းဖြစ်သော ယုဒအား သူ၏ဖခင် စီမွန်အီစကာရီယုဒ်၏အမည်တပ်၍ ခေါ်ထားသည်။ (သံယောဟန် ၁၃း၂၆ခ) ဤသို့ခေါ်ဆိုခြင်းဖြင့် သားသမီးခေါင်းလျှင် မိဘဂုဏ်တက်ရသည်။ သားသမီး မကောင်းလျှင် မိဘသွန်သင်ပြမှုမကောင်း၍၊ မတတ်၍ဟု ပြောဆိုခံရပေမည်။ ယေဇူးသခင်၏ တပည့်တော်ကြီး (၁၂) ပါး အနက် ယုဒအမည်ကိုခံယူထားသော တပည့်တော်ကြီး (၂) ပါးရှိသည်။ ယေဇူးသခင်ကိုရောင်းစားသော ယုဒနှင့်ယုဒဒီဒီး မုစ်ဖြစ်သည်။ ‘ယုဒ’ ဟူသောအမည်ကိုကြားလိုက်သည် နှင့်ခရစ်ယာန်တိုင်း၏အတွေး၌ ယေဇူးသခင်ကိုရောင်းစားသူဟူ သောအတွေးသည် ချက်ချင်းပင်၀င်ရောက်လာသည်။ ယုဒအီစကာရီယုဒ်ကျူးလွန်ခဲ့သောပြစ်မှုသည် လွန်ခဲ့သော နှစ် ပေါင်း (၂၀၀၀) ကျော်ကဖြစ်ပျက်ခဲ့သည်မှန်သော်လည်း ကယ်တင်ခြင်းသမိုင်း၌မှု ယနေ့ထိတိုင်သစ်လွင်ဆဲ၊ လောလော လတ်လတ်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကဲ့သို့ပြောမဆုံးနိုင်သေးသော ရင်နစ်ကြေကွဲစရာအဖြစ်အပျက်ဖြစ်သည်။ သူ သည်လောဘစိတ်စောကပ်သောကြောင့် ဆရာသမားကိုပင် ရောင်းကုန်တစ်ခုနှယ် လှည့်ဖြားရောင်းစားခဲ့သည်။ ထိုလုပ် ရပ်သည် သူ့သမိုင်း၌သာအရိပ်မဲကြီးဖြစ်သွားခဲ့သည်မဟုတ်။ သူ၏မိဘ၊ ဆွေးမျိုးသားချင်းတို့အားလည်း နာမည်ပျက်စေ ခဲ့သည်။
***အိုသခင်၊ တပည့်တော်တို့ကို လောကအရာများအား လွန်ကဲသောတပ်မက်စွဲလန်းများအားလျော့နည်းပပျောက်ထိန်းချုပ် နိုင်စေတော်မူပါ။                    

 

Daily Reflection