Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-12 10:10:34
ဧပြီလ ၁၃ ရက်၊ ၂၀၂၂၊ ဗုဒ္ဓဟူးနေ့ကြီး၊ သန့်ရှင်းသောနေ့ရက် 
Rev. Fr.Bosco Saw Lar Htoo
Posted by Sr. B. Myat Hnin Nwe (I.S.R.)

(ဟေရှာယ 50: 4-9, Judson)
“4. ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရား သည် လူတတ်၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ၏။ 5. အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊ 6. ရိုက်သော သူတို့အား ငါ့ကျောကို၎င်း၊ နားပန်း ဆံကို နှုတ်သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ။ 7. အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူ လိမ့်မည်။ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာ ကို မီးကျောက်ကဲ့သို့ ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏။ 8. ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။ အဘယ်သူသည် ငါနှင့်ရန်ဘက်ပြုမည် နည်း။ ထိုသူသည် ချဉ်းကပ်စေ။ 9. ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူမည်။ အဘယ်သူသည် ငါ့ကို တရားရှုံးစေ မည်နည်း။ ထိုသို့သော သူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည်။” 
(မာတေဦး 26:14-25, “14.ထိုအခါ တစ်ဆယ့်နှစ်ပါးထဲမှတစ်ဦးဖြစ်သော ဂျုဒ အစ္စကာရီယုဒ်သည် ရဟန်းအကြီးအကဲများထံသို့ သွား၍၊15.ထိုသူကို သင်တို့လက်သို့ ငါအပ်လျှင် သင်တို့သည် ငါ့အား မည်သည့်အရာကိုပေးမည်နည်းဟုဆိုသော် သူ တို့သည် သူ့အား ငွေဒင်္ဂါးသုံးဆယ်ပေးလိုက်ကြ၏။16.ထို အချိန်မှစ၍ သူသည်လည်း ကိုယ်တော့်ကိုအပ်နှံခြင်းငှာ အခွင့်ကောင်းကိုရှာကြံလျက်နေ၏။17.တဆေးမပါသောပေါင်မုန့်ပွဲတော်၏ပထမနေ့၌ တပည့်တော်တို့သည် ယေဇူးထံတော်သို့ ချဉ်းကပ်ကြပြီး လျှင် ကိုယ်တော်သည် ပါစကားပွဲညစာကိုသုံးဆောင်ရန် တပည့်တော်တို့ကို မည်သည့်နေရာတွင် ပြင်ဆင်စေလို သနည်းဟု မေးလျှောက်ကြ၏။18.ကိုယ်တော်ကလည်း မြို့ထဲရှိ ဤမည်သောသူထံသို့သွားကြ၍ ဆရာသခင်မှာ လိုက်သည်ကား ငါ၏အချိန်နီးပြီ၊ ငါ၏တပည့်တော်တို့ နှင့်အတူ သင်၏အိမ်၌ ပါစကားပွဲကိုကျင်းပမည်ဟူ၍ သူ့အား ပြောကြားကြလော့ဟုမိန့်တော်မူ၏။19. ထိုအခါ တပည့်တော်တို့သည် မိမိတို့အား ယေဇူးမိန့်မှာတော်မူ သည့်အတိုင်းပြုလုပ်ကြ၍ ပါစကားပွဲကိုကျင်းပရန် ပြင် ဆင်ကြလေ၏။20.ညနေအချိန်ရောက်သောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ထိုင် တော်မူ၏။21.ထို့နောက် သူတို့သည် ညစာစားလျက်နေ ကြစဉ် ယေဇူးက သင်တို့အား ငါအမှန်ဆိုသည်ကား သင် တို့ထဲမှတစ်ဦးသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်ဟု မိန့်တော်မူ၏။22.ထိုအခါ သူတို့သည် အလွန်ပင် ဝမ်းနည်းကြ သဖြင့် သခင်၊ တပည့်တော်ဖြစ်သလောဟု အသီးသီး မေးလျှောက်ကြ၏။23.ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင်လက်နှိုက်သောသူသည် ငါ့ကို သစ္စာဖောက် လိမ့်မည်။24.လူသားသည် မိမိနှင့်ပတ်သက်၍ ကျမ်းစာ တော်မြတ်၌ရေးထားသည့်အတိုင်း သွားရသည်မှန်၏။ သို့သော် လူသားအပေါ်၌ သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားခြင်းမခံခဲ့ရလျှင် သာ၍ ကောင်း၏ဟုမိန့်တော်မူ၏။25. ကိုယ်တော်ကို သစ္စာ ဖောက်သော ဂျုဒကလည်း သခင်ဘုရား၊ တပည့်တော် ဖြစ်သလောဟု မေးလျှောက်လျှင် ကိုယ်တော်က သူ့ အား သင်ဆိုလေပြီဟု မိန့်တော်မူ၏။” 
ထောက်ရှုချက် 
" လူသားသည် မိမိနှင့်ပတ်သက်၍ ကျမ်းစာတော်မြတ်၌ရေးထားသည့်အတိုင်း သွားရသည်မှန်၏။ သို့သော် လူသားအပေါ်၌ 
သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားခြင်းမခံခဲ့ရလျှင် သာ၍ ကောင်း၏။" အထက်၌ဖော်ပြထားသော ဟေရှာယကျမ်းသည် ယေဇူးခရစ်တော်သခင် ခံထမ်းရမည့်ဒုက္ခကိုကြိုတင်ဟောထားချက်ဖြစ်ပါသည်။ ဧဝံဂေလိကျမ်း မှာတော့ ဂျုဒ ကခရစ်တော်ကို ငွေဒင်းဂါး အပြား ၃၀ နဲ့ရောင်းခဲ့တာကိုတွေ့ရတယ်။ ဖြစ်လာမည့်အရာတွေကိုမငြင်းဆန်ပဲ ယေဇူးသခင်က ယုဒကိုခွင့်ပြုထားခဲ့တယ်။ဘာကြောင့်လဲဆိုတော့ ကျမ်းစာအဲ့ဒီအတိုင်းလာပြီးသူဟာလည်း အဲ့အတိုင်းသွားရမှာမို့လို့ပါ။ဒါပေမယ့် ဂျုဒ ရဲ့လုပ်ရပ်ဟာ မှားတယ် ဆိုတာကိုသူထောက်ပြခဲ့တယ်။ဂျုဒ အမှားနှစ်ခုကျူးလွန်ခဲ့ပါတယ်။ ပထမတစ်ခုက ဆရာသခင်ကို ရောင်းစားခဲ့တဲ့အမှား။ဒုတိယ အမှားကတော့ မိမိအ အမှားတွက် မိမိကိုယ်ကို ဒဏ်ခတ်စီရင်ခဲ့ခြင်းပါပဲ။ဂျုဒရဲ့ပထမအမှားက 
ပေထရုရဲ့အမှားနဲ့သဘောတရားမကွာဘူ:။ဒုတိယအမှားကြောင့်သာပိုပြီး အမင်္ဂလာ ဖြစ်သွားရတာဖြစ်ပါတယ်။ပေထရုလည်းမှားခဲ့တယ် သူအမှားအတွက်နောင်တရတယ်။ဆရာသခင်ထံပြန်လာပြီး ဘဝကိုအသစ်ပြန်စတယ်၊ဆရာသခင်ကိုအရင်ကထက်နှစ်ဆပိုချစ်ပြခဲ့တယ်။သူဟာ ကက်သလစ်အသင်းတော်ရဲ့ ပထမဆုံး ပုပ်ရဟန်းမင်း အဖြစ် ယေဇူးသခင်ကိုယ်တိုင်ခန့်အပ်တာခံခဲ့ရတယ်။ဂျုဒ လည်းမှားခဲ့တယ်၊ နောင်တရခဲ့တယ်၊ပေထရုလို ခရစ်တော်သခင်ဆီပြန်မလာပဲ၊ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတယ်။ အမှန်တော့ ဂျုဒဟာ ပေထရုလိုပဲ အမှားပြုပြင်ပြီး ဘဝအသစ်ပြန်စမယ်ဆိုရင် ယေဇူးသခင်က ဝမ်းမြောက်ဝမ်းသာကြိုဆိုမှာပါ။ 
ဒါပေမယ့်သူဟာ ဆရာသခင်ရဲ့ ကြီးမားတဲ့အချစ်နဲ့ ခွင့်လွတ်ခြင်းအပေါ် ယုံကြည်ခြင်းမရှိခဲ့ဘူး။ဒါကြောင့် အဲ့လိုလူဟာမွေးဖွားခြင်းမခံရလျှင်သာ၍ကောင်းတယ်လို့ ယေဇူးသခင်ပြောခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့ ကျွန်ုပ်တို့တွေလည်း ပေထရုနဲ့ ဂျုဒ တို့လိုပဲအမှား ကျူးလွန်တတ်ကြပါတယ်။ ၁) အမှားလုပ်ပြီးတဲ့နောက် ကျွန်ုပ်တို့ ရဲ့တုန့်ပြန်ချက်တွေက ဘယ်လိုပါလဲ။၂ ) ပေရုလို အမှားကိုပြင်ပြီး၊ဘုရားရှင်ကိုပို၍ချစ်ပြတတ်ကြပါရဲ့လား။၃) ဂျုဒလို မိမိအမှားနဲ့ခရီးဆက်ပြီး ဘုရားနဲ့ဝေးရာကို ပိုပြီးထွက်ခွာ သွားခဲ့ပါသလား။
၄) ငါ့အမှားကကွာ ဘာမှမဟုတ်ပါဘူး၊ ဘုရားသခင်နားလည်ပါတယ် ဆိုပြီး အကြိမ်ကြိမ် ထက်ပြီးကျူးလွန်နေတတ်ပါသလား။ 
**တောင်းဆု**
အိုမေတ္တာတော်ရှင်အဖဘုရား အပြစ်သားကျွန်ုပ်အပေါ်၌ ကိုယ်တော်၏ကြီးမားလှသော သနားခြင်းနှင့်ခွင်လွတ်ခြင်များအတွက် ကျေဇူးတင်ချီးမွမ်းပါ၏။အပြစ်အမှားကျူးလွန်မိတိုင်း ပေထရုကဲသို့ ရိုးသားစွာနောင်တရလျက် ကိုယ်တော်၏ ခြေတော်ရင်းသို့ တိုးဝင်ချဥ်းကပ်ကာ ကိုယ်တော်နှစ်သက်သော ဘဝသစ်ဖြင့်ပြန်လည်းအစပြုနိုင်ရန် ခွန်အားပေးလှည့်ပါဘုရား။

Daily Reflection