Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-13 09:59:26
     ဧပရယ်လ ၁၄ ရက်၊ ၂၀၂၂၊ ကြာသာပတေးနေ့ကြီး၊ သန့်ရှင်းသောနေ့ကြီးရက်ကြီးကာလ။ 
(ယောဟန် 13: 1-15, 
Rev.Fr.Bosco Saw Lar Htoo
Posted by Sr. B.Myat Hnin Nwe(I.S.R)

“1.ပါစကားပွဲတော်မတိုင်မီ ယေဇူးသည် ဤကမ္ဘာလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ကြွသွားရမည်ဖြစ်သော မိမိ၏အချိန်နာရီ ကျရောက်လာကြောင်းကို သိတော်မူသောအခါ ဤလောကရှိ မိမိ၏တပည့်များကို ချစ်တော်မူသည့်အလျောက် သူတို့အား အဆုံးတိုင်အောင် ချစ်တော်မူ၏။2.ညစာစားပွဲအချိန်၌ နတ်ဆိုးသည် ကိုယ်တော့်ကိုအပ်နှံမည့် အကြံအစည်ကို စီမွန်၏သား ဂျုဒအစ္စကာရီယုဒ်၏ စိတ်နှလုံး၌ ထည့်သွင်းထားပြီးဖြစ်၏။ 3.ခမည်းတော်သည် မိမိ၏လက်ထဲသို့ ခပ်သိမ်းသောအရာတို့ကို ပေးအပ်ထားတော်မူသည်ကိုလည်းကောင်း၊မိမိသည် ဘုရားသခင်ထံမှကြွလာ၍ ဘုရားသခင်ထံသို့ပြန်သွားမည်ကိုလည်းကောင်း ယေဇူးသိတော်မူပြီးဖြစ်၏။4.သို့ဖြစ်၍ ကိုယ်တော်သည် ညစာစားပွဲမှထ၍ အပေါ်ဝတ်ရုံကို ချွတ်ပြီးလျှင် ပုဝါကိုယူ၍ ခါးတွင်စည်းတော်မူ၏။5.ထို့နောက် ကိုယ်တော်သည် ဇလုံတစ်ခုတွင် ရေထည့်၍ တပည့်တော်တို့၏ ခြေတို့ကို ဆေးပြီးလျှင် ခါးတွင်စည်းထားသော ပုဝါဖြင့် သုတ်တော်မူ၏။6.ကိုယ်တော်သည် စီမွန်ပေတရုထံသို့ ရောက်သောအခါ ပေတရုက သခင်ဘုရား၊ကိုယ်တော်သည် တပည့်တော်၏ ခြေတို့ကို ဆေးတော်မူမည်လောဟု မေးလျှောက်လေ၏။7.ယေဇူးက ငါပြုသောအမှုကို ယခုအချိန်တွင် သင်နားမလည်သော်လည်း နောင်တွင် သင်နားလည်လာလိမ့်မည်ဟု ဖြေကြားတော်မူ၏။8.ပေတရုက ကိုယ်တော်သည် တပည့်တော်၏ ခြေတို့ကို မည်သည့်အခါမျှ မဆေးရပါဟု လျှောက်လေ၏။ ယေဇူးကလည်း သင်၏ခြေကို ငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်တော့ပြီဟု မိန့်တော်မူ၏။9.ထိုအခါ စီမွန်ပေတရုက သခင်ဘုရား၊ တပည့်တော်၏ခြေကိုသာမဟုတ်၊တပည့်တော်၏လက်နှင့် ဦးခေါင်းကိုလည်း ဆေးတော်မူပါဟု ကိုယ်တော်အား လျှောက်လေ၏။10.ယေဇူးက ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံး စင်ကြယ်သည်ဖြစ်၍ သူ၏ခြေတို့မှတစ်ပါး အခြားနေရာတို့ကို ဆေးကြောသန့်စင်ရန် မလိုအပ်ပေ။သင်တို့သည်လည်း စင်ကြယ်ကြ၏။သို့ရာတွင် သင်တို့ အားလုံးစင်ကြယ်သည်မဟုတ်ဟု သူ့အား မိန့်တော်မူ၏။11.အကြောင်းမူကား ကိုယ်တော်သည် မိမိကို အပ်နှံမည့်သူမှာ မည်သူဖြစ်ကြောင်း သိတော်မူသောကြောင့်ဖြစ်၏။ထို့ကြောင့်ပင် သင်တို့အားလုံး စင်ကြယ်ကြသည် မဟုတ်ဟု ကိုယ်တော်မိန့်တော်မူခြင်းဖြစ်၏။12.ကိုယ်တော်သည် သူတို့၏ခြေကို ဆေးပြီးသောအခါ မိမိ၏ဝတ်ရုံတော်ကို ဝတ်ဆင်ပြီးလျှင် မိမိနေရာတွင် ပြန်ထိုင်၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့၌ ငါပြုခဲ့သည့်အမှုကို သင်တို့သိကြသလော။13.သင်တို့သည် ငါ့ ကို ဆရာဟူ၍လည်းကောင်း၊သခင်ဟူ၍လည်းကောင်း ခေါ် ကြ၏။ ငါသည်လည်း ထိုသို့ဖြစ်သောကြောင့် သင်တို့ ဆိုသည်မှာ မှန်ပေ၏။14.သို့ဖြစ်၍ သင်တို့၏သခင်နှင့် ဆရာဖြစ်သော ငါသည် သင်တို့၏ ခြေများကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်း တစ်ဦး၏ခြေကို တစ်ဦးက ဆေးကြရမည်။15.အကြောင်းမူကား သင်တို့၌ ငါပြုသကဲ့သို့ သင်တို့ပြုကြစေရန် ပုံသက်သေကို ငါပြခဲ့ပြီ။-”
- ထောက်ရှုချက် 
- ဒီနေ့ကြာသာပတေးနေ့ကြီးဟာသခင်ယေဇူးတပည့်တော်များနဲ့နောက်ဆုံးညစာစားပွဲကျင်းပတဲ့နေ့ဖြစ်ပါတယ်။ဒီနေ့မှာ ယေဇူးခရစ်တော်ကစက္ကရမ္မင်တူးနှစ်ပါးကိုတညိထောင်ခဲ့ပါတယ်။၁) ရဟန်သိက္ခာတက်ခြင်းနဲ့ ၂) ကိုယ်တော်မြတ်စက္ကရမ္မင်တူးတို့ဖြစ်ပါတယ်။တပည့်တော်ကြီးများကို ရဟန်းသိက္ခာတင်ပေးခဲ့ပြီးကိုယ်တော်၏သွေးတော် အသားတော်စားပွဲ ဦးဆောင်ကျင်းပဖို့ တာဝန်အပ်နှင်းခဲ့ပါတယ်။"သင်တို့၏သခင်နှင့် ဆရာဖြစ်သော ငါသည် သင်တို့၏ ခြေများကိုဆေးလျှင် သင်တို့သည်လည်အချင်းချင်း တစ်ဦး၏ခြေကို တစ်ဦးက ဆေးကြရမည်။"
(ယောဟန် 13: 14) 
- လောကလူသားတွေရဲ့အမြင်မှာခေါင်းဆောင်ဖြစ်ရခြင်းက အခွင့်အရေးဖြစ်တယ်၊ငယ်သားတွေဆိုတာက ခေါင်းဆောင်ကိုအစေခံဖို့အတွက်ခေါင်းဆောင်တွေလိုအပ်တာမှန်သမျှငယ်သားတွေကလုပ်ဆောင်ပေးရမယ်လို့နားလည်ကြပါတယ်။ဒါကြောင့်လူတွေက ရာထူးအာဏာကိုမက်မောကြတာဖြစ်ပါတယ်။ခေါင်းဆောင်ဆိုတာနဲ့ပက်သက်ပြီးသခင်ယေဇူးရဲ့ အဓိပါယ်ဖွင့်ဆိုချက်ကတလောကလူသားတွေအတွေးနဲ့ဆန်ကျင်ဖက်ဖြစ်ပါတယ်။ ဒီကနေ့ သခင်ဘုရားက မိမိတပည့်တော်များရဲ့ခြေကိုဆေးပေးပြီး ခေါင်းဆောင်ဆိုတာရဲ့အဓိပါယ်ကိုဖွင့်ပြလာခဲ့ပါတယ်။ခေါင်းဆောင်ဆိုတာ အားလုံးရအစေခံဖို့ဖြစ်ပါတယ်။ဆရာလုပ်ဖို့မဟုတ်ဘူး၊ အနိုင်ကျင့်ဗိုလ်ကျဖို့မဟုတ်ပါဘူး။ ၁) ခေါင်းဆောင်ဆိုတာကိုသင်ဘယ်လိုနာလည်ပါသလဲ။၂) သင်ဟာဘယ်လိုခေါင်းဆောင်မျိုးလဲ။ခေါင်းဆောင်တွေ အားလုံးစေခံတတ်တဲ့စိတ်နှလုံးသားမွေးမြူနိုင်ပြီးအများအကျိုးအတွက် သည်ပိုးထမ်းရွက်နိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။ 

Daily Reflection