Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-14 10:48:26
     သောကြာနေ့ကြီး၏ ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၃း၁-၁၅၊
Rev.Fr. Cle Pike
Posted by Sr. B. Myat Hnin Nwe (I.S.R.)

ယမန်နေ့မှစ၍စနေနေ့ကြီးတိုင်အောင် လာတင်းဘာသာဖြင့် ‘Triduum’(အခါကြီးရက်ကြီးသုံးရက်)ဟုခေါ်လေ့ရှိသည်။ထိုသုံးရက်အနက် ကြာသပတေးနှင့်စနေနေ့တို့ကိုမူ ‘Holy Thursday, Holy Staturday’ (သန့်ရှင်းသောကြာသ ပတေး‌နေ့နှင့်စနေနေ့)ဟုခေါပြီး၊‘သောကြာနေ့ကြီး’ ကိုမူ ‘Good Friday (ကောင်းသော သောကြာနေ့ကြီး) ဟုခေါ် သည်။သောကြာနေ့ကြီးကိုအဘယ်ကြောင်း ‘ကောင်းသော သောကြာနေ့ကြီး’ ဟု‌ခေါ်ရသနည်း။ထောက်ရူကြည့်မိပါ သလော။ကျွန်ုပ်တို့ကက်သလစ်ခရစ်ယာန်များသည် ကောင်းသောသေခြင်းအတွက်ကိုဆု‌တောင်းလေ့ရှိသည်။အဘယ်သို့သေဆုံးရသည်ကို‘ကောင်းသောသေခြင်း’ ဟုသတ်မှတ်သနည်း။ကက်သလစ်ဘာသာတူတို့အတွက်မှာ ကောင်းသောသေခြင်းဟုဆိုလိုက်လျှင် အာပတ်ဖြေ၊ကိုယ်တော်မြတ်ပင့်၊ ကျန်းမာခြင်းဆီတော်လူးမှတ်ပြီး အေးချမ်းစွာသေဆုံးခြင်းကိုဆိုလိုသည်။ဤသို့ဆိုလျှင် ယေဇူးသခင်သည်၏လောကအ သက်တာ အဘယ်သို့ကုန်ဆုံးခဲ့သနည်း။ ယေဇူးသခင်၏လောကအသက်တာမကုန်ဆုံးမီ အလွန်ပြင်းထန်သော ‌ေ၀ဒ နာကိုခံစားခဲ့ရသည်။ ညှဉ်းပန်းနှိပ်စက်ထုထောင်းခြင်းကိုခံရသည်။လှောင်ပြောင်သရော်ခြင်းကိုခံရသည်။နောက်ဆုံး၌ ကားတိုင်ပေါ်တင်သတ်ခံခဲ့ရသည်။ ဂျူးလူမျိုးတို့အဖို့ ကားတိုင်ပေါ်တင်သတ်ခံရခြင်းသည် ရာဇ၀င်လူဆိုးလူမိုက်တို့၏နိ ဂုံးဟုသတ်မှတ်ကြသည်။ဂျူးလူမျိုးတို့အဖို့မှာ ယေဇူးသခင်၏သေခြင်းသည် အဘယ်သို့မျှ ကောင်းသောသေခြင်းဟု သတ်မှတ်မည်မဟုတ်။ထို့အတူ မြန်မာမြေပေါ်၌လည်း ‘အစိမ်းသေ’ဟုသတ်မှတ်ပြီး ကောင်းသောသေခြင်းဟုသတ်မှတ် ကြမည်မဟုတ်ပေ။ကောင်းသောသေခြင်းသည် သေဆုံးသွားသောပုံစံကိုကြည့်၍ဆုံးဖြတ်ခြင်းမဟုတ်။သေ၀နီးပါးရှိနေစဉ် မိမိတို့ သက်၀င်ယုံကြည်သော ဘာသာတရား၏သွန်သင်ချက်၊ တရားတော်ကိုအာရုံပြု၍ နောက်ဆုံးအချိန်ကိုအကောင်းဆုံး ဖြတ်သန်းခြင်းကို ကောင်းသောသေခြင်းဟုခေါ်ပါသည်။အဘယ်ကြောင့်ဆိုသော် ဘုရားကိုလည်းမမေ့၊တရားကိုလည်း မမေ့သောကြောင့်ဖြစ်သည်။ယေဇူးသခင်၏သေခြင်းကို အပေါ်ယံကြည်မည်ဆိုပါက အသေဆိုးနှင့်သေသည်ဟုတရားလက်လွတ်ပြောဆိုကြ ပေမည်။သို့သော် ယေဇူးသခင်အလွန်ပြင်းထန်နာကျင်လှသောအချိန်၌ မိန့်ကြားခဲ့သောစကားသည် ယေဇူးသခင်အနေ ဖြင့် ခမည်းတော်ဘုရားနှင့်သာချိန်၊ စံချိန်၌မဟုတ်။ နာချိန်၊ ခံချိန်၌လည်း တစ်လုံးတစ်၀တည်းရှိခဲ့သည်ကိုလုံး၀ငြင်းချက် မရှိပြသသွားခဲ့သည်။(၁) ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့်ကျွန်ုပ်ကိုစွနျ်ပစ်တော်မူပါသနညျး။ (သံမာတေဦး ၂၇း၄၆၊ သံမားကို ၁၅း၃၄)(၂)အိုအဖ၊ သူတို့ကိုခွင့်လွှတ်တော်မူပါ။အဘယ်ကြောင့်ဆိုသော်၊ သူတို့ပြုသောအမူကိုမသိကြပေ။(သံလုကာ ၂၃း ၃၄)(၃) ငါအမှန်ဆိုသည်ကား၊သင်သည်ယနေ့ကျွန်ုပ်နှင့်အတူ၊ပါရာဒီဇူးဘုံ၌ရှိလိမ့်မည်။ (သံလုကာ ၂၃း၄၃)(၄) အိုအဖ၊ ကျွန်ုပ်ဝိညာဉ်ကို၊ ကိုယ်တော်၏လက်တော်သို့၊ အပ်နှံလိုက်ပါသည်။(သံလုကာ ၂၃း၄၆)
(၅) အချင်းမိန်းမ၊ သင့်သားကိုကြည့်ပါ။ သင်၏အမိကိုကြည့်ပါ။ (သံယောဟန် ၁၉း၂၅-၂၇)(၆)ကျွန်ုပ်ရေငတ်သည်။(သံယောဟန် ၁၉း၂၈)(၇) အမူပြီးစီးပြီ။ (သံယောဟန် ၁၉း၃၀)
            ထိုကြောင့် ယေဇူးသခင်၏သေခြင်းသည် ကောင်းသော သေခြင်းဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ကောင်းသော သောကြာနေ့ကြီးဖြစ်ပါသည်။ 

Daily Reflection