Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-15 11:05:13
    ယေဇူးခရစ္စတူးသခင် သေခြင်းမှပြန်ရှင်ပြန်သောအဖိတ်နေ့ (သို့) စနေနေ့ကြီး၏ကျမ်းစာထောက်ရှုချက်
သံလုကာ ၂၄း၁-၁၂၊
ဖာသာရ် ကလေးမင်းအားတယ်
Posted by Sr. B.Myat Hnin Nwe (I.S.R.)

      စနေ့သည် ယေဇူးသခင်သေခြင်းမှရှင်ပြန်ထမြောက်သော ‘ပါစကားပွဲ’ အဖိတ်နေ့ဖြစ်သည်။ ယနေ့ညနေပိုင်း ၀တ်ပြုခြင်းအခမ်းအနားကို မိုးစုပ်စုပ်ချုပ်မှသာလျှင်ကျင်းပရန် အမိသာသနာတော်ကြီး၏ ၀တ်ပြုခြင်းလမ်းညွှန်ချက်၌ ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် အမှောင်ထုကြီးသည် မကောင်းမှု၊ အပြစ်၏ အကျည်းတန်မှု၊ ဆိုးရွားမှု၊ စိုးရိမ် မှု၊ မလုံခြုံမှုများကိုဖော်ဆောင်သည်။ ထိုအခြေ အနေများကို တွန်းလှန်ဖယ်ရှားရန်အတွက် မီးကိုဖန်ဆင်းရခြင်းဖြစ်သည်။ အလင်းသည် ဘုရားသခင် ၏ဖန်ဆင်းခြင်းလုပ်ငန်းတော်၌ ပထမဦးဆုံးဖန်ဆင်းသောအရာဖြစ်သည်။ (ကမ္ဘာဦးကျမ်း ၁း၃) အလင်းသည် အရေးကြီးလှသည်။ ဘုရားသခင်သည် အလင်းဖြစ်သည်။ (သံယောဟန် ၈း၁၂) လူ့ဘ၀၌ အလင်း မရှိဘဲနေထိုင်၍မရသကဲ့သို့ ဘုရားမပါဘဲလူ့အသက်ဆက်၍မရပေ။ (သံယောဟန် ၁၅း၅)  ဘုရားသခင်သည် သမ္မာကျမ်းစာ၌ မီးအားဖြင့်သူ၏တည်ရှိခြင်းကိုဖော်ပြခဲ့သည့်သာဓကများစွာရှိသည်။ မိုးဇက် အားသူ၏အမှုတော်ကိုဆောင်ရန်အတွက်ခေါ်တော်မူစဉ်ကလည်းကောင်း (ထွက်မြောက် ၃း၂-၂)၊ ဘုရားသခင်သည် အီ ဂျစ်ပြည်မှထွက်လာခဲ့သော အီစ္စရေးလူမျိုးတို့၏ရှေ့မှမီးရူးတိုင်ကဲ့သို့လည်းကောင်း (ထွက်မြောက် ၁၃း၂၁၊ ပရောဖက် နေဟေမိယာ ၉း၁၂၊ ၁၉ တောလည်ရာ ၁၄း၁၄)၊ ဘုရားသခင်သည် မီးလျှံကြားမှသူ၏လူမျိုးတော်ကိုစကားပြောခဲ့ သည်။ (တရားဟောရာ ၅း၄) သန့်ရှင်းသော၀ိညာဉ်တော်ဘုရားသည် မီးလျှာသဣာန်ဖြင့်ဆင်း သက်လာခဲ့သည်။ (တမန်တော် ၂း၁-၄) စနေနေ့ကြီးညပိုင်း၌ ရေကိုလည်းကောင်းကြီးပေးမည်ဖြစ်သည်။ ထိုရေကိုကောင်းကြီးပေးခြင်းဖြင့် အီဂျစ်ပြည်၌ အီစ္စရေးလူမျိုးတို့ရှိနေခဲ့စဉ် အီဂျစ်လူမျိုးတို့သည် ၄င်းတို့အားနှစ်စဉ်စိုက်ပျိုးစားသောက်ရန်အတွက် နုန်းတင်မြေနုများကို နှစ်စဉ်ပို့ချပေးသော နိုင်းမြစ်ကြီး၏နတ်ဘုရားကိုပူဇော်ပသလေ့ရှိသည်။ ၄င်းအပြင် နိုင်းမြစ်သည်အလွန်အင်အားကြီး သည်။ အန္တရာယ်လည်းရှိသည်ဟုယုံကြည်ကြပြီး နှစ်စဉ်ပူဇော်ပသကြသည်။ ဘုရားသခင်ကအီစ္စရေးလူမျိုးတို့အား အန္တ ရာယ်ပြွမ်းလှသည်၊ အင်အားကြီးမားလှသည်ဟုထင်မြင်ယုံကြည်နေသော ပင်လယ်နီကြီးအား ဘေးမသီရန်မခကျော် ဖြတ်စေခြင်းဖြင့်ပယ်ဖျက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ ဖန်ဆင်းခံအရာ အားလုံးကိုအစိုးရသည်။ ဘုရားသခင်သည် အသက်မြတ်စမ်းရေအေးဖြစ်သည်။ (သံယောဟန် ၄း၁၄) ထိုစမ်းရေသည် မြို့တော်လမ်းအလယ်တစ်လျှောက်စီးဆင်း၏။ မြစ်ကမ်းတစ်ဖက်တစ်ချက်စီတွင်လည်း မိမိ၏အသီးတစ်ဆယ့်နှစ်မျိုးကို လစဉ်တစ်မျိုးစီသီးပေးသောအသက်ပင်ရှိ၏။ ထိုအပင်၏အရွက်များသည် လူမျိုးအပေါင်းတို့၏အနာအရောဂါပျောက် ကင်းစေရန်အတွက်ဖြစ်သည်။ (ဗျာဒိတ်တော်ကျမ်း ၂၂း၂၊ ပရောဖက်ဧဇက်ခီးယာ ၄၇၊ သံယောဟန် ၅း၁-၉)ထိုရေဖြင့်ခံ ကျွန်ုပ်တို့ဆေးကြောခြင်းသည့်အချိန်၌ နာဖူးပေါ်တွင်လောင်းချလေ့ရှိသည်။ ထိုရေသည် ကောင်း ကြီးအသက်တာအသစ်ကိုပေးသည်။ ယေဇူးသခင်သည် သေခြင်းတည်းဟူသော နတ်မိစ္ဆာတို့၏လုပ်ရပ်များ၊ မကောင်းမှု များတို့ကိုအောင်မြင်ကျော်လွှားပြီး ပြန်လည်ရှင်ပြန်ခဲ့သည်။ အလင်းတော်ဖြစ်သော ယေဇူးသခင်သည် ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးအသက်တာအား အလင်းပေးခဲ့ပြီ။ အပြစ်များကိုလည်းဆေးကြောသန့်စင်ပေးခဲ့ပြီ။ ဤပါစကားအဖိတ်ည၌ ပြန်လည်ပြုသော ဆေးကြောခြင်းမဂ်လာကတိသစ္စာနှင့်ခံယူသောယေဇူးသခင်၏အလင်းတော်ဖြင့် တစ်နှစ်တာ၏ ၀ိညာဉ်ရေးခရီးကိုမတိမ်းမစောင်းဘဲလျှောက်လှမ်းနိုင်ရန်ကြိုစားကြပါစို့။
**အိုသခင်၊ တပည့်တော်တို့အား ထွန်တုံးကိုကိုင်၍နောက်လှည့်ကြည့်သူမဖြစ်စေရန် ပြုခဲ့သောဆေးကြောခြင်းကတိသစ္စာ နှင့်ခံယူထားသောယေဇူးသခင်၏အလင်းတော်ကို တည်ကြည်စွာစောင့်ထိန်းနိုင်စေတော်မူပါ။ (သံလုကာ ၉း၆၂)

Daily Reflection