Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-16 10:59:33
     ပါစကားတနဂ်နွေနေ့ (စီ) နှစ်၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၂၀း၁-၉)
ဖာသာရ် ကလေးမင်းအားတယ်
Posted by Sr. B. Myat Hnin Nwe (I.S.R.)

ခံစားချက်လွန်ကဲခြင်း
မာရီးယာသည်၊ သင်္ချိုင်း၀၌ထိုင်၍ငိုနေလေ၏။ (သံယောဟန် ၂၀း၁-၉)
 လူသည်ခံစားချက်ဖြင့်အသက်ရှင်ကြသည်။ အဘယ်ကြောင့် ဆိုသော၊ ခံစားတတ်သောနှလုံးသားကိုယ်စီရှိကြ သောကြောင့်ဖြစ်ပါသည်။ ကံကောင်းပေစွဟုလည်းတွေးမိပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ခံစား တတ်သောနှလုံးသားတစ်ခု ကိုသာ၊ ဘုရားရှင်ပေးသ နားသောကြောင့်ဖြစ် ပါသည်။ အကယ်၍တစ်ခုအပြင်ပေးထားမည်ဆိုလျှင်၊ အဘယ်သို့ဖြစ် မည် ကိုမတွေး ဆဝံ့ပါ။ ခံစားချက်သည်၊ အသက်အရွယ်အလိုက်၍ကွဲပြားလေ့ရှိပါသည်။ လူငယ်များသည်၊ နှလုံးသားရေးရာနှင့်ပတ် သက်လာ လျှင်၊ ပြင်းပြသော ခံ စားချက်ရှိတတ်သည်။ အားလုံးကိုမဆိုလိုပေ။ အချို့ဘဝအောင်မြင် လိုသူ များအတွက်မူ၊ အောင် မူလမ်းစဉ်နှင့်လွှဲသွားခြင်းသည်၊ အတော်ခံစားရ တတ်ပေသည်။ မိဘတွေလည်း၊ မိဘတွေအလျှောက်၊ ခံစားချက်တွေ ကိုယ် စီရှိကြ ပါသည်။  အပြစ်ဟုမဆိုလိုပါ။ တစ်ဖက်စွန်းရောက်သွားလျှင်သာ၊ အမှန် အမှား၊ အဆိုးအကောင်း၊ အကျိုးအကြောင်းဆင် ခြင်နိုင်ရန်၊ ခက်ခဲသွားနိုင် ပါသည်။ ရောထွေးသွားနိုင်ပါသည်။ ခံစားချက်အနည်းအများလည်း၊ လူတစ် ဦးတစ်ယောက်ခြင်း စီအ ပေါ်မူတည်နေပေမည်။ သို့သော်ခြုံငုံ ၍သုံးသပ်ရ မည်ဆိုလျှင်၊ အမျိုးသားများထက်၊ အမျိုးသမီးများသည်၊ ပိုမိုခံစား လွယ်ကြ သည် ဟုစိတ်ပညာရှင်များက၊ ရှာဖွေတင်ပြထားပါသည်။ ဤတွေ့ရှိ ချက် သည်၊ အားလုံးအတွက်မှန်ချင်မှမှန်ပေမည်။မာရီးယာမာဒလေးနာသည်၊ မိမိအားရက်စက် လှသော၊ သေ တွင်းမှကယ်နုတ်ပေးခဲ့သော၊မိမိ၏ ကယ်တင် ရှင် သခင်ခရစ်တော်၏နောက် သို့၊ ထိုအချိန် အခါမှစ၍၊ ဦးလည်မသုန်လိုက်ခဲ့ပါသည်။ သူ့ဘ၀သည်၊ သ ခင်ယေဇူးနှင့်တွေ့ပြီးကာမှ၊ အ ဓိပါယ်ရှိလာခဲ့သည်။ သခင်ခရစ်တော်ကို၊ ချစ်၊ ကြောက်၊ ရိုသေ၊ လေးစား၊ ကြည်ညို၊ အားကိုးသည်။ သခင်ယေဇူး ၏ ရုပ်ကလပ် ကိုဖူးလိုဇော၊ ဝိနည်းတော်အတိုင်းပြန်လည်ပြုလိုသောဇောဖြင့်၊ သင်္ချိုင်းဂူသို့သွားရောက်ခဲ့ရာ၊ အခြေအနေမှာ၊ မှန်းထားသည်နှင့် တခြား စီဖြစ်နေရာ၊ ဆောက်တည်ရာမရ၊ ချုံးချုံးချငိုချလိုက် ပါတော့သည်။ ဘေး ဖက် ဝဲယာကိုအသေအချာကြည့်ဖို့သူမှာမစဉ်းစား အား။ 
 မာရီးယာမာဒလေးနာ၏၊ ပြင်းထန်လှသောခံစားချက်သည်၊ မိမိ အားသေတွင်းမှကယ်နုတ်ပေးခဲ့သော၊ ဆရာသ ခင်ကိုပင်၊ ဥယျာဉ်စောင့်လေလားဟုပင်၊ မှတ်ထင်ရလောက်အောင်၊ အမြင်ေ၀၀ါးစေ ခဲ့ပါသည်။ သခင်ယေဇူးမှ၊ မာရီးယာဟုနာ မည်တပ်ခေါ်မှသာ၊ အသိ၀င် လာ ခဲ့ပါသည်။ကျွန်တော်တို့၏နေ့စဉ်ဘ၀ကိုဖြတ်သန်းချိန်များ၌၊ တစ်ခါတရံ၊ ခံ စားချက်ကိုဦးစားပေးခြင်း (သို့) စိတ်လှုပ်ရှား မူများကြောင့်၊ အခြေအနေ သည်၊ ဖြစ်နေသည်ထက်ပိုမိုဆိုးရွားစွာ၊ အကျိုးဆက်များဖြစ်ပေါ်စေပါသည်။ မည်သည့်အခြေအနေမျိုး ၌မဆို၊ စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ခြင်းသည်၊ အခြေအနေကို၊ မှန်ကန်စွာ၊ မြင်တွေ့၊ သိရှိနိုင်ပြီး၊ တည့်မတ်သော လမ်း ကြောင်းတစ်ခု (သို့) မယုတ်မလွန်သောအခြေအနေတစ်ခု ကိုဖန် တီးပေးနိုင်ပေလိမ့်မည်။ အထူးသဖြင့်၊ ဝိညာဉ်ရေးရာနှင့်ပတ် သက်လာလျှင်၊ ခံစားချက်ကိုဦးစားပေးခြင်းသည်၊မလိုလားအပ်သော၊ ရလာဘ်ကို ရရှိစေပါ သည်။ ဝိညာဉ်ရေးရာ၌ သော်လည်းကောင်း၊ လူမူရေးရာ၌သော်လည်း‌ ကောင်း တည်တည်ငြိမ်ငြိမ်ဖြင့်အရာရာကို၊ မှန်မှန်ကန်ကန်မြင့် တွေ့၊ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့်၊ ရလာဘ်ကောင်းများရရှိပိုင်ဆိုင်နိုင်ပါစေ။

Daily Reflection