Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-17 20:22:34
     ပါးစကာပွဲအပြီး၊ တနင်္လာ‌နေ့ ၏ထောက်ရှု ချက်
ရှင်မာတေဦး ၂၈း၈-၁၅
ဖာသာရ် ကလေးမင်းအားတယ်
Posted by Sr.B.Myat Hnin Nwe(I.S.R.)

 “သူတို့သည်၊ ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် လည်းကောင်း၊အလွန်၀မ်းမြောက်ခြင်းဖြင့်လည်းကောင်း၊ သင်္ချိုင်းတော် မှအလျင်အမြန်ထွက်သွားကြပြီး၊ ကိုယ်တော်၏တပည့်တော်တို့အား၊ထိုသတင်းကိုပေးရန်ပြေးသွားကြလေ၏။”ဆေးကြောခြင်းမင်္ဂလာခံယူလိုက်ပြီဆိုသည်နှင့်၊ဟောပြော၊၀တ်ပြု၊သက်သေခံရန်တာ၀န်မှာတစ်ပါ တည်း၊တွဲယှက်ပါလာပါသည်။ရာထူးနှင့်အတူ၊ခံစားခွင့်နှင့်၀တ္ထရားမှာအမြဲဒွန်တွဲနေပါသည်။ခရစ်ယာန်တစ်ဦးဖြစ်ခွင့်ရခြင်းသည်၊ပေါပေါပဲပဲဖြစ်သလိုရလိုက်ခြင်းမဟုတ်။ခရစ်တော်၏သွေးတော်တစ်စက်မျှမကျန်အောင်သွန်းပြီးမှရလိုက်ခြင်းဖြစ်သည်။ထိုမျှကြီးမားသောအဖိုးအခါကိုပေးခဲ့ ရသောကြောင့်၊တန်ဖိုးထားရန်လိုသကဲ့သို့၊အဘယ်မျှအဖိုးထိုက် ကြောင်းကိုလည်း၊ ထုတ်ဖော်ပြောရန်လိုပါသည်။သတင်းတစ်ခုသည်၊ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ၊ဝေမျှတတ်ရန်လိုပါသည်။ကောင်းသောသတင်းသည်၊ပြောကြားသူ အားလည်းကောင်း၊ကြားရသူအားလည်းကောင်း၊၀မ်းသာပျော်ရွှင်မူ ကိုပေးသောကြောင့်၊ပျော်ရွှင်မူကိုနှစ်ဆတိုးစေပါသည်။သတင်းဆိုးမှာမူ၊ကြားရသူ၊ပြောကြားသူဝေမျှခံစားလိုက်သောကြောင့်၊၀မ်းနည်းစရာ၏တစ်၀က်ကိုမျှယူလိုက်သကဲ့သို့၊ပေါ့သွားစေပါသည်။ထို့ကြောင့် နည်းလမ်းမှန်ကန်စွာဝေမျှတတ်ခြင်းသည်၊ပျော်ရွှင်မူကိုတိုးပွားစေခြင်း၊၀မ်းနည်းမူကိုလျှော့ပါးသွားစေခြင်း၊မသိသည်များသိရှိလာရခြင်း၊နည်းကောင်းလမ်းစများကိုရရှိစေသောရလာဘ်များထွက်ပေါ်လာစေပါသည်။ယနေ့ဧဝံဂေလိကျမ်းလာအကြောင်းအရာများကို၊ထောက် ရူ့မည်ဆိုလျင်လည်း၊မာရီးယာနှင့်အဖွဲ့များသည်၊ကြားရသောသတင်းနှင့်စပ်လျင်း၍၊ ယေဇူးသခင်၏တပည့်တော်များ အားကြားပြောရန်ပြေးထွက်ခဲ့ကြသည်။၀မ်းမြောက်စရာသတင်းသည်၊မြှိုသိပ်ထား ရန်မဟုတ်။ကြေငြာအသိပေးရန်၊ဝေဌာကြားသိစေရန်ဖြစ်သည်။ထို့အတူ ယေဇူးသခင်သည်လည်း၊ထိုသို့ပြုလုပ်ရန်ကိုလည်း၊အမျိုးသမီးတို့အားမိန့်မြွတ်ခဲ့သည်။ 
 ကျွန်ုပ်တို့တစ်ဦးစီ၏၊ဟောပြောဝေဌသက်သေခံခြင်းကို၊ရှင်ပြန်ထမြောက်တော်မူသောယေဇူးသခင်၊ယနေ့မျှော်လင့်နေ၊တောင်းဆိုနေ၊ အလိုရှိနေပါသည်။ အဘယ်သို့တုန့်ပြန်မည်နည်း။

Daily Reflection