Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-20 07:55:48
    ပါစကားပွဲအပြီးကြာသပတေးနေ့၏ကျမ်းစာထောက်ရှုချက်
သံလုကာ ၂၄း၃၅-၄၈
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe (I.S.R)

           တမနျတောျ သောမတျစျသညျ အမှနျတကယျရှငျပွနျထမွောကျသော ဆရာသခငျယဇေူးဖွစျကွောငျးကို  အာဏာသားတို့မှ သံမှိုဖွငျ့ရိုကျနကျသောလကျဖဝါးနှစျဖကျ၊ ခွဖေဝါးနှစျဖကျနှငျ့လူတစျရာတပျမှူးမှလှံဖြင့်နံဘေး တော်ကိုထိုးဖောက်လိုက်၍ သွေးနှင့်ရေချက်ချင်းထွက်လာခဲ့သော(သံယောဟန် ၁၉း၃၁-၃၇)ဒဏ်ရာများကိုကိုယ် တိုင်ကိုယ်ကျ လက်ဖြင့်စမ်း၍ ယေဇူးသခင်ဖြစ်ကြောင်းသိမှတ်ယုံကွညျခဲ့သညျ။(သံယောဟနျ ၂၀း၂၄-၂၉၊ ၂၀း၁၉-၂၀) တမန်တော်ပေတရုက ယေဇူးသခင်ဖြစ်ကြောင်းကိုရပေါ်၌လမ်းလျှောက်ခွင့်ကိုတောင်း၍လည်းကောင်း (သံမာ တေဦး ၁၄း၂၂-၃၃)၊ တမန်တော်ယောဟန်က ကမ်းပေါ်၌ရှိသော သူစိမ်းဟုမှတ်ထင်ခဲ့သောသူ၏ စကားကြောင့်လက် ယာဘက်သို့ပိုက်ကွန်ကိုချလိုက်ရ အုပ်မိလိုက်သောငါးများကြောင့် ‘သခင်ဘုရားဖြစ်သည်’ ဟုသိသွားခဲ့သည်။ (သံယော ဟန် ၂၁း၁-၇) မာရိယာမာဒလေးနာမှာမူ ‘မာရိယာ’ ဟုသူ၏အမည်ခေါ်လိုက်မှယေဇူးသခင်ဖွစျသညျကိုသိလိုကျရ သညျ။ (သံယောဟနျ ၂၀း၁၁-၁၆) ယဇေူးသခငျ၏တရားတောျကိုကွားနာသောလူစုလူ‌ဝေးကွီးသညျ ယဇေူးသခငျ နှငျ့တပျည့တောျကွီးတို့၏လှကေိုမြင်လျှင်မှတ်မိကြ၏။ (သံမာတေဦး ၁၄း၃၄-၃၆၊ သံမာကု ၆း၅၃-၅၆)ယနေ့ဖတ်ရူသောဧ၀ဂေလိကျမ်း၌ ဧမာဦးသို့ပြန်သွားကြသော တပည့်တော်ကြီး (၁၂)ပါးအ၀င်မဟုတ်သော တပည့်တော်နှစ်ပါးမှာမူ ၄င်းတို့နှင့်ခရီးစတင်သည်မှခရီးဆုံးသည်အထိ မိုးဇက်မှစ၍ ပရောဖက်ရှိသမျှတို့က ယေဇူးသခင် ကိုအကြောင်းပြု၍ ရေးထားသောကျမ်းချက်များ၏အဓိပ္ပါယ်ကိုရှင်းလင်းဖော်ပြရင်းလိုက်ပါလာသောသူစိမ်းမှာ သေခြင်း မှပြန်လည်ရှင်ပြန်သော ၄င်းတို့၏ဆရာသခင်ဖြစ်သည်ကိုမသိကြရှာ။ နောက်ဆုံးညစာစားစဉ် မုန့်ကိုယူ၍ ကောင်းချီး ပေး ပြီးမှဖဲ့၍၄င်းကိုသူတို့အားပေးမှသာလျှင် ယေဇူးသခင်ဖြစ်ကြောင်းသိရှိသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသ ခင်သည် ကြာသပတေးနေ့ကြီးည နောက်ဆုံးညစာစားပွဲ၌ ပါစကားပွဲတော်ကိုတည်ခင်းရင်း တပည့်တော်ကြီးတို့အား ‘ငါ့ ကိုအောက်မေ့သတိရခြင်းဌာ ဤနည်းတူပြုကြလော့’ ဟုပညတ်ခဲ့သည်ကိုပြန်လည်ကြားယောင်သွားသည်။ကျွန်ုပ်တို့သည် ယေဇူးသခင်ကိုမည်သည့်အချက်အလက်၊ လုပ်ဆောင်မှုအပေါ်မူတည်၍သိရှိနိုင်မည်နည်း။ယေဇူးသခင်အား မှတ်မိနိုင်သောအခြေအနေများစွာရှိသည်။ ဥပမာ တစ်ပတ်တစ်ကြိမ်ဘုရားကျောင်းတက်၍ဆုတောင်းခြင်း ဖြင့်သိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် ဥပုသ်နေ့တိုင်းဘုရားကျောင်းတက်သည်။ကျမ်းစာဖတ်ခြင်း အားဖြင့်သိနိုင်သည်။ယေဇူးသခင်သည်ဥပုသ်နေ့များ၌ကျမ်းစာဖတ်လေ့ရှိသည်။ ဆုတောင်းတိုင်းလည်းယေဇူးသခင်ကို အမှတ်ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် သူ၏ဘ၀၌ဆုတောင်းခြင်းမပြတ်ခဲ့ပေ။ နေ့စဉ်ကျမ်းစာ ဖတ်ခြင်း၊မစ္ဆားတရားပါ၀င်ပူဇော်ခြင်း၊အတိဒုက္ခရောက်နေသူများကိုကူညီခြင်းအားဖြင့်ဖြစ်စေ ကျွန်ုပ်တို့သည် ယေဇူးသ ခင်ကိုသိရှိနိုင်သည်။ မြင်တွေ့နိုင်သည်။
အိုသခင်၊ အသိမ်ငယ်ဆုံးသော ကိုယ်တော်၏ညီအစ်များအားပြုစုခြင်းဖြင့် ကိုယ်တော့်ကိုပြုစုနိုင်စေတော်မူပါ။        

Daily Reflection