ပါစကားပွဲအပြီးစနေနေ့၏ကျမ်းစာထောက်ရှုချက်
၀မ်မြောက်ဖွယ်ရာသတင်းကောင်းကို၊ဟောပြောကြေငြာရမည့်တာ၀န်ပေး၊
သံမာကု (၁၆း၉-၁၅)ကမ္ဘာအရပ်ရပ်သို့သွား၍၊၀မ်းမြောက်စရာသတင်းကိုကြေငြာဟောပြောလော။
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe (I.S.R)
သခင်ယေဇူး၏တပည့်တော်ကြီးများနှင့်၊နောက်လိုက်များသည်၊ပါစကား၏နက်နဲခြင်းဟုခေါ်သော၊သခင်ယေဇူး၏ဒုက္ခခံခြင်း၊သေခြင်း၊ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို၊သခင်ယေဇူးထံမှအခါခါကြားခဲ့ရသော်လည်း၊ကောင်းစွာသဘောမပေါက်ကြပေ။သို့မဟုတ်လက်ခံရန်အဆင်သင့်မဖြစ်သေးကြပေ။ထို့ကြောင့်သခင်ယေဇူးရှင်ပြန်ခဲ့သည်ကို၊ကိုယ်တိုင်မြင်တွေ့ ခဲ့ရသော၊အမျိုးသမီးနောက်လိုက်များ၊ ဧမောက်(စ်)သို့ပြန်သွားသောတပည့်တော်နှစ်ပါးတို့၏ကိုယ်တွေ့အဖြစ်အပျက်များ၊၄င်းနောက် တပည့်တော်ကြီး(၁၁)ပါးအား၊ကိုယ်ယောင်ထင်ပြခဲ့သည့်အဖြစ်အပျက် များဖြစ်ပျက်ပြီးနောက်မှသာ၊ တပည့်တော်ကြီးများသည်၊ သခင်ယေဇူး မိန့်မြွတ်ခဲ့သောနုတ်ထွက်စကားများကိုပြန်လည်အမှတ်ရလာခဲ့ကြပါသည်။အမှတ်ရကြားယောင်လာရင်း၊၄င်းတို့ယုံကြည်ခြင်း၏နက်ရှိုင်းမူမှာလည်း၊ခိုင်မာသည်ထက်ခိုင်မာလာခဲ့ပါသည်။မိမိတို့၏ကိုယ်တွေ့မှ၊သူတစ်ပါးအားပြန်လည်ဟောပြောသက်သေခံရာတွင်ပိုမို၊ထိရောက်မူရှိမည်ဖြစ်ပါသည်။ထို့ကြောင့်၊သခင်ယေဇူးသည်၊ယုံကြည်ခြင်းကို စမ်းစစ်သော(သို့) စုံစမ်းသော(သို့) တည်ဆောက်သောကာလတစ်ခုကို၊အချိန်ယူ၍၊မိမိအားသက်သေခံ မည့်သူများ (သို့) သတင်းကောင်းသယ်ဆောင်မည့်သူများ၏ယုံကြည်ခြ င်းကိုအုတ်မြစ်ချခဲ့ ပေးခြင်းဖြစ်ပါသည်။ ၄င်းတို့၏ယုံကြည်ခြင်း၊ အတော်အတန်ခိုင်မာကျစ်လစ်လာပြီးသည့်နောက်ပိုင်းမှသာလျှင်၊ ကမ္ဘာအရပ်ရပ်သို့သွား၍၊ဝေနေယျသတ္တဝါတို့အား၊၀မ်းမြောက်စရာသ တင်းကောင်းကို၊ကြေငြာဟောပြောကြလော့ဟုစေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။ကိုယ်တွေ့မှသက်သေခံခြင်းသည်၊တစ်ဆင့်ကြားသည်ထက်ပို ၍၊ ထိရောက်လေးနက်၏။သို့သော်ယနေ့ခရစ်ယာန်များဖြစ်နေကြသောကျွန်ုပ်တို့သည်၊သခင်ရစ်တော်ကိုအဘယ်သို့၊ထိတွေ့ခွင့်ရပြီး၊မိမိတို့၏ယုံကြည်ခြင်းပိုမိုလေးနက်၊ခိုင်မာကျစ်လစ်အောင်တည်ဆောက်ကြမညျနညျး။နညျးလမျးမြားစှာရှိပါသညျ။စက်ကရာမငျ့မြားအားဖွငျ့သောျလညျးေ ကာင်း၊ သမ္မာကျမ်းစာများဖတ်ရူ့ပူဇော်ခြင်းဖြင့်သော်လည်းကောင်း၊ ရ ဟန္တာတို့၏သက်တော်စဉ်အကြောင်းဖတ်ရူ့ခြင်းဖြင့်သော်လည်းကောင်း၊ခရစ်တော်၏တရားကိုအခြေခံလျှက်မိမိတို့ဘ၀ကိုဆက်ကပ်ပြီး၊ အ ငယ်ဆုံးသောသူများအားအလုပ်အကျွေးပြုနေသူများအားဖြစ်သော်လည်းကောင်း(ဘာ သာရေး၊ လူမူရေး၀န်ထမ်းများ)၊တည်ဆောက်နိုင်ပါသည်။
ဘုရားသခင်၏၊ ၀မ်းမြောက်ရာသတင်းကောင်းကို၊သယ်ဆောင်၊ဟောကြား၊သက်သေခံမည့်သူများဖြစ်နိုင်ကြပါစေ။