ဧပြီလ(၂၄)ရက်
(အီစတယ်ကာလဒုတိယတနင်္ဂနွေနေ့)
ရှင်ယောဟန်(၂၀:၁၉-၃၁)
ဆိုးရွားကြမ်းတမ်းခက်ထန်လှသောယနေ့အဖြစ်အပျက်အခြေအနေများနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့်ကျွန်ုပ်တို့အနေဖြင့်နာကျင်ခံခက်ခါးသီးမှုများအတွက်တစ်သက်တာမေ့၍ရနိုင်မည်မဟုတ်ပါ။ယနေ့ခံစားနေရသည့်နာကျည်းမှုများကိုဆွေစဉ်မျိုးဆက်လက်ဆင့်ကမ်းကာမှတ်တမ်းတင်ရမည်ဖြစ်ကာဆိုးဝါးလှသောသမိုင်းအတွေ့အကြုံများအဖြစ်ကျွန်ုပ်တို့ထားရှိရမည်ဖြစ်သည်။သို့သော် နေ့တဓူဝရှင်သန်မှု၌ခံစားတတ်သောနှလုံးသား၏နာကျင်မှုများသည်သာကျွန်ုပ်တို့ရှေ့ဆက်သင်ယူရမည့်ဘဝ ရှင်သန်ရင့်ကျက်ခြင်းများ၏သင်ခန်းစာများဖြစ်နေတတ်ပါသည်။အမှားကိုအမှတ်ရမှသာ လျှင်အမှန်ကိုပြုကျင့်နိုင်မည်ဖြစ်သည်။နာကျည်းနာကျင်ရသည့်အကြောင်းရင်းကိုသိမှသာလျှင်စာနာတရားနှင့်ချစ်မေတ္တာပွားနိုင်မည်ဖြစ်သည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်လူသားများကယ်တင်ခြင်းအ တွက်ဒဏ်ရာဒဏ်ချက်များဖြင့်အသက်ပေးကာချစ်သည့်ခရစ်တော်သခင်၏ထင်ရှားပြတော်မူခြင်းတွင်မျက်မြင်တွေ့မှဒူးထောက်ဝန်ခံယုံကြည်သည့်ရှင်သောမတ်၏ ယုံကြည်ခြင်းအကြောင်းနှုတ်မြွက်ထားပါသည်။ယနေ့စုံစမ်းနှောင့်ယှက်များစွာ၌အသက်ရှုခွင့်ရရုံမျှနှင့်လူဖြစ်နေရသောကျွန်ုပ်တို့အသက်တာအတွက်ခရစ်တော်သခင်ကိုရှင်သောမတ်စ်ကဲ့သို့မျက်မြင်ဖူးတွေ့ခွင့်ရမှသာလျှင်ကျေနပ်ဖြေသိမ့်မှုများရကြမည်သာဖြစ်သည်။ကိုယ်တော်ရှင်ကိုဖူးတွေ့ရသောအခါရှေ့တော်မှောက်ဒူးထောက် ၍ဒဏ်ရာတော်ကိုတို့ထိလျှက်ကျွန်ုပ်ခံရသောအရာများသည်ကိုယ်တော်ရှင်ခံရသောအရာများနှင့်မည်သို့မျှမနှိုင်းသာပါ။ကျွန်ုပ်၏သခင်၊ကျွန်ုပ်၏ဘုရားဟူ၍သာချီး မွမ်းဝန်ခံယုံကြည်နေမည်သာဖြစ်ပါသည်။