ပါစကားကာလ သောကြာနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၆း၁-၁၅၊
Rev. Fr. Cle Pike
Posted by Sr.B.Myat Hnin Nwe (I.S.R)
ရောဂါဘယသည် ယနေ့ခေတ်အခါသမယမှသာထူပြောခြင်းမဟုတ်။ ယေဇူးသခင်ခေတ်ကပင်ထူပြောသည်။ ယေဇူးသခင်ခေတ်က ရောဂါထူပြောသော်လည်း အမှန်တကယ်ကုသလိုပါက အီစ္စရေးပြည်အတွင်း၌ရှိသောသူများသည် ယေဇူးသခင်နှင့်မတွေ့တွေ့အောင်စီစဉ်၍ ယေဇူးသခင်၏ကုသမှုကိုခံယူနိုင်ကြသညျ။အဘယျကွောငျ့ဆိုသောျ အဘယျမြှ ခရီးဝေးသညျဆိုသောျလညျး ရောဂါဝေဒနာကိုခံစားနရေခွငျးထကျစာလြှငျ ပငျပနျးဝေးလံသောခရီးကို တစျကွိမျ သာခံပွီး ယဇေူးသခငျနှငျ့တှေ့အောငျကွိုးစားလိုက်ခြင်းဖြင့် ခံစားနေရသော ရောဂါေ၀ဒသက်သာရုံမဟုတ်။ ချက်ချင်း ကင်းပျောက်သွားသည်။ ယေဇူးသခင်၏သတင်းကိုသိနိုင်ရန် ယနေ့ခေတ်အခါကဲ့သို့ ဆက်သွယ်ရေးနည်းပညာများမတိုး တက်သေးသော်လည်း ပါလက်စတိုင်း (အီစ္စရေးပြည်) နိုင်ငံ၏အရ၌်ရှစ်မျက်နှာ၌ယေဇူးသခငျ၏ သတငျးတောျသညျ ကြောျကွားလြှကျရှိသညျ။ ထို့ကွောငျ့လူအစုအဝေးတို့သညျ ယဇေူးသခငျနောကျသို့ ကောကျကောကျပါအောငျလိုကျ နကွေသညျ။ (သံမာတေဦး ၄း၂၅၊ ၁၃း၂၊ ၁၅း၃၀၊ ၁၉း၂၊ သံမာကု ၁း၃၃၊ ၂း၂၊ ၃း၁၀၊ ၁၃၊ ၂၀၊ ၅း၂၄၊ ၁၂း၃၇၊ သံလု ကာ ၅း၁၊ ၈း၁၉၊ ၄၅၊ ၁၂း၁၊ သံယောဟနျ ၁၂း၉)ဆေးဝါးကုသရာ၌ ပရောဖကျဧလိဇေဦး၏ခတျေ၌လညျး အလှနျခကျခဲသညျ။အဘယျကွောငျ့ဆိုသောျ နူနာစှဲ နသေော ဆီးရီးယားစစျဗိုလျနာမနျသညျ စစျမှုရေးရာ၌ရာထူးကွီးမားသောျလည်း စွဲကပ်နေသောရောဂါကြောင့် လူတော မတိုးနိုင်ရှာ။ မျက်နှာပန်းမလှနိုင်ရှာဖြစ်နေခဲ့သည်။ ကုသရန်လည်းအဘယ်သူမျှမတတ်နိုင်ခဲ့။ နောက်ဆုံး၌ ဆီးရီးယား ပြည်မှအီစ္စရေးပြည်သို့ ေ၀းလံလှသော်လည်း ခရီးဆန့်၍ပရောဖက်ထံကုသမှုကိုခံယူခဲ့သည်။ယနေ့ဖတ်ရူသော ဧ၀ဂေလိကျမ်းစာတော်မြတ်၌ ယေဇူးသခင်သည် တိဘေးရိယအိုင်တစ်ဖက်ကမ်းသို့ကူးလိုက် သည်နှင့်ယေဇူးသခင်နှင့်တွေ့ချင်ဆုံချင်သောလူအုပ်ကြီးသည်အသင့်စောင့်နေကြသည်။ ထိုလူအုပ်ကြီးများအနက် အချို့ ကားနာမကျန်းဖြစ်နေကြသောသူများလည်းပါသည်။ အချို့ကား ယေဇူးသခင်၏တရားတော်ကို အမှန်တကယ်ကဆာငတ်၍ကြားနာလိုသောသူများလည်းပါသည်။ အချို့ကားထိုသို့မဟုတ်။ ပေါင်မုန့်ကိုစား၍၀သောကြောင့်သာယေဇူးသခင် ၏နောက်တော်သို့လိုက်ကြ၏။ဤစိတ်နေသဘောထားသည်လည်း စိတ်ပိုင်းဆိုင်ရာရောဂါတစ်မျိုးဖြစ်သည်။ အချောင် နေ အချောင်စားလိုသောစိတ်ဖြစ်သည်။ ဤရောဂါမျိုးသည် အမှတ်တမဲ့ကြည်လျှင် မသိသာပါ။ အဘယ်ကြောင့်ဆိုသော် ကာယ၌ဖြစ်ပေါ်ခံစားရသော ေ၀ဒနာထသည့်အခြေအနေမျိုးမဟုတ်ပေ။သို့သော် ယေဇူးသခင်သည် ထိုသို့သောရောဂါ စွဲကပ်နေသောသူတို့၏ မကျန်းမမာဖြစ်နေမှုကိုလည်းအချိန်ရွေ့ဆိုင်းမနေဘဲ ချက်ချင်းကုသပေးခဲ့သည်။ကျွန်ုပ်တို့၌လည်း သိသာစွာခံစားရသော ရောဂါများရှိသကဲ့သို့ မသိသာဘဲကပ်ညှိကြီးထွားနေသောရောဂါများ လည်းရှိနေပါသည်အထူးသဖြင့် ကာယပိုင်းဆိုင်ရာရောဂါများကိုကုသမှုခံယူရန် ခေတ်မှီဆေးကုထုံးများရှိသကဲ့သို့ ၀ိညာဉ်ရေး၌ဖြစ်ပေါ်ခံစားနေရသော ရောဂါများကိုကုသရန်အတွက် ယေဇူးသခင်နှင့်ကျွန်ုပ်တို့သည် စက္ကရာမင်းတူး အားဖြင့်လည်းကောင်း၊ သမ္မာကျမ်းစာတော်မြတ်အားဖြင့်လည်းကောင်း၊ အခြားသောဆုတောင်းမေတ္တာ၊ နိုဗေးနားများ အားဖြင့်လည်းကောင်း ကုစားနိုင်သောကုထုံးများစွာရှိနေပါသည်။ ကုသမှုကိုခံယူလိုစိတ်သာရှိရန်လိုပါသည်။
အိုဘုရားသခင်၊ တပည့်တော်တို့အားလည်း သိသာစွာစွဲကပ်နေသောရောဂါကိုလည်းကောင်း၊ မသိလိုက်ဘဲ ကပ်ညှိနေ သောရောဂါကိုလည်းကောင်း ကိုယ်တော်အလိုရှိပါလျှင် ကုသပေးတော်မှုပါ။ ကိုယ်တော်ကုသပေးသည်ကို လိုလိုလား လားခံယူလိုစိတ်တိုးပွားစေတော်မှုပါ။