ပါစကားကာလ ဒုတိယပတ်စနေနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၆း၁၆-၂၁၊
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe (I.S.R)
ယဇေူးသခငျသညျ သူ့ကိုယျသူ ‘ငါသညျ လောက၏အလငျးဖွစျသညျ’ ဟူ၍လညျးကောငျး (သံယောနျ ၈း၁၂)၊ ‘ငါသညျ အ သကျမွတျစမျးရဖွေစျသညျ’ ဟူ၍လညျးကောငျး(သံယောဟနျ ၄း၁၄၊ ပရောဂြရေမေိယာ ၂း၉-၁၃)၊ ‘ငါ သညျ အသကျမုနျ့ဖွစျသညျ’ ဟူ၍လညျးကောငျး (သံယောဟနျ ၆း၂၂-၅၉)၊ ‘ငါသညျ ကောငျးသောသိုးထိနျးဖွစျသညျ’ ဟူ၍လညျးကောငျး(သံယောဟနျ ၁၀း၁၁-၁၈) မိနျ့ကွားခဲ့သညျ။ ထို့အတူ ယဇေူးသခငျက ‘ငါသညျ စစျမှနျသော စပစြျ နှယျပငျဖွစျ၍ ငါ၏ခမညျးတောျသညျ စပစြျဥယြာဉျမှူးဖွစျတောျမူ၏။ငါ၌တညျနကွေလော့။ငါသညျလညျး သငျတို့၌ တညျနမေညျ။ သငျတို့သညျလညျး ငါ၌မတညျရှိလြှငျ အသီးမသီးနိုငျကွ’ ဟုလညျးမိနျ့တောျမူသညျ။(သံယောဟနျ ၁၅း ၁-၆)အာဒမ်နှင့်ဧ၀တို့သည် ရုပ်ပိုင်းဆိုင်ရာအရ ဘုရားသခင်နှင့်ရှိနေခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ၊ အကျင့်အကြံ၊ အ တွေးအခေါ်ပိုင်းဘုရားသခင်နှင့်မရှိသောကြောင့် ဘုရားသခင်က မစားရန်၊ စားသောနေ့၌ပင်၄င်းတို့အား မည်သို့ဖြစ်လာ နိုင်ကြောင်းကို သတိပေးထားခဲ့သော်လည်း တားမြစ်ထားသောအသီးကိုခူးဆွတ်စားခဲ့သည်။ စားသည့်နေ၌ပင်၄င်းတို့ သည် ဖန်ဆင်းစဉ်ကဘုရားသခင်ပေးထားသော ကျေးဇူးတော်အခြေအနေများအားလုံဂဆုံးရှုံး၍ အချင်းချင်းပင်မကြည့်၀ ဘဲရှက်နေခဲ့ကြသည်။ ၄င်းတို့အားနှောက်ယှက်သည့်အချိန် မြွေပြောခဲ့သော ဘုရားကဲ့သို့ဖြစ်မည်၊ အသိဉာဏ်ပွင့်မည်၊ ကောင်းမကောင်းသိမည်ဟူသောစကားများသည် ဘာတစ်ခုမျှဖြစ်မလာခဲ့။ နောက်ဆုံး၌ ဘုရားသခင်၏ကျေးဇူးတော်ပင် ဆုံးရှုံးရတော့မလိုပင်ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်သည် ကောင်းမြတ်သောကြောင့်လူကိုမဖျက်စီးခဲံပေ။အီစ္စရေးလူမျိုးတို့သည်လည်း ဘုရားသခင်က ၄င်းတို့အား အလွန်အင်အားကြီးသောအီဂျစ်လူမျိုးတို့၏ကျွန်ခံရ ဘ၀မှကယ်နုတ်ကာ လူလွှတ်ဖြစ်စေခဲ့သည်။ ကတိထားသောတိုင်းပြည်သို့၀င်ရောက်ရန် အခက်အခဲများစွာကြားမှ ပို့ ဆောင်ခဲ့သည်။ ထိုအဖြစ်အပျက်ကို နောင်မျိုးဆက်များမေ့လျော့၍ ဘုရားသခင်အားထိခိုက်စော်ကားခြင်းမျိုး၊ စွန့်ပစ် သွားခြင်းမျိုးမဖြစ်စေရန် ပေထက်အက္ခရာမတင်မီကပင် နှစ်စဉ်ပါစကားပွဲညစာစားချိန်၌ နှုတ်တိုက်ပြောပြလေ့ရှိသည်။နှစ်စဉ်သတိပေးနေသော်လည်း အီစ္စရေးလူမျိုးတို့သည် ဘုရားသခင်အပေါ်အားကိုးယုံကြည်မှု၊ ပညတ်တရားတော်များ ကိုလိုက်နာကျင့်ကြံမှုအားနည်းလာသည်။ကိုယ့်ထီကိုယ့်နန်း၊ ကိုယ့်မြေ၊ကိုယ့်ရေနှင့်နေရသည်ဟု ၄င်းတို့အစွမ်းဖြင့်ရရှိခဲ့ သည့်အလားမာန်ကြွကာ ဘုရားသခင်ကိုမေ့လျော့လာသည်။ပညတ်တော်ကိုပေါ့ပေါ့တန်တန်ထားလာကြသည်။နောက် ဆုံး ဘေးအန္တရာယ်ကျရောက်မှသာ ဘုရားသခင်ထံသို့ပြန်၍ဦးလှည့်လာကြသည်။ယနေ့ဖတ်ရူသောဧ၀ဂေလိကျမ်းစာတော်မြတ်၌လည်း ယေဇူးသခင်သည် ညအချိန်ရောက်သော်လည်း တပည့် တော်ကြီးများနှင့်အတူလိုက်ပါမသွားဘဲကမ်းပေါ်၌ကျန်ခဲ့သည်။ တပည့်တော်ကြီးများသည် ၄င်းတို့ဖာသာလှေလှော်ခတ် ၍ကာဖာနာအုမ်မြို့ဆီသို့သွားကြ၏။သို့သော် လေမငြိမ်သောကြောင့် လှိုင်းထလျှက်ရှိသည်။ လှေသည်လည်းလွန့်လူး လျှက်သည်။ တပည့်တော်ကြီးများစိုးရိမ်စပြုလာသည်။ ထိုအချိန်တွင် ယေဇူးသခင်ရေပေါ်၌လှမ်းလျှောက်လာသည်ကို မြင်သောအခါ ထပ်မံတုန်လှုပ်သွားကြပြန်သည်။ ယေဇူးသခင်နှင့်ရှိခြင်းနှင့်ယေဇူးသခငျနှငျ့ခတေ်တခဏဝေးကှာခွငျး သည်ပင် အဘယ်မျှထိတ်လန့်စရာကောင်းသည်ကိုကိုယ်တိုင်တွေ့ကြုံခဲ့ကြသည်။ပေတရုက မိမိတစ်ဦးတည်းယေဇူးထံ သို့ ရေပေါ်၌လမ်းလျှောက်၍လာခွင့်ပြုရန် တစ်ကိုယ်ကောင်းဆန်စွာတောင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူး သခင်ထံရောက်သွားလျှင် သူ့အတွက်သေချာပေါက်လုံခြုံသည်ကိုသိ၏။ သို့သော် အခြားသူများ၏လုံခြုံမှုကိုမူသူထည့် သွင်းမစဉ်းစားခဲ့ပေ။ တစ်ကိုယ်ကောင်းဆန်သောစိတ်သည် အခက်အခဲများကြား၌ကြာရှည်မရပ်တည်နိုင်သည်ကိုလေ ကြိမ်းလာသောအခါ ပေတရုသည်ရေနစ်လုလုဖြစ်သွားခဲ့သည်။ယေဇူးသခင်လှေပေါ်သို့ရောက်ရှိလာသည့်အခါမှသာ အားလုံဂပျော်သွားခဲ့ကြသည်။
ယေဇူးသခင်၏လမ်းစဉ်သည် တစ်ကိုယ်ကောင်းစားရန်သာမဟုတ်။အဘယ်ကြောင့်ဆိုသော် ပုဂ္ဂိုလ်သုံးပါး၏အဖြစ်တော်သည်ပင်လျှင် စည်းလုံးခြင်းကိုပြသည်။ အဖွဲ့အစည်းကိုပြသည်။ တစ်ပါးနှင့်တစ်ပါးကိုလေးစားသည်။ နာခံ သည်။ တစ်ပါး၏အမှုတော်သည် ကျန်နှစ်ပါး၏အလိုတော်ကိုဖော်ဆာင်သည်။ထို့ကြောင့် ယေဇူးသခင်သည် သူ၏လုံခြုံ မှုအတွက်သာတွက်ဆသောပေတရုအား ရေနစ်လုလုအခြေအနေနှင့်ကြုံစေ၍ သခ်န်းစာပေးခဲ့သည်။ဘုရားသခင်နှင့်မရှိ သူသည်စည်းလုံးခြင်း၌မရှိပေ။တစ်ကိုယ်ကောင်းဆန်သူဖြစ်သည်။
အိုစည်းလုံးခြင်း၏ဘုရား၊ တပည့်တော်တို့အား တစ်ကိုယ်ကောင်းစိတ်ကိုလျော့နည်းပပျောက်စေ၍ စည်းလုံးခြင်းကို တည်ဆောက်သူများဖြစ်နိုင်စေတော်မူပါ။