Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-04-30 08:48:27
ပါစကားတတိယတနင်္ဂနွေနေ့ (C)
တိုလီမုတ်စဩဝါဒ (ယော ၂၁:၁-၁၉)
Rev.Fr.Bernadino Ne Ne
Posted by Sr.B.Myat Hnin Nwe(I.S.R.)

 တိဘေးရိယအိုင်မှာ တစ်ညလုံး ကြိုးစားဖမ်းခဲ့ပေမယ့် ပေတရုနဲ့ အဖော် ၆ ဦးတို့ဟာ ငါးတစ်ကောင်လေးတောင် မဖမ်းမိခဲ့ရှာဘူး။ ဘုရားရှင်ယေဇူးရဲ့မိန့်မှာညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြရာ တပည့်တော်ကြီးတွေဟာ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်ကို ဖမ်းမိခဲ့လေတယ်။ငါးမျိုးပေါင်း(၁၅၃)မျိုးဟာ လူမျိုးတကာကို ကိုယ်စားပြုထားကြောင်း အချို့က အနက်ကောက်ကြပါတယ်။  ဆိုတော့က ဘုရားရှင်ယေဇူးရဲ့ဖိတ်ခေါ်ချက်ဟာ လူမျိုးအပေါင်းတို့နဲ့ဆိုင်သော ဖိတ်ခေါ်ချက်ရယ်လို့ အာရုံပြုဆင်ခြင်မိနိုင်ပါတယ်။“ငါးများဟာ ဤမျှလောက်များပြားသော်လည်း ပိုက်ကွန်သည် မစုတ်မပြဲဘဲ ရှိလေ၏။”ယုံကြည်နောက်လိုက်သူများဟာ များပြားစုံလင်လှပေမယ့် ခရစ်ယာန်အသိုင်းအဝန်းကြီးက ကွဲပြားလွင့်ပါးသွားစရာ မလိုအပ်ပါဘူး။ အထူးသဖြင့် ဤသို့အတူတကွ ပေါင်းစည်းဆက်နွယ်ပြီး ကျင့်ကြံရှင်သန်ခြင်းဟာ ပဋိပက္ခမုန်တိုင်းထန်ခဲ့တဲ့ ပင်လယ်ထက်မှာ ခရီးပြုခဲ့/နေရတဲ့ အသင်းတော်ကြီးအတွက် ဆက်ပြီးကိုင်စွဲသွားနိုင်သော ကတိတော်မြတ်ကြီးတစ်ခုအဖြစ် ရှိနေကြောင်း ထောက်ရှုမိနိုင်ပါတယ်။ငါးများစွာကို ဖမ်းမိနိုင်ခဲ့တဲ့အာနုဘော်ဖြစ်စဉ်လေးဟာ သတင်းကောင်းကို လူအများအတွက် ဟောကြားပေးဖို့လည်း သတိပြုမိစေပါတယ်။ ဘုရားရှင်ယေဇူးရဲ့ မိန့်မှာစေလွတ်ပြီးနောက်ပိုင်း ပေတရုနဲ့ အခြားတပည့်တော်ကြီးတွေဟာ ကျန်ရှိခဲ့တဲ့သူတို့ရဲ့ဘဝသက်တာအချိန်လေးမှာ ဂါလီလေယပင်လယ်၊တိဘေးရိယအိုင်တွေမှာ ငါးဖမ်းသွားခြင်းကို ပြန်ပြီးလုပ်ဆောင်ခဲ့တာမျိုး ကျွန်ုပ်တို့မကြားသိခဲ့ရတော့ဘူး။ အကြောင်းရင်းကတော့ လောကကြီးထဲ လူတွေအတွက် သတင်းကောင်းကို ဝေငှဟောကြားပေးခြင်းကို ဆက်ကပ်လုပ်ဆောင်နေကြရလို့ ဖြစ်တယ်။ ထိုနည်းတူစွာဘဲ မိမိတို့၌ တည်ရှိနေတဲ့ ယေဇူးရှင်ရဲ့အသက်တာဟာ မိမိတစ်ကိုယ်တည်းအတွက်သာ မဖြစ်စေရပါ။မိမိဘဝထဲမှာ ပြည့်ဝရှင်သန်စေပြီး တစ်ပါးသူနဲ့လည်း မျှဝေရှင်သန်စေရပါမယ်။“ငါ၏သိုးများကို ကျွေးမွေးလော။” ကျွေးမွေးခြင်းဆိုတာ တစ်ပါးသူကို ကြီးထွားရှင်သန်နိုင်အောင် ကူညီပေးခြင်းပါ။ ခရစ်ယာန်တိုင်းဟာ တစ်ပါးသူတွေ ကြီးထွားရှင်သန်နိုင်ဖို့ ဘယ်လိုကူညီစောင့်ရှောက်ပေးရမလဲလို့ အသိတရားရှိရပါမယ်။ ကိုယ်တော်ရဲ့နူတ်ကပတ်တော်ကို နားလည်သိရှိဖို့ လူတွေကို ဘယ်လိုနည်းလမ်းနဲ့ ရှင်းလင်းပြောပြနိုင်မလဲ လို့ဆင်ခြင်ရပါမယ်။ဘုရားရှင်ထံ ခြေဦးလှည့်ပြန်လာချင်တဲ့ သူတို့ရဲ့ပြင်းပြစိတ်တွေကို မိမိဘယ်လို ပံ့ပိုးပို့ဆောင်ပေးနိုင်မလဲ လို့ သုံးသပ်ရပါမယ်။ 
ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ဘုရားရှင်ယေဇူးရဲ့ မျက်မှောက်သာသနာပြုသာဝကများ ဖြစ်လာနိုင်ဖို့ အခြေခံကျဆုံးလိုအပ်ချက်တစ်ခုကတော့ ပေတရုနည်းတူ မိမိတို့ကိုယ်စီလည်း “ချစ်ပါ၏ သခင်ဘုရား၊ တပည့်တော်သည် ကိုယ်တော်ကိုချစ်ကြောင်း ကိုယ်တော် သိပါသည် . . ” လို့ အမြဲလျောက်တင်နိုင်ခြင်းငှါ ကြိုးစားကျင့်ကြံဖို့တော့ အထူးလိုအပ်ပါကြောင်း ။

 
 
 
 
Daily Reflection