မေလ ၂ ရက်နေ့၊ ၂၀၂၂၊ တနင်္လာနေ့၊ ပါစကားပွဲကာလ တတိယပတ်
(Saint Athanasius, Bishop, Doctor)
Rev.Fr. Bosco Saw Lar Htoo
Posted by Sr. B. Myat Hnin Nwe(I.S.R.)
(ယောဟန် 6:22-29,
“22. နောက်တစ်နေ့၌ ပင်လယ်တစ်ဖက်ကမ်းတွင် ကျန်ရစ်ခဲ့ကြသော လူအစုအဝေးတို့သည် ထိုနေရာ၌ လှေတစ်စီးသာ ရှိကြောင်းနှင့် ယေဇူးသည် လှေပေါ်သို့လိုက်ပါ သွားခြင်းမရှိဘဲ တပည့်တော်များသာ ထွက်ခွာသွားကြ ကြောင်းကိုမြင်ကြ၏။23.သို့သော်လည်း တိဘေးရိယမြို့မှ လှေများသည် သခင်ဘုရား ကျေးဇူးတော်ချီးမွမ်းပြီးနောက် မိမိတို့ မုန့်စားခဲ့ကြသော နေရာအနီးသို့ ဆိုက်ရောက်လာကြ၏။24.သူတို့သည် ယေဇူးနှင့် တပည့်တော်တို့ ထိုအရပ်၌မရှိကြောင်းကို သိမြင်ကြသောအခါ လှေများပေါ်သို့တက်ကြပြီး ကာဖာနာအုမ်မြို့သို့ သွားကြ၍ ယေဇူးကိုရှာကြ၏။25.သူတို့သည် ကိုယ်တော့်ကို ပင်လယ်တစ်ဖက်ကမ်း၌ တွေ့မြင်ကြလျှင် ရာဘီ၊ မည်သည့်အချိန်က ဤအရပ်သို့ ရောက်လာ ခဲ့ပါသနည်းဟု ကိုယ်တော်အား မေးကြ၏။26.ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆို သည်ကား သင်တို့သည် တန်ခိုးလက္ခဏာကိုမြင်ကြရ သောကြောင့်မဟုတ်။ပေါင်မုန့်ကိုစား၍ ၀သောကြောင့်သာ ငါ့ကိုရှာကြ၏။27.ပျက်စီးတတ်သော အစာအတွက် မကြိုးစားကြနှင့်။ထာ၀ရအသက်၌ တည်စေခြင်းငှာ လူသားသည် သင်တို့အား ပေးမည့်အစာအတွက် ကြိုးစား အားထုတ်ကြလော့။အကြောင်းမူကား ခမည်းတော်ဘုရားသည် သူ့အပေါ် ၌ မိမိ၏တံဆိပ်ကို ခတ်နှိပ်တော်မူ လေပြီဟု မိန့်တော်မူ၏28.ထိုအခါ သူတို့က ဘုရားသခင်၏ အမှုတော်များကို ဆောင်ရွက်နိုင်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုလုပ်ရမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏29. ယေဇူးကလည်း ထာ၀ရဘုရား သခင်နှစ်သက်တော်မူသော အမှုအရာသည်ကား ကိုယ်တော်ရှင် စေလွှတ်တော်မူသောသူကို သင်တို့ယုံကြည်ခြင်းပင် ဖြစ်သတည်းဟု သူတို့အား ပြန်ဖြေတော်မူ၏။-”
ထောက်ရှုချက်
"ပျက်စီးတတ်သော အစာအတွက် မကြိုးစားကြနှင့်။ထာ၀ရအသက်၌ တည်စေခြင်းငှာ လူသားသည် သင်တို့အား ပေးမည့်အစာအတွက် ကြိုးစား အားထုတ်ကြလော့။"(ယောဟန် 6:27) ကျွန်ုပ်တို့ နေ့စဥ်ဘာတွေကိုရှာဖွေနေကြပါသလဲ။ နေ့စဉ် ကျွန်ုပ်တို့ ငွေရဖို့ အလုပ်လုပ်နေကြတာကဘာအတွက်လဲ။စားပြီးပျက်စီးသွားတတ်တဲ့အစာအတွ