ပါစကားကာလတတိယပတ် အဂ်ါနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၆း၃၀-၃၅၊
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe (I.S.R)
ယနေ့ဖတ်ကြားထောက်ရူသောဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်၏တရားနာပရိသတ်အချို့သည် တန်ခိုးလက္ခ ဏာပြပေးရန်တောင်းဆိုကြသည်။ယေဇူးသခင်၏ဘ၀၌ တန်ခိုးလက္ခဏာပြရန် သူ၏တရားနာပရိသတ်များကလည်းကောင်း၊ဂျူးလူမျိုးတို့၏ ဘာသာရေးခေါင်းဆောင်များကလည်းကောင်း တောင်းဆိုခံရသည်မှာ (၂) ကြိမ်ရှိပြီဖြစ်သည်။(သံမာတေဦး ၁၂း၃၈၊သံမာကု ၈း၁၁-၁၂၊ သံလုကာ ၁၁း၂၉-၃၂၊ သံယောဟန် ၆း၃၀)ယေဇူးသခင်အတွက် ယခုကဲ့သို့ တန်ခိုးလက္ခဏာတောင်းဆိုခံရခြင်းသည် အလွန်ခံပြင်းစရာကောင်းသည်။ထိုသို့သူ့အား တန်ခိုးလက္ခဏာလာ တောင်းဆိုသူတို့အား ယေဇူးသခင်က ‘ဆိုးညစ်ဖောက်ပြန်သော လူမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်တတ်၏’ ဟုပြန်လည်မိန့်ကြားခဲ့သည်။(သံမာတေဦး ၁၂း၃၉)တန်ခိုး လက္ခဏာသည် ယုံကြည်ခြင်းကိုတိုးပွားလာစေရန်အာမခံချက်မပေးနိုင်ပေ။ထိုသို့ပေးနိုင်ပါလျှင် ယေဇူး ယခုရက်ပိုင်းလောလောလတ်လတ်ပင် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ဖြင့်လူငါးထောင်ကိုကျွေးမွေးခဲ့သည်။ထိုသို့ကျွေးမွေး ခဲ့သည်ကို ၄င်းတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောသူများကဤသူသည်ကား ဤလောကသို့ကြွလာမည့်ပရောဖက်ဧကန်မုချ ဖြစ်သည်’ ဟုပြောဆိုခဲ့ကြသည်။ (သံယောဟန် ၆း၁-၁၄) သို့သော် ရက်များမကြာမီ တန်ခိုးလက္ခဏာကိုပြရန်ထပ်မံ တောင်းဆိုနေခြင်းမှာ ၄င်းတို့အတွက်တန်ခိုးလက္ခဏာများကိုကြည့်၍ ယုံကြည်လိုခြင်းမဟုတ်။စိတ်လှုပ်ရှားလို၍သာ ဖြစ်သည်။ယုံကြည်ခြင်းသည် စိတ်ခံစားချက်မဟုတ်။ခံယူချက်ဖြစ်သည်။အမှန်မှာ ယေဇူးသခင်၄င်းတို့အားပြသခဲ့သော တန်ခိုးလက္ခဏာများကား အချို့သည် တပည့်တော်ကြီးများသာ မြင်တွေ့ခဲ့ရသည်များလည်းရှိသည်။ ဥပမာအားဖြင့် ရေပေါ်တွင်လမ်းလျှောက်တော်မူခြင်း (သံယောဟန် ၆း၁၆-၂၁)၊ ယေဇူးသခင် ဆမာရိယားအမျိုးသမီးနှင့်စကားပြောဆိုခြင်း (သံယောဟန် ၄း၁-၄၂) တို့ဖြစ်သည်။ ယေဇူးသခင်၏ဆ မာရိယာအမျိုးသမီးနှင့်စကားပြောဆိုခြင်းသည် အဘယ်ကြောင့် ထူးဆန်းအံ့ဩရသနည်း။ ဆမာရိယာအမျိုးသမီးကိုယ် တိုင်ပင်လျှင် ယေဇူးသခင်အား ‘ဂျူးလူမျိုးတစ်ဦးဖြစ်သောသင်သည် အဘယ်ကြောင့်ဆမာရိယာအမျိုးသမီးတစ်ဦးဖြစ် သော ကျွန်မထံမှသောက်ရေကိုတောင်းပါသနည်း’ ဟု သောက်ရေတောင်းသည်ကို အံ့အားသင့်စွာပြန်လည်ဖြေကြားခဲ့ သည်။ ဂျူးလူမျိုးတို့သည် ဆာမာရိယားလူမျိုးတို့နှင့်စကားပြောခြင်းမဆိုနှင့်။ မျက်နှာချင်းပင်မဆိုင်နိုင်သောအမုန်းများရှိ သည်။ ထိုသို့သော သမိုင်းအမုန်းများရှိနေသော်လည်း ယေဇူးသခင်သည် မျက်နှာချင်းဆိုင်ရုံမက၊ ရေတိုက်ရန်တောင်းခံ လိုက်သေးသည်။ သို့သော် ဤသို့ပြုမူချက်ကို တပည့်တော်ကြီးများကသာမြင်တွေ့ခဲ့ရသော ထူးဆန်းအံ့ဩဖွယ်ဖြစ် သည်။
ဂျူးလူမျိုးများအလွန်မြင်ချင်၊ တွေ့ချင်သောတန်ခိုးအံ့ဖွယ်ရာများကိုကြည့်မည်ဆိုပါလျှင် ယေဇူးသခင်သည် ဖိ လစ်ပုအား ယခင်တစ်ခါမျှမတွေ့ဖူး၊ မဆုံဖူးသော်လည်း သူ့အားတွေ့တွေ့ချင်း ‘ကောက်ကျစ်စဉ်းလဲခြင်းနှင့်ကင်းသော အစ္စရာအဲလ်အမျိုးသားစစ်စစ်ကိုကြည့်ကြလော့’ ဟုမိန့်ကြားခဲ့သည်။ (သံယောဟန် ၁း၄၇) ပြောရမည်ဆိုပါလျင် ယေ ဇူးသခင်သည် ထူးဆန်းအံ့ဖွယ်ရာကိုသာပြုလုပ်နိုင်သည်မဟုတ်။ အကြားအမြင်ပင်ရနေသည်။
ယေဇူးသခင်သည် ကာနမြို့လက်ထပ်ပွဲ၌ ရေမှစပျစ်ရည်သို့ပြောင်းလဲပေးခဲ့သည်။ မျက်လှည့်မဟုတ်ခဲ့ပေ။ လူ့သ တင်းလူချင်းဆောင်၍ ဤသတင်းသည်လူတိုင်းသိနိုင်လောက်သည်။ (သံယောဟန် ၂း၁-၁၁)
ယေဇူးသခင်သည် အမြင်မတော်ဖြစ်နေသော ဗိမာန်တော်ကိုအဘယ်သူမျှခိုင်းစေခြင်းမဟုတ်သော်လည်း ဗိမာန် တော်သည် လူတိုင်းနှင့်ဆိုင်၍ အမြင်မတော်သည်ကိုရှင်းလင်းခဲ့သည်။ ထိုကာလက အာဏာစက်အလွန်ကြီးမားသော ဂျူးဘာသာရေးခေါင်းဆောင်ကိုအဘယ်သူမျှမလှန်ရဲ။ သို့သော် ယေဇူးသခင်လုပ်ဆောင်ရဲခြင်းသည် အလွန်ထူးဆန်းအံ့ ဖွယ်ရာဖြစ်သည်။ အံ့ဖွယ်ရာများစွာကိုတွေ့ခဲ့ရ၊ ကြားခဲ့ရသော်လည်း ထပ်လောင်းတောင်းခံနေခြင်းသည် ယေဇူးသခင် အားမယုံကြည်လို၍သာ အကြောင်းပြခြင်းဖြစ်သည်။
အိုသခင်၊ တပည့်တော်တို့အား တန်ခိုးလက္ခဏာများ၏နောက်သို့လိုက်သော အပေါ်ယံရွှေမှုန်ကြဲသောယုံကြည်ခြင်းပိုင် ရှင်များမဖြစ်စေဘဲ ယုံကြည်ခြင်းတည်ကြည်ခိုင်မာသူများဖြစ်စေတော်မူပါ။ a