ပါစကားကာလတတိယပတ် ဗုဒ္ဓဟူးနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၆း၃၆-၄၀၊
Rev.Fr.Cle Pike
Posted by Sr.B.Myat Hnin Nwe(I.S.R.)
ယေဇူးသခင်သည် စာတန်၏နှောက်ယှက်ခြင်း (၃) ကြိမ်အနက် ပထမတစ်ကြိမ်၌ ပြန်လည်တုန့်ပြန်ခဲ့သော စကားဖြစ်သည့် ‘လူသည် အစားစာအားဖြင့်သာအသက်ရှင်သည်မဟုတ်’ဟူသောတုန့်ပြန်ချက်သည် အစားအသောက် သည်မလိုအပ်ဟုလုံး၀မငြင်း။သို့သော် အစားအစာဖြင့်သာအသက်ရှင်သည်မဟုတ်သည်ကိုသာတရားပေးခြင်းဖြစ်သည်။ (သံမာတေဦး ၄း၃-၄) အချို့သောသူတို့သည် အစားသည်ပထမ၊အစားသည်သူတို့၏ဘ၀၊ အစားအတွက်သာရှင်သန် နေကြသည်။ထို့ကြောင့် တမန်တော်ပေါလုက ‘သင်တို့ဗိုက်သည် သင်တို့ဘုရားမဖြစ်စေနှင့်’ဟုသူ၏ဘာသာတူများဆုံးမ ထားသည်။အစာသည်အရေးကြီးသောကြောင့်လည်း ဘုရားသခင်၏ဖန်ဆင်းခြင်းလုပ်ငန်းစဉ်၌ လူ၊ တိရစ္ဆာန်များကိုမဖန် ဆင်းမီ အလင်း၊အမှောင်၊နေစရာကုန်းရေ၊ အပင်၊ အသီးအနှံများကိုဦးစွာဖန်ဆင်းခဲ့သည်။ဘုရားသခင်သည် အီစ္စရေး လူမျိုးတို့အား အီဂျစ်နိုင်ငံမှပြန်လည်ခေါ်ထုတ်လာပြီးနောက် ကတိထားသောတိုင်းပြည်ရောက်သည့်တိုင် စားရေရိက္ခာ မပူမပင်၊ မကြောင့်မကျစားခဲ့ကြရသည်။ဤနေရာ၌ သတိထားရမည့်အချက်ကား ဘုရားသခင်သည် သူတို့စားချင်သလောက်စားခွင့်ပြုသော်လည်း စားချင်သည့်အစားအစာကိုမပေးခဲ့ပေ။၎င်းတို့စားချင်သောအစားအစာမှာ ကျွန်ခံ၍ အမဲဟင်းအိုးဘေး၌ကြက်သွန်၊ သခွားများဖွယ်ဖွယ်ရာရာဖြင့်ချက်ပြုပ်စားချင်ကြသည်။ ဘုရားသခင်သည် အငတ်မထား။သို့သော် အစားအစာများမှလည်းတရားပါပေးသည်။လက်ရှိ၌ စည်းစိမ်ရစ်ရမည့်အချိန်မဟုတ်။ပေးဆပ်ခံထမ်းကျော်ဖြတ်ရမည့်အချိန်ဖြစ်သည်ကိုသိစေလိုသည်။ယေဇူးသခင်သည်လည်း မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုကျွေးမွေးရာ၌ သူ၏တရားနာပရိသတ်များလိုချင်သ လောက်ပေးခဲ့သည်။ သို့သော် မြို့နှင့်မနီးသောတောအရပ်ဖြစ်၍ မိမိတို့၏အိမ်၌ချက်ပြုပ်စားသောက်သကဲ့သို့ မစားနိုင် ပေ။အဘယ်ကြောင့်ဆိုသော် ဤလောကသည် လူသားတို့၏ထာ၀ရအိမ်တော်မဟုတ်။ယာယီအိမ်တော်သာဖြစ်သည်။ ထာ၀ရအိမ်တော်ကားကောင်းကင်နိုင်ငံတော်၌ဖြစ်၏။ ထို့ကြောင့် ပျောက်သွားသောသားပြန်လာချိန်၌ ဖခင်ဖြစ်သူသည် ဆူဖြိုးသောနွားကိုသတ်၍ပွဲတည်ခင်းပေးခဲ့သည်။ ယေဇူးသခင်သည် ကောင်းကင်နိုင်ငံတော်အကြောင်းကိုဥပမာပေး ခိုင်းနှိုင်းလာလျှင် ခမ်းနားသောမဂ်လာပွဲ၊ စားသောက်ပွဲအဖြစ်ပုံဖော်လေ့ရှိသည်။(သံမာတေဦး ၂၂း၁-၂၊ သံလုကာ ၁၄း၁၅-၁၆)ယဇေူးသခငျသညျ အသကျမုနျ့ဖွစျ၍ စားရနျမှာပူစရာမရှိ။ယဇေူးသခငျဆိုလိုသော ‘ငါ့ထံသို့လာသောသူသညျ မညျသညျ့အခါမြှ ဆာငတျခွငျးရှိလိမျ့မညျမဟုတျ’ဟုဆိုရာ၌ ယဇေူးသခငျအတှကျမှာ ခမညျးတောျဘုရား၏အလိုကို ဆောငျခွငျးသညျ သူ့အတှကျအစာဖွစျသညျ။(သံယောဟနျ ၄း၃၄) ထို့ကွောငျ့ ယဇေူးသခငျသညျ လူအစုအဝေးကို မွငျလြှငျ မစားနိုငျမသောကျနိုငျအောငျတရားဟောကြားခြင်း၊ ရောဂါများကိုကုသခြင်းကြောင့် ဂျူးလူမျိုးတို့က ယေဇူးသ ခင်၏ဇာတိတော်ကိုမသိဘဲ စိတ်ဖောက်နေ၍ထမင်းမေ့ဟင်းမေ့ဖြစ်နေသည်ဟုစွပ်စွဲခဲ့သည်။ (သံမာကု ၃း၂၀-၂၁)
ကျွန်ုပ်တို့လည်း ယေဇူးသခင်သကဲ့သို့ ခမည်းတော်ဘုရားနှင့်ပေါင်းစပ်ရှင်သန်နေလျှင်လည်းကောင်း၊ ခမည်း တော်ဘုရား၏အလိုတော်ကိုဦးထိပ်ပန်ဆင်ဆောင်ရွက်လျှင်လည်းကောင်း ဆာလောင်မွတ်သိပ်ခြင်းကင်းပေမည်။
အိုသခင်၊ အသက်၏မုန့်ဖြစ်သောကိုယ်တော့်ကို ထိုက်တန်စွာပြင်ဆင်ပင့်ယူနိုင်စေတော်မူပါ