Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-05-04 04:17:47
       ပါစကားကာလ တတိယပတ်ကြာသပတေးနေ့၏ထောက်ရှုချက်
သံယောဟန် ၆း၄၄-၅၁၊
Rev.Fr.Cle Pike
Posted by Sr.B.Myat Hnin Nwe(I.S.R.)

            ယုံကြည်ခြင်းသည် ဘုရားသခင်၏အခမဲ့ကောင်းကြီးဖြစ်သည်ဟု ဘုရားစကားတန်း၌သင်ကြားခဲ့ဖူးပါသည်။ ထို စဉ်ကနားမလည်ခဲ့ပေ။အသက်အရွယ်အနည်းငယ်ရလာ၊အတန်းပညာအနည်းငယ်မြင့်လာ၊ တွေးတောဆင်ခြင်ဉာဏ်အနည်းငယ်မြင့်လာသောအခါမှသာနားလည်လာပါသည်။စာသင်ကျောင်းများ၌ ရှေးယခင်သာသနာပြုကျောင်းများကဖွင့်လှစ်သော စာသင်ကျောင်းများသို့တက်ရောက်ရန် ဘာသာမတူသော်လည်း အဆောင်မှဖွင့်လှစ်သောကျောင်းအိတ်ကျောင်းစားအဆောင်များတွင်နေထိုင်၍ပညာသင် ကြားခဲ့ကြသည်။ထိုကျောင်းသားများသည် ပညာသာသင်ယူရသည်မဟုတ်။ ဘာသာမတူသော်လည်း စည်းကမ်းထိမ်း သိမ်းရလွယ်ကူစေရန် အဆောင်မှချမှတ်သောစည်းကမ်းများအားလုံးကိုလိုက်နာရသည်။ ထိုစည်းကမ်းများအနက် ဘာ သာရေးနှင့်ဆိုင်သော ၀တ်ပြုခြင်းများ၌ပါ၀င်ရခြင်း၊ဆုတောင်းမေတ္တာများကိုရွတ်ဆိုပူဇော်ခြင်းများကို အချို့သော ကျောင်းအိတ်ကျောင်းစားကလေးများသည် လိုက်နာခဲ့ရသည်။အချို့သောဆရာဆရာမတို့သည် ငယ်စဉ်တောင်ကျေး ကလေးဘ၀က ရွတ်ဆိုဆုတောင်းခဲ့သော ကောင်းကင်ဘုံမေတ္တာ၊ဂုဏ်ကျေးဇူးတော်မေတ္တာများနှင့်အခြားသောဆုတောင်းမေတ္တာများကိုအလွတ်ပြန်လည်ရွတ်ပြနိုင်သည်။ဓမ္မသီချင်းအချို့ကိုလည်းပြန်လည်ဆိုပြနိုင်သည်။ အချို့သည် ဘာသာနာမည်ကိုလည်းခံယူခဲ့ကြသည်။ သို့သော် ၄င်းတို့သည်ကက်သလစ်ခရစ်ယာန်များဖြစ်မလာခဲ့။အတင်းအကြပ် လည်းသိမ်းသွင်းခြင်းလည်းမပြုခဲ့ပေ။ဤသူများထက်အံ့ဩစိတ်မကောင်းစရာဖြစ်ရသည်မှာ မျိုးရိုးစဉ်ဆက်ကက်သလစ်ဘာသာ၀င်ဖြစ်လာခဲ့ပြီး နောက်မှ အိမ်ထောင်ရေး၊ စီးပွားရေး၊ ရာထူးရာခံများကြောင့် ဘာသာကူးပြောင်းသွားကြသူများစွာရှိကြသည်။အချို့ ကားဘာသာမကူးပြောင်းသော်လည်း မိမိတို့၏ယုံကြည်ခြင်းဆက်လက်ရှင်သန်ရန်အတွက်မကြိုးစားတော့ဘဲလစ်လျူရူ ထားလိုက်ကြ၏။ယနေ့ဖတ်ရူသောဧ၀ဂေလိကျမ်းစာ၌ ယေဇူးက ‘ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်က ခေါ်ယူသောသူမှတစ်ပါး မည်သူမျှငါ့ထံသို့မလာနိုင်’ဟုမိန့်ကြားချက်သည်အလွန်မှန်ကန်ပါသည်။ ယေဇူးသခင်၏တပည့်တော်ကြီး (၁၂) အနက် ယုဒအီစရီရုဒ်သည်မည်မျှပင်အနေနီးပြီး အခွင့်အရေးကောင်းများစွာရရှိခဲ့စေကာမူ ယေဇူးသခင်နှင့်စီးမကိုက်ခဲ့ပေ။ ယေဇူးသခင်၏ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော တရားဒေသနာဟောကြားရာ၌ သုံးနှစ်သုံးမိုးတရားနာခွင့်ရှိခဲ့၊  တန်ခိုးအံ့ဖွယ်ရာများကိုမြင်တွေ့ခွင့်ရခဲ့သော်လည်း နောက်ဆုံး၌ ယေဇူးသခင်၏နောက်သို့လိုက်ရန်တွန့်ဆုတ်နေခဲ့သည်။အသက်အရွယ်တစ်ခုအထိ ကက်သလစ်ခရစ်ယာန်ဟုခံယူနေထိုင်ခဲ့သော်လည်း နောက်ပိုင်း၌ယေဇူးသခင်ကိုစွန့်သွားကြ သည်။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်ဘုရားမှယေဇူးသခင်အားပေးအပ်သောသူများထဲ၌မပါကြသောကြောင့်ယေ ဇူးသည်။
အိုသခင်၊ ကိုယ်တော်၏နိုင်ငံတော်သို့ကြွ၀င်သောအခါ တပည့်တော်တို့ကိုသတိရတော်မူပါ။ 

Daily Reflection