Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-05-05 03:39:47
ပါစကားကာလ တတိယပတ်သောကြာနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၆း၅၂-၅၉၊
Rev.Fr.Cle Pike
Posted by Sr.B.Myat Hnin Nwe(I.S.R.)

            ‘ဘုရားသခင်မတတ်နိုင်သောအမှုတစ်စုံတစ်ခုမျှမရှိ’ဟုယေဇူးသခင်၏မိန့်မြွတ်ချက်ကိုယုံကြည်လျှင် ယေဇူးသခင်အားမယုံကြည်နိုင်စရာအကြောင်းမရှိ။ (သံလုကာ ၁း၃၇၊သံမာတေဦး ၁၉း၂၆၊သံမာကု ၁၀း၂၇)ယဇေူးသခငျ သညျ သူ၏သားတောျဘုနျးတောျကိုပငျစှနျ့၍ နှိမ့်ချရုံမက နှိမ့်ကျခံကာလူ့အဖြစ်ကိုခံယူခြင်းသည် အရာရာထက်ပင်ကြီး မားလှသောတန်ခိုးတော်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်အနေဖြင့် ယခုကဲ့သို့နှိမ့်ကျသောဘ၀ကိုမခံ ဘဲ ကယ်တင်ခြင်းအမှုကိုဖော်ဆောင်နိုင်သည်။ သို့သော် ယေဇူးသခင်အလွယ်လမ်းမလိုက်ခဲ့ပေ။ယေဇူးသခင်အနေဖြင့်သူ၏အသားကိုစားစရာအဖြစ် လူတို့အားကျွေးမွေးခြင်းသည် အပြစ်မှလွဲ၍ လူသားတစ် ဦးကဲ့သို့ကျင့်ကြံရှင်သန်ရန်ထက်အဆပေါင်းများစွာလွယ်ကူသည်။ယေဇူးသခင်အတွက် သူ၏အသားကိုစားစရာအဖြစ် လူတို့အားကျွေးမွေးခြင်းသည် အပြစ်သည်များနှင့်ထိတွေ့ ဆက်ဆံရခြင်းထက်အဆပေါင်းများစွာလွယ်ကူသည်။ယေဇူးသခင်အတွက် သူ၏အသားကိုစားစရာအဖြစ် လူတို့အားကျွေးမွေးခြင်းသည် တရားတော်နှင့်သွေဖီနေသောဘာသာရေးခေါင်း‌ဆောင်များအား တရားအမှန်သို့ပြန်၍နားလည်လက်ခံရန်သွန်သင်ခြင်းထက်အဆပေါင်းများစွာ လွယ်ကူသည်။ယေဇူးသခင်သည် သူ၏တရားနာပရိသတ်အား သူ၏အသား၊ သူသွေးကိုအမှန်တကယ်ကျွေးခြင်းမဟုတ်။ သူ သည်ခမည်းတော်နှင့်တစ်သားတည်းဖြစ်သကဲ့သို့သူ၏လုပ်ဆောင်သမျှသည် ခမည်းတာ်လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ အတူ သူ၏တရားကိုသူ၏အသား၊ သူ၏သွေးအဖြစ်ထပ်တူပြုထားသည်။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်ဘုရား၏ အလိုကိုဆောင်ခြင်းသည် သူ၏အစာဖြစ်သည်။ယေဇူးသခင်၏တရားတော်ကိုလိုက်နာခြင်းသည်လည်း သူ့အသားကိုစား သကဲ့သို့ဖြစ်သည်။ ယေဇူးသခင် ခိုင်းနှိုင်းပြောဆိုသည်ကိုသူ၏တရားနာပရိသတ်များမဆိုထားနှင့်။ဘာသာရေးခေါင်း ဆောင်များပင်လျှင်အမှတ်မှားကြသည်။အဘယ်ကြောင့်ဆိုသော်ယေဇူးသခင်က‘ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။၎င်းကိုသုံးရက်အတွင်း ငါပြန်လည်တည်ဆောက်မည်’ ဟုမိန့်သည်ကို ဂျူးဘာသာရေးခေါင်းဆောင်များနှင့်ဂျူးဘာသာ၀င်တို့က (၄၆)နှစ်ကြာတည်ဆောက်ခဲ့သော ဤဗိမာန်တော်အမှန်တကယ်ဖျက်ခိုင်းပြီးသုံးရက်အတွင်းတည်ဆောက် မည်ဟုအမှန်တကယ်ယုံကြည်၍ ယေဇူးသခင်အားအမျိုးမျိုးစွပ်စွဲခဲ့ကြသည်။ယေဇူးသခင်ဆိုလိုသည်မှာ သူ၏ခန္ဓာကိုယ် ကိုဖြစ်သည်။(သံယောဟန် ၂း၁၉-၂၁)တဖန် ယေဇူးသခင်ထံသို့ညအချိန်လာရောက်ခဲ့သော နီကိုကောဒေးမုစ်အားလည်း ဒုတိယအကြိမ်မွေးဖွားခြင်းအကြောင်းပြောရာ သူသည်ဤအသက်အရွယ်၌မိခင်၏၀မ်းဗိုက်ထဲသို့၀င်၍ဒုတိယအ ကြိမ်မွေးဖွားရမည်ဟုသဘောပေါက်ခဲ့သညျ။ယဇေူးသခငျဆိုလိုသညျမှာ သနျ့ရှငျးသောဝိညာဉျတောျ၌ ဒုတိယအကွိမျ မှေးဖှားခွငျးကိုဆိုလိုသညျ။(သံယောဟနျ ၃းရ-၈) ယခုလညျး ယဇေူးသခငျမိနျ့တောျမူသောသူ၏အသားကိုစားသညျ့ အကွောငျးအရာနှငျ့စပျလငြျး၍ ဂြူးလူမြိုးတို့သညျ လှှဲမှားစှာနားလညျ၍ ယဇေူးသခငျအပေါျ အယုံအကွညျပကြျသှားကွ သညျ။အမှနျမှာ ယဇေူးသခငျအတှကျ မလုပျနိုငျစရာမညျသညျ့အကွောငျးမြှမရှိသည်ကို မေ့လျော့နေကြသည်။   
အိုသခင်၊ တပည့်တော်တို့အား ကိုယ်တော်၏မိန့်မြတ်ချက်များကို နားလည်နိုင်စေရန် ဉာဏ်ပညာအလင်းပေးတော်မူပါ။   

Daily Reflection