Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-05-07 03:47:05
ကောင်းသောသိုးထိန်းတနင်္ဂနွေ(သို့)ပါစကားကာလ
စတုတ္ထပတ်တနင်္ဂနွေနေနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၀း၂၇-၃၀၊
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe (I.S.R)

            ဧ၀ဂေလိကျမ်းလေးစောင်အနက် သံယောဟန်၏ဧ၀ဂေလိကျမ်းသည် ကောင်းသောသို့းထိန်းအကြောင်းကိုဖော် ပြသောတစ်ခုတည်းသော ဧ၀ဂေလိကျမ်းဖြစ်သည်။ သံယောဟန်၏ဧ၀ဂေလိကျမ်းတစ်စောင်လုံး၌မဟုတ်။အခန်းကြီး(၁၀း၁-၃၀) အထိသာဖောပြထားသည်။ကောင်းသောသိုးထိန်း၏စိတ်နေသဘောထားကိုမူ သံမာတေဦး(၁၈း၁၀-၁၄၊ သံလုကာ ၁၅း၁-၇)တွင်လည်းဖော်ပြထား သည်။ကောင်းသောသိုးထိန်း၏ပုံရိပ်၊ကောင်းသောသိုးထိန်း၏စိတ်နေသဘောထား၊ကောင်းသောသိုးထိန်း၏လုပ်ဆောင်ချက်များကိုဓမ္မဟောင်း၊ဓမ္မသစ်ကာလနှစ်ခုလုံး၌အလွန်ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားသည်။အဘယ်ကြောင့် ဆိုသော် စက်မူမထွန်းကားသေးသောကာလ၌စိုက်ပျိုးရေးနှင့်မွေးမြူရေးသည်အဓိကကျသောစီးပွားရေးဖြစ်သည်။သိုးထိန်း၏ပုံရိပ်ကို ကမ္ဘာဦးကျမ်း၌ပထမဦးဆုံးတွေ့ရပါသည်။ အာဒမ်နှင့်ဧ၀တို့၏သားနှစ်ယောက်ဖြစ်သော ကိနနှင့်အာဗေလတို့အနက် ညီဖြစ်သူအာဗေလသည် သိုးထိန်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အားကျေးဇူးဆပ်တင်သောယဇ်ပူဇော်ခြင်းကိုပြုသည့်အခါ သူမွေးမြူထားသောသိုးများအနက် ဆူဖြိုးသောသိုးကိုယူလာ၍ ထာ၀ရဘုရားသခင် အားတင်လှူပူဇော်ခဲ့သည်။ဓမ္မဟောင်းကျမ်း၌သိုးကျောင်းနေရာမှဘုရားသခင်၏ရွေးချယ်ခြင်းခံရကာဘုရားသခင်၏လူမျိုးကိုဦးစီးဦးဆောင် ပြုပေးခဲ့ရသောသိုးထိန်းများရှိခဲ့သည်။ ကျမ်းစာထဲ၌လည်းဖော်ပြထားသည်။ကျမ်းစာထဲ၌ သိုးထိန်းအဖြစ်အစောဆုံးဖော်ပြခံရသူမှာအာဘေးလဖြစ်သည်။(ကမ္ဘာဦးကျမ်း ၄း၁-၇)ထို့နောက်မိုးဇက်သည်ဝရမ်းပြေးပြည်ပြေးဘဝဖြင့်သိုးထိန်း နေရာမှဘုရားသခင်၏ဆင့်ခေါ်ခြင်းကိုခံခဲ့ရသည်။ (ထွက်မြောက်ရာကျမ်း ၃)  ဂျက်ဆေ၏အထွေးဆုံးသားဖြစ်သော ဒါ ဝိတ်ဘုရင်သည်လည်းသိုးထိန်းနေရာမှပြန်လည်ခေါ်ဆောင်ခံရပြီး၊ ဂျူးလူမျိုး တို့၏ဘုရင်အလောင်းအလျာအဖြစ် သန့် ရှင်းသောဆီသွန်းလောင်းခြင်းခံခဲ့ရသည်။ (ပ ဓမ္မ ၁၆)ပရောဖက်အာမောစ့်သည်လည်းသိုးထိန်းလည်းဖြစ်ပြီး၊ စီကာမို အပင်များကိုစိုက်ပျိုးခြင်းဖြင့်အသက်မွေးသောဂျူးလူမျိုးတစ်ဦးဖြစ်သည်။(ပရောဖကျအာမော့စျ ၇း၁၄)ထိုသို့အသက် မှေးနစေဉ်ထာဝရဘုရားသခင်၏ပရောဖက်ပြုရန်ဆင့်ခေါ်ခြင်းခံခဲ့ရသည်။ဓမ္မသစ်ကျမ်း၌မူ ယေဇူးသခင်၏မွေးဖွားခြင်းအကြောင်းကို သိကြားတမန်တော်က ဦးစွာတော၌ လှည့်လည်၍ သိုးများကျောင်းနေကြသောသိုးထိန်းများအား ကြားသိစေခဲ့သည်။အဘယ်ကြောင့်ဆိုသော်သိုးထိန်းတို့သည်ပညာမဲ့သော အခြေခံလူတန်းစားဖြစ်သည်။မြို့ပြလူတန်းစားများအား ဉာဏ်နီဉာဏ်နက်ဖြင့်လိမ့်လည်တတ်ကြသူများမဟုတ်။ ထို့ ကြောင့်သိုးထိန်းတို့အားဤ၀မ်းမြောက်စရာသတင်းကောင်းကိုကြားသိစေပြီး၊ ကြေငြာခိုင်းလျှင် လူများပို၍ယုံကြည်ကြ မည်။ ရိုးသားမှုအရင်းခံရှိနေသောကြောင့်ဖြစ်သည်။ယနေ့ ဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်သည်လည်း မိမိကိုယ်ကိုကောင်းသောသိုးထိန်းဟုရည်ညွှန်းထားသည်။ သူ၏သိုးများသည် သူ၏အသံကိုမှတ်မိသည်ဟုလည်းမိန့်ကြားထားပါသည်။အဘယ်ကြောင့်နည်း။ယေဇူးသခင်သည် သူ၏တရားကိုဟောကြားရာ၌ ထင်ယောင်ထင်မှားဖြစ်အောင်‌ဟောကြားလေ့မရှိ။တိကျသည်။ ပြတ်သားသည်။ရှင်းလင်းသည်။နားလည်လွယ်သည်။ လက်တွေ့ကျသည်။လူများနားလည်ရန်ခက်ခဲသောတရားများကိုမပေး။လူများလိုက် ကျင့်ကြံရန်ခက်ခဲသောလမ်းစဉ်ကိုမလျှောက်ထို့ကြောင့် သူ၏သိုးများသည် သူ၏တရားကို နားယဉ်ပါးနေသည်။သူ၏ နောက်သို့လိုက်ရန်လွယ်ကူနေသည်။အဘယ်သူ၏အသံကိုမျှဆက်လက်နားယောင်ခြင်းမရှိတော့ပေ။
အိုသခင်၊ကိုယ်တော်၏ တရားတော်လမ်း၌တည်မြဲစွာလျှောက်နိုင်စေတော်မူပါ။ကိုယ်တော်၏အသံကိုသာ အာရုံစိုက် နားစွင့်ထောင်နိုင်စေတော်မူပါ။        

Daily Reflection