ပါစကားကာလစတုတ္ထတနင်္လာနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၀း၁-၁၀၊
Rev. Fr. Cle Pike
Posted by Sr. B.Myat Hnin Nwe (I.S.R)
ယေဇူးသခင်နှင့်အတူ ကာလဝါရီတောင်ပေါ်၌ လကြာျဖကျတှငျတငျသတျခံရသောသူခိုးအား သူ၏ဘ၀တစ် လျှောက်လုံး၌ ခိုးဆိုးလုယှက်ဓားပြတိုက်၍ အသက်မွေး၀မ်းကျောင်းပြုခဲ့သည်။ ထို့အတူ ကောင်းကင်နိုင်ငံတော်ကို လည်း သူခိုးကျင့်သူကြံ၍၀င်ရောက်ခဲ့သည်ဟုပြောဆိုကြသည်။ကောင်းကင်နိုင်ငံတော်သို့၀င်ရောက်နိုင်ရန်မှာ ဖြတ်လမ်းနည်းမရှိပါ။ ယေဇူးသခင်ကိုယ်တော်တိုင် ကယ်တင် ခြင်းအမှုတော်ကိုဖော်ဆောင်ရန်အတွက် စေလွှတ်ခြင်းကိုခံယူရာ၌ ခမည်းတော်ဘုရားသည် ဖန်းဆင်းခြင်းကိုမခံစေဘဲ မွေးဖွားခြင်းကိုသာခံယူစေခဲ့သည်။ ကက်သလစ်သာသနာတော်ကြီး၏ ဤသွန်သင်ချက်သည် အလွန်နက်ခဲသောယုံ ကြည်ရာအချက်တစ်ခက်ဖြစ်သည်။ ဤအချက်ကိုလေးနက်စွာထောက်ရူဆင်ခြင်မိသူသည် ၀ိညာဉ်ရေးအသက်တာကို လည်းကောင်း၊ ကောင်းကင်နိုင်ငံကို၀င်ရောက်ရန် အလွယ်နည်း၊ ဖြတ်လမ်းနည်းကိုအချိန်ကုန်ခံစောင့်ဆိုင်းနေမည်မ ဟုတ်ပါ။ ဤယုံကြည်ခြင်းအချက်ကို ရွတ်ဆိုပူဇော်စေသည်မှာလည်း အကြောင်းမဲ့မဟုတ်ပေ။ ဘ၀၏နောက်ဆုံးအချိန်မှ ကောင်းကင်နိုင်ငံတော်သို့၀င်ရောက်ခွင့်ရခဲ့သော ယေဇူးသခင်၏လကျာ်ဖက်မှသူခိုးသည် ကောင်းသောသူခိုးမဟုတ်။ ကောင်းသောသူခိုးဟူ၍မရှိ။ ဤသို့သုံးနှုန်းခြင်းသည်လည်း အယူအဆအလွှဲကိုဖြစ်စေနိုင်သည်။ မှန်ကန်သောအသုံးအ နှုန်းမှာ နောင်တရသောသူခိုးသာဖြစ်ပါသည်။ အဆိုပါသူခိုးသည် နောင်တရသောကြောင့်သာ ကောင်းကင်နိုင်ငံသို့၀င် ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤအချက်ကိုထောက်၍လည်း နောင်တတရားသာရပါလျှင် ဘုရားသခင်ခွင့်မလွတ်နိုင်သော အပြစ်မရှိ။ နောင်တတရားသာရပါလျှင် ဘုရားသခင်ခွင့်မလွှတ်နိုင်သောအခြေအနေ၊ အချိန်အခါမရှိသည်ကိုသိနိုင်သည်။ နောင်တတရားသည် ယေဇူးသခင်၏တရားတော်အစ၌ပင်ကြေညာမောင်းခတ်ထားသော ကယ်တင်ခြင်းသို့ရောက်နိုင် သည့်နည်းလမ်းဖြစ်သည်။ လမ်းကြောင်းအမှန်ဖြစ်သည်။ထို့အတူပင် အိမ်ထောင်ရေးဖောက်ပြန်နေသောအမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာသောဂျူးဘာသာ ရေးခေါင်းဆောင်များ၏လုပ်ရပ်အပေါ် ယေဇူးသခင်က အမျိုးသမီးဖက်မှရပ်တည်ပေးမှုကိုအချို့က ယေဇူးသခင်သည် မည်သည့်အပြစ်ဒဏ်ကိုမျှမချမှတ်ဘဲခွင့်လွှတ်ပေးလိုက်သည်ဟု အပေါ်ယံမျှကြည့်၍ထောက်ရူကြသည်။ အချို့ကားယေ ဇူးသခင်သည် အပြစ်ကိုလွယ်ကူစွာခွင့်လွှတ်ပေးသည်ဟုအလွယ်တွက်ကြသည်။ အမှန်မှာ ယေဇူးသခင်သည် အမျိုးသမီး အားဖမ်းဆီးလာသောဂျူးဘာသာရေးခေါင်းဆောင်များနှင့်လူအုပ်ကြီးအား ‘သင်တို့တွင် အပြစ်ကင်းသူသည် ဦးစွာပထမ သူကိုကျောက်ခဲနှင့်ပေါက်စေ’ ဟူ၍ လည်းကောင်း၊အပြစ်ကျူးလွန်သည်ဟုစွပ်စွဲခံရ သောအမျိုးသမီးအား‘ငါသည်လည်း သင့်အားအပြစ်ဒဏ်မစီရင်တော့ပြီ။ သွားလော့။ နောက်တစ်ဖန် အပြစ်မပြုလေနှင့်’ ဟူ၍လည်းကောင်းမိန့်တော်မူ၏။(သံယောဟန် ၈း၇၊ ၁၁) မိမိ၏အပြစ်ကိုမိမိပြန်လည်ဆင်ခြင်မိရန်သည် အလွန်ခက်ခဲသည်။ အတော်များများမလုပ်ချင် ကြ။ လုပ်လျှင်ပင် အပေါ်ယံမျှသာပြုလုပ်လေ့ရှိသည်။ထို့အတူနောက်နောင်အပြစ်မပြုတော့ရန်ဟူသည်မှာအဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်နည်။ဘ၀နှင့်ဆပ်ဖြေရသောအပြစ်ဒဏ်ဖြစ်သည်။ယနေ့ဖတ်ကြားထောက်ရူသော ဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်ကသိုးကောင်းမှန်လျှင် သိုးခြံတံခါး၀မှမ၀င်ဘဲ အခြားနည်းဖြင့်၀င်နိုင်သောလမ်းမရှိ။တစ်နည်းဆိုရသော် ဖြတ်လမ်းမရှိ။ထိုသို့ကျော်တက်သောသူသည် သူခိုးဓားပြဖြစ်သည်။အချို့သည် ၀ိညာဉ်ရေးကျင့်စဉ်ကိုလည်းကောင်း၊ဘာသာရေး၀တ္တရားများကိုလည်းကောင်းဖြတ်လမ်းနည်းဖြင့်လျှောက်လိုကြသည်။ယေဇူးသခင်ပင်လျှင်ဖြတ်လမ်းကိုမလိုက်၊မဖောက်၊မလျှောက်ခဲ့ဘဲ လူသားများဖောက်လျှောက် ရန်ကြိုစားခြင်းသည် တရားနည်းလမ်းမကျလှပေ။
**အိုသခင်၊ ကိုယ်တော်သည် ဘုရားဖြစ်သော်လည်း ဖန်ဆင်းခြင်းမခံ၊ မွေးဖွားခြင်းခံခဲ့သည်ကို တပည့်တော်တို့အားဆင်ခြင် စေ၍ ၀ိညာဉ်ရေးအသက်တာ၌ ဖြတ်လမ်းနည်းကိုမကျင့်သုံးမိစေရန်အလင်းပေးတော်မူပါ။